KIA နယ်မြေသို့ အစိုးရတပ် အားဖြည့်တိုးချဲ့လှုပ်ရှားဆဲ တိုက်ပွဲများဆက်ဖြစ်

KIA နယ်မြေသို့ အစိုးရတပ် အားဖြည့်တိုးချဲ့လှုပ်ရှားဆဲ တိုက်ပွဲများဆက်ဖြစ်
by -
ကချင်သတင်းဌာန

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄) နယ်မြေ ပန်ဆိုင်း (ကြူကုတ်) ဒေသ KIA ကချင်ပြည်သူ့စစ် MHH တပ်ခွဲ(၅) တပ်ချထားသော ဆိုင်းထူခက် (Seng Htu Hkyet) စခန်းအောက်တွင် ယနေ့နံနက် မိုးမလင်းမီ အစိုးရတပ်မှ ထိုးစစ်ဆင်လာသောကြောင့် နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်ခွဲ (၅) တပ်ခွဲမှူးဇော်ဆိုင်းပြောသည်။

“သူတို့အရင်လာပစ်တာ အဝေးကနေပစ်လာတာ တဆင့်တဆင့် တိုးတိုးလာပြီး ပစ်နေတာ ကျွန်တော်တို့လည်း ၄၊ ၅ နေရာကနေ ပစ်လာတော့ သူတို့ဘက်က ပြန်ဆုတ်သွားပြီး ခလွမ်ရွာ (Hka Lum) ထဲပြန်ဝင်သွားတာ” ဟုဆိုသည်။

KIA နယ်မြေသို့ အစိုးရတပ် အားဖြည့်တိုးချဲ့လှုပ်ရှားဆဲ တိုက်ပွဲများဆက်ဖြစ်

အဆိုပါ အစိုးရတပ်များသည် စစ်အင်အား ၃၀ ကျော်ရှိ ခြေလျင်တပ်ရင်း (၆၉၊ ၅၇) တပ်ပေါင်းစုဟုယူဆရပြီး ကချင်ပြည်သူ့စစ် တပ်ခွဲ (၅)နှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း  နှစ်ဖက်တပ်မှ ထိခိုက်ဒဏ်ရာမရှိကြောင်း သိရသည်။ ခလွမ် (Hka Lum) ရွာသည် အိမ်ခြေ ၄၀ ကျော် ရှိပါသည်။

ယခုအခါတပ်မဟာ (၄) အပြင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ဗဟိုဌာနချုပ်နယ်မြေ လိုင်ဇာမြို့တဝိုက် တွင်လည်း မြန်မာစစ်တပ် တိုက်ဂျက်လေယာဉ်နှင့် ဇူလိုင်၂၇၊ ၂၉ ရက်အတွင်း ၃ ကြိမ်ဖြတ်သန်းသွားခဲ့ပြီး ဗန်းမော်ဘက်မှ လက်နက်ကြီးများ တင်ဆောင်လာသော အစိုးရကား စစ်ကား ၁ စင်းကို လိုင်ဇာအနီး ၎င်းတို့စစ်ခန်း ခြေလျင်တပ်ရင်း ခလရ (၁၄၂) သို့ ပို့ဆောင်ထားကြောင်း KIA တပ်မဟာ (၅) မှ သိရသည်။ KIA နယ်မြေ အသီးသီးတွင် အစိုးရတပ်များသည် နေ့စဉ်စစ်အင်အားများတိုးချဲ့နေပြီး တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြောင်း သိရသည်။

အစိုးရတပ်များလှုပ်ရှားမှုများလာခြင်းနှင့် ပတ်သက်၍ နှစ်ဖက်ဆက်ဆံရေးတွင် ထိခိုက်လာနိုင်သည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (Sumlut Gam) KNG ကချင်သတင်းဌာန သို့ပြောသည်။

“ဇူလိုင် ၂၃ ရက်နေ့မှာလည်း မြစ်ကြီးနား KIO ရုံးဖွင့်ပွဲ လုပ်တဲ့ချိန် တိုက်ပွဲတွေဖြစ်နေတယ်။ အဲဒါကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်းမင်းနဲ့ ဦးအုန်းမြင့်ကို ဆွေးနွေးနေချိန်မှာ တိုက်ပွဲတွေဖြစ်နေရင် ထိခိုက်မှုတွေရှိလာနိုင်တယ်။ ပြီးတော့ Technical Team ရုံး လုပ်ငန်းများလုပ်လာချိန်မှာလည်း ထိခိုက်မှုတွေရှိလာမယ်။ နေပြည်တော် သက်ဆိုင်ရာကို ညွှန်ကြား ပေးဖို့ပြောလိုက်တာ။ အခုထိ ပြန်အကြောင်းကြားလာတာ မရှိသေးဘူး။ အဲဒီနေ့ကနေ တိုက်ပွဲတွေဖြစ် နေတယ်။ စစ်အင်အားတွေတိုးချနေတယ် အခုထိပဲ” ဟု ပြောသည်။

ကချင်ပြည်နယ် KIA တပ်ရှိရာ နယ်မြေများတွင် အစိုးရတပ်ဖက်မှ စစ်အင်အားများတိုးချထားဆဲဖြစ်သော ကြောင့် လှုပ်ရှားမှုများလည်းရှိနေပြီး နှစ်ဖက်တိုက်ပွဲများသည် ဆက်လက်၍ တင်းမာလာနိုင်သည့်အခြေအနေ ဖြစ်သည်ဟု KIO ဘက်မှ သုံးသပ်သည်။

နှစ်ဖက်ဆွေးနွေးမှုများ ပြေပြစ်ချောမောလာစေရန် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ Technical Advisory Team ကို မကြာသေးမီက တရားဝင်ရုံးကို မြစ်ကြီးနားတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သော်လည်းတင်းမာနေဆဲဖြစ် သည်။

Most read this week