တာတာ စလင်း နစက စခန်းပေါ်တွင် တွေ့ရ

တာတာ စလင်း နစက စခန်းပေါ်တွင် တွေ့ရ
ရခိုင်ပြည်မြောက်ပိုင်း နယ်စပ်တလျှောက်ရှိ နယ်စပ်လုံခြံုရေး စခန်းနှင့် ကင်းစခန်းများ၏ ခေါင်မိုးပေါ်တွင် အိန္ဒိယ စတာလိုက် ကုမ္ပဏီ တခုဖြစ်သော တာတာ စလင်းများကို သြဂုတ်လဆန်ပိုင်း မှ စ၍ တွေ့ရှိနေရ ...

ရခိုင်ပြည်မြောက်ပိုင်း နယ်စပ်တလျှောက်ရှိ နယ်စပ်လုံခြံုရေး စခန်းနှင့် ကင်းစခန်းများ၏ ခေါင်မိုးပေါ်တွင် အိန္ဒိယ စတာလိုက် ကုမ္ပဏီ တခုဖြစ်သော တာတာ စလင်းများကို သြဂုတ်လဆန်ပိုင်း မှ စ၍ တွေ့ရှိနေရကြောင်း နစကနှင့် နီးစပ်သူတဦး၏ပြောပြချက်အရ သိရှိရသည်။

မြန်မာ ဘင်္ဂါလာ နယ်စပ်တလျှောက်တွင် နယ်မြေစခန်း ၉ ခု နှင့် ကင်းစခန်း ၂၅ ခုရှိ ကြောင်း၊ ၎င်းစခန်းရှိ တာဝန်ခံများသည် ၎င်းတို့နယ်မြေအတွင်း တာတာ စလင်း တပ်ဆင်ပြီးနောက်ပိုင်းတွင် သတင်းထိန်းချုပ်ခြင်းနှင့် ၀င်ငွေရှာဖွေခြင်းများကို ပြုလုပ်နေ ကြောင်းကို ၎င်းကပင် ဆက်လက်ပြောဆိုသည်။

သြဂုတ်လဆန်းပိုင်းမှစ၍ နစက စခန်းအသီးသီးရှိ တာဝန်ခံများသည် ၂ ပေ ကျယ်သော တာတာစလင်းများကို စခန်းခေါင်းမိုးပေါ်တွင်တင်ပြီး ၀င်ငွေရရှိရန်အတွက် ပြည်သူ့လူထု အား ဗီဒီယို ရုပ်ရှင်၊ ဘော်လုံးပွဲများ နှင့် တခြားအထူးအစီစဉ်များကို ငွေကြေးယူပြီး ပြသနေ ကြောင်း ကျေးရွာ ရယက အဖွဲ့ဝင်တဦးက ပြောဆိုသည်။

ယ္ခုအခါ နစက အရာရှိများသည် ၎င်းတို့စခန်းသို့ ဘော်လုံးပွဲကြည်ရန် လာရောက်သူများ ကို  ဗီဒီယိုရုံးအတွင်း တဦး နှင့် တဦး လောင်းကစားရန် ခွင့်ပြု၍ အကောက် ကောက်ခံပြီး တမျိုးတပြန် ၀င်ငွေ ရှာဖွေနေကြောင်း ၎င်း ရယကမှပင် ပြောဆိုိသည်။

တဖန် နစက အရာရှိများ နှင့် လူယုံတော်များသည် လောင်းကစားပွဲတွင် ဒိုင်ခံပြီး၊ ကျေးရွာ ပြည်သူ့များထံမှ ငွေများ ကို တနည်းတဖုံး ၀င်ငွေရှာဖွေ နေကြောင်း ၎င်းမှပင် ပြောဆို သည်။

၎င်းနစက ဗီဒီယိုရုံးတွင် ၀င်ကြေးများ ကောက်ခံ၍ ၎င်းရုံးဝင်ခများမှာ အဆမတန် မြင့်မားနေသော ကြောင်း ဆင်းရဲသားပြည်သူ့များ မ တတ်နိုင်ကြောင်း၊ ဘော်လုံးပွဲ့ ကြည့်ရန်သွားသောကျောင်းသားတဦးမှာ ငွေ ၅၀၀ ကျပ်မရှိ၍ မကြည်ရကြောင်း ပြောပြသည်။

နစကအရာရှိများသည် ဘင်္ဂါလာဒေးရှ်နိုင်ငံ ရှိ တာတာ ကိုယ်စာလှယ်များမှတဆင့် စလင်း များကို တပ်ဆင်ကြပြီး၊ စလင်းတခုအတွက် ကုန်ကျစရိတ်များမှာ မြန်မာငွေ ကျပ် ၃ သိန်း ( ဘင်္ဂါလာငွေ ၂ သောင်းမှ ၃ သောင်း) ထိ ပေးရကြောင်း နစက နှင့် နီးစပ်သူတဦး၏ ပြောပြချက်အရ သိရသည်။
နစက အရာရှိများသည် ၎င်းဒေသအတွင်းရှိ ဗီဒီယိုရုံးများကို ပိတ်ပင်ထားပြီး၊ ၎င်းတို့မှ တဆင့် ကြည့်ရှူနိုင်ကြောင်း၊ ၎င်းအတွက် အခကြေးငွေများ ပေးရကြောင်း၊ ပြည်သူများ အား တာတာ စလင်း တပ်ဆင်ခွင့်ကိုလည်း ပိတ်ပင်ထားသည့်အတွက်  နိုင်ငံခြား သတင်းမိဒီယာများ၏ သတင်းများ ထိန်းချုပ်ရာလည်း အရာ ရောက်ကြောင်း  မောင်တော မှ ကျောင်းဆရာတဦး၏ပြောပြချက်အရ သိရသည်။

တာတာ စတာလိုက် ကုမ္ပဏီ သည် အိမ်တိုင် အရောက် တိကျ ကောင်းမွန် ကြည်လင် ပြတ်သားသော ရုပ်သံများကို ထုတ်လုပ်သည် စတာလိုက် ကုမ္ပဏီ တခုဖြစ်သည်။