ကချင်ဒုက္ခသည်များကို တရုတ်အစိုးရအကူညီပေးမည်

ကချင်ဒုက္ခသည်များကို တရုတ်အစိုးရအကူညီပေးမည်
by -
ကေအဲန်ဂျီ

တရုတ်အစိုးရသည် လူသားချင်းစာနာထောက်ထားမှုအကူအညီအဖြင့် ကချင်စစ်ပြေးဒုက္ခသည်များကို အကူအညီပေးမည်ဖြစ်ကြောင်း ဖေဖဝါရီ ၁၉ ရက်နေ့ တရုတ်သံရုံးသတင်းထုတ်ပြန်ချက်အား ရှင်ဟွာသတင်း ဌာနက ရေးသားဖော်ပြထားသည်။

ကချင်စစ်ပြေးများအတွက် အကူအညီပေးသည့်ကားကြီးများသည် ဖေဖော်ဝါရီလ ၂၂ (သို့) ၂၃ ရက်နေ့တွင် တရုတ်- ကန်ပိုင်တီနယ်စပ်၌ မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့အား ပေးအပ်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

china aid

တရုတ်အစိုးရမှ လူသားချင်းစာနာမှု အကူအညီကို ဒေါ်လာ ၈၁၆.၃၃ သန်း ကူညီသွားမည် ဖြစ်ပြီး ၎င်းမော်တော်ယာဉ်တန်းများကို တရုတ်ပြည် ကူမင်းမြို့တွင်ကူညီမည့်ပစ္စည်းပုံများဖြင့် ရှင်ဟွာသတင်း ဖော်ထားသည်ကို တွေ့ရှိရပါသည်။

ကူညီထောက်ပံ့မည့်ပစ္စည်းများသည် ဆန်၊ ဆီ၊ ဆား၊ သကြား၊ စောင်၊ ဆေးဝါများနှင့် အခြားအသုံးအဆောင် ပစ္စည်း ၁၀ မျိုးပါသော သေတ္တာများဖြစ်ပြီး အိမ်ထောင် စု ၁ သောင်း အတွက် ရှေးဦးစွာ ကူညီပေးမည် ဖြစ်ကြောင်းသိရှိရသည်။

သို့သော် ထိုကူညီရေးပစ္စည်းများအား မည်သည့် ဒေသမှ ကချင်စစ်ပြေးဒုက္ခသည်စခန်းများအား ဦးစွာကူညီသွားမည်ကိုမူ မသိရှိသေးပေ။

အစိုးရနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကြား တိုက်ပွဲများကြောင့် ၃ နှစ် ခန့် စစ်ပြေးဒုက္ခသည်အဖြစ်ခိုလှုံ နေသူများသည် KIO ထိန်းချုပ်နယ်မြေတွင် ၈ သောင်းကျော်နှင့် အစိုးရထိန်းချုပ်နယ်မြေတွင် ၃ သောင်းကျော် စုစုပေါင်း ၁ သိန်းကျော်ရှိကြောင်း သိရှိရသည်။

Most read this week