မြစ်ဆုံတန်ဖရဲ ကျေးရွာဒေသခံများ ပြောင်းရွှေ့မည်မဟုတ်

မြစ်ဆုံတန်ဖရဲ ကျေးရွာဒေသခံများ ပြောင်းရွှေ့မည်မဟုတ်
by -
KNG

ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် မတ်လအပြီးပြောင်းရွှေ့ရန် တန်ဖရဲကျေးရွာအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်မှ အမိန့်ပေးထားရာ ရွာသားများကပြောင်းရွှေ့ ...

ကချင်ပြည်နယ် မြစ်ဆုံ ရေကာတာ စီမံကိန်းကြောင့် မတ်လအပြီး ပြောင်းရွှေ့ရန် တန်ဖရဲကျေးရွာအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်မှ အမိန့်ပေးထားရာ ရွာသားများက ပြောင်းရွှေ့ရန် ငြင်းဆန်နေကြသည်။

ရွာမပြောင်းမရွှေ့ပဲ ကြံ့ကြံ့ခံရပ်တည်သွားနိုင်ရန် ရွာလူကြီးများ၊ ဘာသာရေးဂိုဏ်းဂဏပေါင်းစုံမှ ဆရာများစုပေါင်း၍ ဖေဖေါ်ရီ ၉ ရက်နေ့က တန်ဖရဲရွာတွင် ဆုဆောင်းပွဲကျင်းပခဲ့စဉ်။ ဓါတ်ပုံ-ကချင်သတင်းဌာနအစိုးရ ပြန်လည် နေရာချထားရေး နေရာသစ်ဆီ ပြောင်းရွှေ့ရန် လက်ရှိ နေအိမ်ခြံမြေများအတွက် အာဏာပိုင်များ၏ အစားထိုး လျော်ကြေးသည် အလွန်နည်းသည့်အတွက် ပြောင်းဖို့ဆန္ဒ မရှိတော့ခြင်း ဖြစ်ကြောင်း တန်ဖရဲဒေသခံများ ပြောသည်။

စစ်အစိုးရအာဏာပိုင်များမှ ဒေသခံများဘိုးဘေးစဉ်ဆက်လုပ်ကိုင်လာသည့် လယ်ယာမြေ နေအိမ်ခြံနစ်နာကြေး ချပေးရာမှာ ဆယ်ပုံတစ်ပုံခန့်သာ ပေးသောကြောင့် နေရာသစ်ဆီရဲရဲဝံ့ဝ့ံ မပြောင်းပဲနေသွားဖို့အတွက် ဆုံးဖြတ်ခဲ့ကြကြောင်း ဒေသခံ အမျိုးသားမှပြောသည်။

“သူတို့ယူလာတဲ့လျော်ကြေးတွေက ကျွန်တော်တို့ ဘဝတစ်သက်လုံးစိုက်ပျိုးထားတာတွေ အပင်တစ်ပင်ကိုပေးတဲ့နှုန်းက လက်ခံနိုင်စရာမရှိဘူး။ အဲဒါကြောင့် မပြောင်းဘူးဆိုပြီး အဲလိုနေနေကြတယ်။ လျော်ကြေးတွေ နစ်နာကြေးတွေကို ထပ်တောင်းဆိုရမယ်။ မပြောင်းချင်ဘူးလေ။ မပြောင်းချင်ဘူး ဆိုပေမယ့် သူတို့က အဓမ္မပြောလာရင်တော့ ဘယ်လို ဖြစ်လာမလဲဆိုတာ မပြောတတ်ဘူးလေ။ ပြောင်းမဲ့အိမ်သစ်တွေမှာ ဘယ်သူမှသွားမကြည့်ဘူးလေ။  အဲဒီကို မပြောင်းချင်ကြတော့။”

ရွာမပြောင်းမရွှေ့ပဲ ကြံ့ကြံ့ခံ ရပ်တည်သွားနိုင်ရန် ရွာလူကြီးများ၊ ဘာသာရေး ဂိုဏ်းဂဏပေါင်းစုံမှ ဆရာများစုပေါင်း၍ ဖေဖေါ်ရီ ၉ ရက်နေ့က တန်ဖရဲရွာတွင် ဆုဆောင်းပွဲ ကျင်းပခဲ့စဉ်။ ဓါတ်ပုံ - ကချင် သတင်းဌာနပြောင်းရွှေ့သွားသည့် အိမ်ခြေ ၅၀ ခန့်ရှိသော်လည်း ၄င်းတို့မှာ ဒေသခံအရင်းများ မဟုတ်ပဲ ရွာတွင် ခေတ္တ နေထိုင်သူများနှင့် အိမ်ယာ မပိုင်ဆိုင်သောသူများက ပြောင်းသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကျန်နေသေးသောအိမ်ခြေ ၂၀၀ နီးပါးရှိသည့် ရွာခံများမှ ဆက်လက်မပြောင်းမရွှေ့ပဲ ကြံ့ကြံ့ခံရပ်တည်သွားနိုင်ရန် ရွာလူကြီးများ၊ ဘာသာရေးဂိုဏ်းဂဏပေါင်းစုံမှ ဆရာများစုပေါင်း၍  ဖေဖေါ်ရီ ၉ ရက်နေ့က စည်းဝေးပွဲကျင်းပခဲ့သည်။

အစိုးရဖိအားပေးနေတဲ့ကြားက တန်ဖရဲဒေသခံလူထုမှ ယခုလိုကြာရှည်ခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့အတွက် မြစ်ကြီးနားမြို့မှ ဘာသာရေးဆရာများနှင့် လူငယ်မိဘများလည်း ထပ်တူထပ်မျှ ထောက်ခံအားပေးခဲ့ကြောင်း ပါ၀င်သူတစ်ဦး ပြောသည်။

“အဓိကရည်ရွယ်ချက်ကတော့ မြစ်အောက်ပိုင်းက မိဘလူငယ်တွေက လာရောက်ပြီးမှ ခွန်အားပေးတာပေါ့နော်။ သူတို့ကို ကချင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ မြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့ မြစ်ဆုံဒေသကိုစောင့်ပြီးမှ ကြံ့ကြံ့ခိုင်ရပ်တည်နေတဲ့ အတွက် ကျေးဇူးတင်တယ်ဆိုတဲ့အနေနဲ့ပေါ့နော်။ အားလုံးက ကျေးဇူးတင်ချီးမွမ်းတဲ့အနေနဲ့ သူတို့ကို ခွန်အားပေး ဆုတောင်းခြင်းကို လုပ်နေကြခြင်းဖြစ်တယ်။ သူတို့ကပြောင်းရွှေ့ဖို့အတွက် လုံးဝရည်ရွယ်ချက်မရှိဘူး၊ ကြံ့ကြံ့ခိုင်ဖို့ပဲ လုပ်နေကြတာပေါ့နော် ဒေသခံတွေက။”

ယခုလို အာဏာပိုင်များဖိအားပေးမှုနှင့် ဒေသခံများပြောင်းရွှေ့ရန်ငြင်းဆန်မှုသည် နှစ်ဖက်ကြားအခြေအနေ တင်းမာလာနိုင်ခြေရှိသည်ဟု အကဲခတ်လေ့လာသူ “ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် (KDNG)” မှ စာဂျီ က သုံးသပ်ပြောဆိုလာသည်။

“အာဏာပိုင်နဲ့ ကုမ္ပဏီကပေးတဲ့လျော်ကြေးကို သူတို့က မလိုလားကြဘူးပေါ့။ အဲဒါကြောင့် မပြောင်းမရွှေ့ဖို့ရန် သူတို့က စီစဉ်နေတယ်။ မပြောင်းဘူးဆိုလို့ရှိရင် ဒီအာဏာပိုင်နဲ့ ကုမ္ပဏီကတော့ သူတို့ကို ဖိအားပေးဖွယ်ရှိတယ်။ ဒါပေမယ့် ဒေသခံနဲ့ပြည်သူလူထုတွေနဲ့ ဘာသာရေးဆရာတို့က လုံးဝပြောင်းရွှေ့ဖို့ရန် အစီစဉ်မရှိဘူး။ ကြံ့ကြံ့ခိုင်ပြီး သူတို့ပြဿနာ ဖြစ်လာဖွယ်ရှိတာပေါ့။ ဆိုတော့ တခုခုလုပ်ဖို့အက်ရှင်ဖြစ်လာနိုင်ဖွယ်ရှိတာပေါ့။ ဘာသာရေးအဖွဲ့အစည်းနဲ့ အဲဒီမှာရှိတဲ့ လူထုတွေက။ မြစ်ဆုံဒေသခံက လူထုတခုထဲသာ မဟုတ်ဘူး။ ဧရာဝတီမြစ်အောက်မြစ်ဆုံအောက်ပိုင်းက လူထုတွေကော အားလုံးပါ၀င်လာကြတယ်ဆိုတော့ ဒါပြဿနာ ဖြစ်လာဖွယ် ရှိတာပေါ့။ မပြောင်းမခြင်း ဒီဟာ ဖိအားပေးလာလို့ ရှိရင်ပေါ့။”

ယင်းကဲ့သို့ ပြဿနာတဆက်တည်းတွင် လျှပ်စစ်ဓါတ်အား ၆၀၀၀ မီဂ္ဂါ၀ပ် ထုတ်လုပ်မည့် မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းအားဖြင့် မြန်မာနိုင်ငံတနိုင်ငံလုံး၏ အဓိကပင်မကြောရိုးဖြစ်သည့် ဧရာဝတီမြစ်သည် နောက်ထပ် ပြည်သူလူထုများအတွက် ဆိုးကျိူးတွေဆက်လက်ဖြစ်ပေါ်စေနိုင်သည်ဟုဆိုသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် ရွာ ၅၀ကျော် ပြောင်းရွှေ့ရမည်ဖြစ်၍ ၄င်းထဲမှ ၆ ရွာကိုပြောင်းရွှေ့ထားပြီး ဆက်လက်၍ တန်ဖရဲကျေးရွာကိုဖေဖဝါရီလ ကျောင်းပိတ်ချိန်မှစ၍ မတ်လထိအပြီးရွှေ့ရန် ကချင်ပြည်နယ်တိုင်းမှူးမှ အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

Most read this week