KIA အား လေကြောင်းဖြင့် တိုက်ခိုက်ရန် အစိုးရ ရှေ့တန်း တပ်များက တောင်းဆိုလာ

KIA အား လေကြောင်းဖြင့် တိုက်ခိုက်ရန် အစိုးရ ရှေ့တန်း တပ်များက တောင်းဆိုလာ
by -
ကချင်သတင်းဌာန

ထိုးစစ်အတွက် ရှေ့မတိုးသာဖြစ်နေသော အစိုးရ တပ်ဖွဲ့များသည် စစ်ဆင်ရေး အခြေအနေကို ပြောင်းလဲပစ်ရန် လေကြောင်း စစ်ဆင်မှုကိုပါ အသုံးပြုလာဖွယ် ရှိသည်ဟု ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဌာနချုပ်မှ တပ်မှူး တဦးက ရွှေဟင်္သာသတင်း ဌာနကို ပြောကြား ခဲ့ပါသည်။

KIA ၏ခံကတုတ်များ (ဓါတ်ပုံ KIA)

“ KIA ကလည်း တန်ပြန်နေတယ်လေ။ သူတို့ကတော့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်။ ဒါကိုကျော်လွှားဖို့ ထင်ပါတယ်။  အရေးကြီးတဲ့ ပွိုင့် တွေကိုလေကြောင်းနဲ့ ဗုံးကျဲ ဖို့လိုအပ်တယ်ဆိုပြီး၊ အချင်းချင်းဆက်သွယ်ရေး စက်နဲ့ အကူအညီတောင်းနေတယ်။ နေပြည်တော်ကတော့ ဘာအမိန့်ချမလဲတော့ မသိဘူး။ လောလောတော့ ငြိမ်နေတယ်။ စောင့်ကြည့်နေတယ်။ ကျနော်တို့ကတော့ အဲဒီအတွက် အစကတည်းကပြင်ထားပြီးသားပါ ”ဟုဆိုပါသည်။

အထူးသဖြင့် လိုင်ဇာ စစ်မျာက်နှာရှိ KIA တပ်များနေရာယူထားသော တောင်ကုန်းပွိုင့်များကို ဗုံးကြဲဖွယ်ရှိ သည်ဟု KIA ဖက် မှခန့်မှန်းထားပါသည်။ သို့သော် KIA ၏ အစိုးရရှေ့တန်း စစ်တပ်အတွက် ထောက်ပံ့ရေး ရိက္ခာလမ်းကြောင်းများကို ဖြတ် တောက်သည့် တိုက်ပွဲများကြောင့် ရှေ့တန်း တပ်ဖွဲ့များတွင်ရိက္ခာပြသနာ ဖြစ်ဖွယ်ရှိနေပါသည်။ ဤပြသနာကို အစိုးရဖက်က လေကြောင်းနည်းဖြင့် ရိက္ခာနှင့် ခဲယမ်းမီးကျောက်များ ချပေးနိုင်ဖွယ်ရှိနေပါသည်။

KIA သည် ၄င်းတို့၏ တန်ပြန်ထိုးစစ်ကို၊ စခန်းသိမ်းချေမှုန်းရေး တိုက်ပွဲများ အပါ၀င် ပျောက်ကျားစနစ်နှင့်၊ မိုင်းစစ်ဆင်ရေး နည်းလမ်းများကို အသုံးပြုပြီး အစိုးရ တပ်ဖွဲ့များအား ပြန်လည် တိုက်ခိုက်နေသည်ဟု ဆိုပါသည်။ အထူးသဖြင့် လိုင်ဇာစစ် မျက်နှာ၊၀ိုင်းမော်နှင့် တပ်မဟာ (၅) ဧရိယာ၊ တပ်မဟာ (၃)နှင့် တပ်မဟာ (၄) ဧရိယာ နှင့် ဖါးကန့်နယ်ရှိ KIA တပ်ရင်း (၃) ဧရိယာ၌ နေ့စဉ် တိုက်ပွဲများဖြစ်ပွားနေပါသည်။

အစိုးရ တပ်ဖွဲများသည်လည်း KIA တပ်ဖွဲ့များ၏ တန်ပြန်မှုကို တန်ပြန်စစ်ဆင်ရေးဖြင့် တုန့်ပြန်နေသည် ဟုဆိုပါသည်။ ဤ ကဲ့သို့ ပြင်းထန်လာနေသော စစ်ရေးအခြေအနေကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ တိုးလာနေပြီး ယခုဆိုလျှင် ဒုက္ခသည်များ တသိန်းဝန်းကျင်ခန့် ရှိလာနေ ပြီးဟု ဒုက္ခသည်ကော် မီတီ များက ခန့်မှန်းနေပါသည်။ အထူးသဖြင့် ဖါးကန့်ဒေသ၌ ကျေးရွာ (၁၁) ရွာမှ လူထုများ ပြောင်းရွှေ့ပေးရန် အစိုးရ တပ်ဖွဲ့များက ထပ်မံ အမိန့်ပေးထားသည်ဟု ဒေသခံများကဆိုပါ သည်။

ဤကဲ့သို့ KIA နှင့်အစိုးရတို့၏ ရှေ့မတိုးသာ ဖြစ်နေသော ပြသနာကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးရန် အမေရိကန်နိုင်ငံက တ ရုတ်နိုင်ငံအား တောင်းဆိုထားကြောင်း အမေရိကန် အစိုးရ ထုတ်ပြန်ချက်တခု၌ တွေ့ရပါသည်။ ထို့အပြင် ကချင်စစ်ပြေး ဒုက္ခသည်များကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက အကူအညီပေးနိုင်ရန် တရုတ်နယ်မြေကို အသုံးပြု ခွင့်ပေးရန် လည်းတောင်းဆိုထားပါသည်။

ဤစစ်ပွဲသည်၊ တိုင်းရင်းသားများအပေါ် အစိုးရသဘောထား၏ နောက်ဆက်တွဲပြသနာဟု KIA ကခံယူသလို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အကူအညီပေးနေသော နော်ဝေးနိုင်ငံမှ Myanmar Peace Support Initiative (MPSI) ကလည်း မြန်မာ့ငြိမ်းချမ်းရေးသည် အစိုးရမှ KIA အပေါ် ထားရှိသောသဘောထား၌ မူတည်သည်ဟု မှတ်ချက်ပြုခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/1942--ki...

Most read this week