မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလမ်းချက် ထုတ်ပြန်

မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလမ်းချက် ထုတ်ပြန်
by -
ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ ပူးပေါင်းရန် ဆန္ဒရှိသူ အား ကြိုဆိုလျက်ရှိကြောင်းကြေငြာချက် အား ယနေ့ ထုတ်ပြန်လိုက်သည်။

“ရှေ့တန်းစစ်မျက်နှာပြင်၌ မလွှဲမရှောင်ရင်ဆိုင်တိုက်ခိုက်စဉ် KIA တပ်မတော်ထံသို့ ပူးပေါင်းဝင်ရောက် လာသော မြန်မာ့တပ်မတော်သားများအားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြိုဆိုလက်ခံသွားမည် ဖြစ်ပါသည်။” ဟု ရေးသားဖော်ပြထားသည်။

kio-statement
ယင်းကြေငြာချက်နှင့်ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ နိုင်ငံရေးပြော ရေးဆိုခွင့်ရှိသူ ဒူကဘာလနန်မှ “ကျတော်တို့ တပ်အသီးသီးကို ပေးပို့ထားလိုက်ပြီ။ ဒါဟာ ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။” ဟု ဆိုသည်။

ရှေ့တန်းရောက် KIA အရာရှိတစ်ဦးကမူ “မနက်က ၀rder ကျတယ်၊ ပူးပေါင်းလာတဲဲ့့လူတွေကိုကောင်း ကောင်းမွန်မွန်လက်ခံဖို့၊ ဒဏ်ရာရလာတဲ့သူတွေကို နောက်တန်းကို အမြန်ဆုံးပို့ဖို့” ဟု ပြောသည်။

ကြေငြာချက်တွင် အချက် (၆)ချက်ကို ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား စစ်ရေးဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့် စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရတော်လှန် နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

တစ်ဆက်တည်းမှာပင် လွတ်လပ်၍ တရားမျှတသော ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့လျင်မြန်စွာ ရောက်ရှိရေး အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။

Most read this week