အစိုးရစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား

အစိုးရစစ်တပ်မှ ကချင်လူငယ် ၃ ဦးအား မီးရှို့သတ်ထား
by -
ကေအဲန်ဂျီ

ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မလွန်ဘန်းခါးကျေးရွာနေ ရွာသားသုံးဦး အပါအဝင် ရွာသားလေးဦးကို အစိုးရစစ်တပ်က ဖမ်းဆီးသွားခဲ့ပြီး ခုနှစ်ရက်ကြာ ပျောက်ဆုံးနေခဲ့ရာမှ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေ သည့် အလောင်းများကို ဇန်နဝါရီလ ၃၁ ရက်က တွေ့ရှိခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာရှိ ဆရာဂျာခွန်းအောင်က ပြောသည်။

“သူတို့က ရွာကနေ ထွက်လာတဲ့အချိန် စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းသွားတယ်။ ရွာသားတွေ တိုက်ပွဲငြိမ်တဲ့ နောက်ပိုင်း ပျောက်သွားတဲ့ လူတွေကို သွားရှာတဲ့အခါ မီးရှို့သတ်ထားတာ တွေ့လို့ ရွာသားတွေနဲ့ ဆရာတွေကို ပြန်သွား ခေါ်ပြီးတော့ မနေ့က (ဇန်နဝါရီလ ၁ရက်) သူတို့သေဆုံးနေတဲ့ လောခွမ်ဘွမ် (Law Hkum Bum) မှာ သွားသဂြိုလ်လိုက်တယ်” ဟု သူက ပြောသည်။

Malun Bum Hka mare masha 4 sat hkrum

သေဆုံးသူ လေးဦးထဲမှ မူဆယ်-နမ်ဖတ်ခါကားလမ်းပေါ်ရှိ မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာနေ မောင်လထော်ခွန်ဖုန်း (၁၈ နှစ်) (Shd. Lahtaw Hkun Hpung)၊ မောင်မဟောလဂျာ (၂၁ နှစ်) (Shd. Mahkaw La Ja)၊ မောင်မရန်ယောဟန်(၂၀နှစ်) (Shd. Maran Yaw Han) တို့သည် ဇန်နဝါရီလ ၂၅ ရက်က ၄င်းတို့ ကျေးရွာမှအနီးရှိ မီးသွေးဖုုတ်ဖိုသို့ အလုပ်လုပ်ရန် သွားရာမှ လမ်းတွင် အစိုးရ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ၄င်းတို့သုံးဦးနှင့်အတူ လိုက်ပါသွားခဲ့သော ကိုမရန်လဒွဲ (Maran La Doi) မှာမှု ဖမ်းဆီးမှုမှ ထွက်ပြေး လွတ်မြောက်လာခဲ့သည်ဟု မလွန်ဘွမ်ခါး (Malun Bum Hka) ကျေးရွာမှ မဘောက်ဆန့် (Shy. Bawk San) က ကချင်သတင်းဌာနသို့ပြောသည်။

“သူတို့ကို ဇန်နဝါရီလ ၂၅ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဖမ်းသွားတယ်။ အစိုးရစစ်တပ်က ဖမ်းသွားတယ် ဆိုတာ သိရတယ်။ ခွန်ဖုန်းရဲ့ သူငယ်ချင်း လဒွဲက ထွက်ပြေးလို့ ပြန်လွတ်လာတယ်။ သူက ဒူးမှာ သေနတ် တစ်ချက် ထိသွားတယ်” ဟု သူက ပြောသည်။

ထို သုံးဦးကို ကျေးရွာသားများ ပြန်လည် ရှာဖွေခဲ့ရာမှ  ဟူဖြတ်ကျေးရွာနေ ဦးဒွဲရိန်အလောင်းနှင့် အတူတကွ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆရာဂျာခွန်းအောင် (Sara Ja Hkun Awng) က ဆက်ပြောသည်။

ထိုကျေးရွာသား ၄ ဦး မီးရှို့ခံရကာ သေဆုံးခဲ့သည့်အတွက် သူတို့၏အလာင်းများအား ဒေသခံများ မှ ပြန်လည် မြှုပ်နှံသည့် ဓါတ်ပုံများကို အင်တာနက် လူမှုကွန်ယက်တွင်လည်း ပြန့်နှ့ံနေသည်ကို တွေ့ရသည်။

သေဆုံးသူ လေးဦး အမှုနှင့်ပတ်သက်၍ မည်သို့ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေမှု ရှိမရှိ မေးမြန်းခဲ့သော်လည်း အဆိုပါ အမှုနှင့်ပတ်သက်၍ မသိကြောင်း မူဆယ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြန် လည်ဖြေကြားခဲ့ သည်။

Most read this week