ဓါတုလက်နက်တစ်မျိုး ထုတ်လုပ်ရန် မြန်မာအစိုးရ လျှို့ဝှက်ကြိုးပမ်းနေ

ဓါတုလက်နက်တစ်မျိုး ထုတ်လုပ်ရန် မြန်မာအစိုးရ လျှို့ဝှက်ကြိုးပမ်းနေ
by -
ကချင်သတင်းဌာန

မြန်မာစစ်တပ်က အမျိုးအမည်မသိ ဓါတုလက် နက်တစ်မျိုး ထုတ်လုပ်ရန် နိုင်ငံမြောက်ပိုင်း တစ်နေရာတွင် လုံခြံုရေးတင်းကြပ်စွာဖြင့် လျှို့ဝှက်ကြိုးပမ်းနေကြောင်း ခိုင်လုုံသော ဒေသခံသတင်းရပ်ကွက်များက ဆိုသည်။

ယင်းလျှို့ဝှက်နေရာသည် ကချင်ပြည်နယ် တောင်ပိုင်းနယ်နိမိတ်၊ ရှမ်းပြည်မြောက်ပိုင်းမဘိန်းမြို့နယ်တွင် တည်ရှိသည်ဟု ဒေသခံသတင်းရပ်ကွက်များက ပြောပါသည်။
mabein-burma

အဆောက်အအုံအတွင်း အလုပ်သမားများ အနုမြူဇီဝဓါတု အကာအကွယ်ဝတ်စုံများ ၀တ်ဆင်ပြီးအလုပ်လုပ်နေ သည်ကို မြင်ရသည်ဟု မျက်မြင်သက်သေတစ်ဦးမှ သိရသည်။

ယခုချိန်ထိ လက်နက် အမျိုးအမည် အတိအကျ မသိရသေးသော်လည်း အနုမြူဗုံးစီမံကိန်း ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက ယူဆထားပါသည်။

အလုပ်သမားများမှအပ မည်သူ့ကိုမျှ လျှို့ဝှက်လက်နက်ထုတ်လုပ်သည့်နေရာသို့ ချဉ်းကပ်ဝင်ရောက်ခွင့် မပြုကြောင်း ဒေသခံများပြောသည်။ ယမန်နှစ် နှစ်ဦးပိုင်း စီမံကိန်းစတင်ချိန်ကတည်းက ၎င်းနေရာသို့ ပြင်ပလူများ ၀င်ထွက်သွားလာခြင်း လုံးဝကန့်သတ်ထားသည်ဟု ဒေသခံများနှင့် သစ်ကုန်သည်များ ပြောပါသည်။

ထို့အပြင် ယမန်နှစ်ကစပြီး တရုတ်သစ်ကားများနှင့် အလုပ်သမားများအား ယင်း မဘိန်းနယ်မြေသို့ဝင်ရောက် ခြင်း ထူးထူးခြားခြားပိတ်ပင်ခဲ့ကြောင်း သစ်ကုန်သည်များပြောသည်။ ယခင်ကယင်းနယ်မြေများမှကျွန်းသစ် များ ကို ထုတ်ယူပြီး တရုတ်နယ်စပ်သို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

မဘိန်း လျှို့ဝှက်လက်နက်စီမံကိန်းစခန်းသည် ရပ်ရွာများမှ ဝေးလံသည့်နေရာတွင် သီးခြားတည်ရှိပြီးပထဝီ အနေအထားအရ ကချင်လွတ်မြောက်ရေးအဖွဲ့(KIA)နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) ကဲ့သို့ သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့နှင့်လည်း အလှမ်းဝေးရာ နေရာဖြစ်သည်။

စစ်တပ်လွှမ်းမိုးသည့် မြန်မာအစိုးရသည် မြောက်ကိုးရီးယားနှင့် ရုရှားတို့၏ အကူအညီများဖြင့်အနုမြူဗုံးအပါ အဝင် ခေတ်မီလက်နက်များပိုင်ဆိုင်ရေးကို ကြိုးပမ်းနေပါသည်။

Most read this week