ဖားကန့် ကျောက်စိမ်းမှော် ပြည်သူများ အသက်လုံခြုံမှုရှိရေး ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆို

ဖားကန့် ကျောက်စိမ်းမှော် ပြည်သူများ အသက်လုံခြုံမှုရှိရေး ဒေသခံ ၂၀၀၀ ကျော် ဆန္ဒပြ တောင်းဆို
by -
ကေအဲန်ဂျီ

ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်၌ ဒေသခံ ပြည်သူများ အသက်လုံခြံုမှု ရှိနေစေရန်နှင့် တောက်ပ ကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် သတ်ဖြတ်ခံရသည့် ဦးဂွမ်ဂျာအောင် (ခေါ်)ဇယ်လွမ်း သေဆုံးသွားမှုနှင့် ပတ်သက်၍ မကျေနပ်သဖြင့် ဖားကန့် ဒေသခံ ၂၀၀၀ ကျော် လမ်းလျှောက် ဆန္ဒပြခဲ့သည်ဟု ဆန္ဒပွဲတွင် ပါဝင်ခဲ့သူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG မှ ဒုဥက္ကဌ ဦးစာဂျီ က ပြောသည်။

“ပြည်သူတွေရဲ့ အသက်လုံခြံုမှု မရှိတော့ဘူးဆိုတဲ့အတွက် သူတို့ရဲ့ဆန္ဒအတိုင်း ဖော်ထုတ်ကြတာ ဖြစ်တယ်။ အခုလို ကုမ္ပဏီတွေ ဝင်လာတော့ လူထုအတွက်တော့ အသက်မွေးဝမ်းကျောင်းက တော်တော်စိုးရိမ်ဖွယ် အနေအထား ဖြစ်လာပြီ။ ဖားကန့်က မတွေးဝံ့စရာဘဲ။ ဒေသခံ လက်လုပ် လက်စားတွေအတွက်က အကျိုး အမြတ် မရှိတဲ့အပြင် လူမှုကျိုးဆိုး ပြဿနာပေါင်းစုံ ဖြစ်လာနိုင်တယ်” ဟု သူက ပြောသည်။

Yemase-jade-and-Hpakant-in-Kachin-state

ဖားကန့်မြို့“ဝဂျေမှော်” ကျောက်စိမ်းမှော်၌ တောက်ပကြယ် ကုမ္ပဏီ၏ ကရိန်းဖြင့် ကုတ်မိ ၍တွေ့ရှိခဲ့သော ဦးဖုတ်လောင် ဂွမ်ဂျာအောင် (ခေါ်) ဇယ်လွမ်း သေဆုံးသွားမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၀ ရက် နံနက် ၉ နာရီမှာ ၁၂ နာရီထိ ဖားကန့် မရှီကထောင်၊ ငှက်ပျောတော၊ ဘူသဲကုန်း၊ ဆေးရုံ၊ ရဲစခန်း၊ ကလပ်ကုန်း၊ မဏိဇေရုံ ဘုန်းကြီးကျောင်းနှင့် ဥရုချောင်းတံတားထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြသည်ဟု ဆန္ဒဖော်ထုတ် ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒဖော်ထုတ်သော ဗီနိုင်းပိုစတာအများအပြား ကိုင်ဆောင်ရာတွင် အောက်တိုဘာလ ၃၁ ရက်က သေဆုံး သွားသူ ဦးဂွမ်ဂျာအောင်၏ ရုပ်အလောင်းကပ်ထား၍ လူသားမဆန်စွာသတ်ဖြတ်ခဲ့သော တောက်ပကြယ် ကုမ္ပဏီကိုအမြန်ဆုံး ဖြတ်သိမ်းရေးရန်ဟူသော စာတမ်းကိုမူ ဖားကန့်မြို့နယ် ယာယီရဲမှူးက ရုပ်သိမ်းခိုင်း ခဲ့သဖြင့် ဆန္ဒပြ ခေါင်းဆောင် ဆရာလမောင် လတောင်နှင့် အငြင်းအခုံ ဖြစ်ပွားခဲ့သဖြင့် ရုပ်သိမ်းပေးခဲ့ရ သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်သူ ပြည်နယ်သားများအားလုံးက မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ရှိ မူလပိုင်ရှင်ဖြစ် သည်၊ ပြည်သူ အသက်အိုးအိမ်ကာကွယ်ပေးရေး၊ ပြည်နေသူ ပြည်နယ်သားများဘဝ လုံခြံုရေး၊ ဝမ်းနည်း ကြေကွဲခြင်း မိသားစု အတိုင်းများနှင့်ထပ်တူ ခံစားရပါသည်၊ ကုမ္ပဏီသည် ဒေသခံများအတွက် အကျိုးခံစားခွင့် မရှိသဖြင့် ဖျက်သိမ်းပေးရမည်၊ လူမဆန်စွာသတ်ဖြတ်ခဲ့သည့် တောက်ပကြယ်ကုမ္ပဏီကို အမြန်ဆုံးရုပ်သိမ်းပေးပါ ဟူသော အချက်များကို တောင်းဆိုခဲ့သည်ဟု သိရသည်။

လက်ရှိ ဖားကန့်ဒေသခံများ လယ်ယာများ လုပ်ကိုင်စားသောက်မည့် နေရာမရှိသဖြင့် သာမန် လက်လုပ် လက်စားများမှအစ ရေမဆေးရှာ၍ အသက်မွေးဝမ်းကျောင်းလုပ်နေရကာ ကုမ္ပဏီများ ဆက်လက် ဝင်ရောက်လာပါက သဘာဝ ပတ်ဝန်းကျင် ပိုမိုဆိုးဝါးနေခြင်း၊ ငြိမ်းချမ်းရေး ရရှိရန် လွယ်ကူမည့် အခြေအနေ မရှိသေးကြောင်း KDNG အဖွဲ့ သုံးသပ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါရှိသော “နိုင်ငံတော်သည် မြေပေါ်မြေအောက် သံယံဇာတ အကုန်လုံး၏ ပိုင်ရှင်ဖြစ်သည်” အစား “ဖားကန့်ဒေသခံများက ကချင်ပြည်နယ်သားများသည် ကချင်မြေ၏ မြေပေါ်မြေအောက် ရေပေါ်ရေအောက် ရှိသမျှသော သံယံဇာတ၏ ပိုင်ရှင်ဖြစ်သည်” နှင့် “နိုင်ငံပိုင်” ဟု ခေါ်ဆိုမှုကိုလည်း “ကချင်ပြည်နယ် ပိုင်သံယံဇာတ စီမံကွပ်ကဲမှုကို ကချင်ပြည်နယ် အစိုးရမှ လုပ်ပိုင်ခွင့်ရှိ ဥပဒေ ပြဌာန်းပေးစေလိုကြောင်း ဦးဆောင်သူ ဆရာလမောင်လတောင် က ပြောဆိုခဲ့သည်။

ကမ္ဘာပေါ်တွင် တန်ဖိုးကြီး ကျောက်စိမ်းများ ထွက်ရှိရာ ဖားကန့်ကျောက်စိမ်းမှော်တွင် တရုတ်နိုင်ငံသားများနှင့် အစိုးရ ဗိုလ်ချုပ်များသာ လာရောက် လုပ်ကိုင်နေပြီး ဒေသခံပြည်သူများအတွက် မည်သည့်အကျိုးမှ မခံစားရဘဲဆင်းရဲ့မွေးတေနေရသဖြင့် ဆန္ဒဖော်ထုတ်ကြမည်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်က “ဝဂျေမှော်” တွင် တောက်ပကြယ် ကုမ္ပဏီမှ မြေစာလာချစဉ် ကရိန်းကားဖြင့် မြေကြီးများနှင့်အတူ ကုတ်မိ၍ ခန္ဒကိုယ်၊ လက်၊ ခေါင်း၊ ခြေထောက်အပိုင်း လေးပိုင်းပြတ်ေ နသော ဦးဖုတ်လောင် ဂွမ်ဂျာအောင် ခေါ် ဇယ်လွမ်း အလောင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တောက်ပကြယ် ကုမ္ပဏီက ဖားကန့်ကချင်စာပေနှင့် ယဉ်ပေးမှုအဖွဲ့နှင့် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး မောင်ဖုတ်လောင် ဂွမ်ဂျာအောင် သေဆုံးမှု နစ်နာကြေးအဖြစ် ကျပ်သိန်း ၄၀၀ ပေးမည်ဟု ပြောဆိုထားသည်ဟု ဦးစာဂျီ ကပြောသည်။

Most read this week