ဆွမ်ပရာဘွမ်လမ်းဗုံးခွဲမှု မြန်မာအစိုးရတပ် ၁ ဦးကျ ၅ ဦးဒဏ်ရာရ

ဆွမ်ပရာဘွမ်လမ်းဗုံးခွဲမှု မြန်မာအစိုးရတပ် ၁ ဦးကျ ၅ ဦးဒဏ်ရာရ
by -
ကချင်သတင်းဌာန

ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် ကချင် လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရှိရာသို့ဆွမ်ပရာဘွမ် လမ်းမှ ဦးတည်လာသည့် မြန်မာအစိုးရတပ်သည် KIA ဗုံးကြောင့် ၁ ဦးကျ၍ ၅ ဦးဒဏ်ရရှိခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ဗဟိုကော်မတီ ဝင် တွဲဖက်အတွင်းရေးမှူး ဦးလနန်ပြောသည်။

KIA တပ်မဟာ (၁) တပ်ရင်း (၇) နယ်မြေတွင်းတက်လာချိန် မြန်မာတပ်တွေဖက်က ထိခိုက်သွားခြင်း ဖြစ်သည်ဟုပြောသည်။

kia_soldier_0906
ဇွန် ၉ ရက်၊ မြန်မာစစ်တပ်မှ KIAအား စတင်ထိုးစစ်ဆင်ပြီးနောက် ကျယ်ပြန့်သောခံစစ် ပေါ်လစီကို KIA ကျင့်သုံးနေရကြောင်း KIA အရာရှိများပြောပါတယ်။

“ခလရ ၁၃၈ နဲ့ပါ မြန်မာတပ်ဖက်က သူတို့တပ်က တစ်ယောက်သေတယ် ၅ယောက် ဒဏ်ရပါတယ်။ ကျွန်တော်တို့ဖက်က ဘာမှမဖြစ်ပါဘူး။ မြန်မာစစ်တပ် ကားတစ်စီးပျက်စီးသွားတယ်။အခုတိုက်ပွဲဖြစ် နေတဲ့ နေရာမှာတော့ ဘာမှမဖြစ်သေးပါဘူး။ အခုက ဆွမ်ပရာဘွမ်တက်လာတဲ့လမ်းမှာဖြစ်တာပါ။”

မြန်မာစစ်တပ်ဘက်မှ ၄င်းအကျအဆုံးနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

တိုက်ပွဲဖြစ်ပွားနေသည့် ပူတာအိုခရိုင်တွင် ကချင်တိုင်းရင်းသား ရဝမ်၊ လီဆူ၊ ဂျိန်းဖော့ (Duleng)လူမျိုးစု များအများစု နေထိုင်ပြီး မြန်မာအစိုးရစစ်တပ်မှလည်း ၄င်းနယ်မြေတွင်းဒေသခံများအား တပ်သားအဖြင့် စုဆောင်းထားခဲ့သည်ဟု ဒေသခံများပြောသည်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်တွင် အဓိကနယ်မြေကျွမ်းကျင်သော ကျေးရွာဒေသခံများကိုသာအသုံးပြု တိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း KIO ဌာနချုပ်အဖွဲ့ဝင်တစ်ဦး ပြောဆိုသည်။

“အဲဒီနေရာဖက်မှာ သူတို့က ရဝမ်တိုင်းရင်းသားတွေကိုစည်းရုံးထားတာတွေရှိတယ်။ ပြီးတော့ လီဆူ တိုင်းရင်းသားတွေကို စည်းရုံးထားတာတွေလည်းရှိတယ်။ သူတို့နဲ့တိုက်ခိုက်တာလည်းပါတာပေါ့။ ဦးဆောင်တဲ့တပ်ကတော့ သူတို့ပဲဦးဆောင်တာပေါ့။ များသောအားဖြင့်တော့ တိုင်းရင်းသားတွေလည်း ပါလိမ့်မယ်။”

နှစ်ဖက်တပ်များ ဆုတ်ခွာသွားခြင်းမရှိသေးသောကြောင့် ဒေသခံ ပြည်သူလူထုများသည်သေနတ်သံ ကြောင့် နီးစပ်ရာတောပဝန်းကျင်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

ကချင်တပ်နှင့် မြန်မာအစိုးတပ်များ တိုက်ပွဲမရပ်မနားဖြစ်နေခြင်းကြောင့် KIO ထိန်းချုပ်နယ်မြေတွင်းသို့ ထွက်ပြေးခိုလှုံနေသူ စစ်ပြေးဒုက္ခသည် ၂၀၀၀၀ ကျော်ရှိနေကြောင်း ဒုက္ခသည် စောင့်ရှောက်မှုအဖွဲ့မှသိရ သည်။

Most read this week