ကချင်ပြည်နယ် တိုင်းမှူးမှ ခရစ်ယာန်ဆရာများအား ရွေးကောက်ပွဲအတွက် စည်းရုံး

ကချင်ပြည်နယ် တိုင်းမှူးမှ ခရစ်ယာန်ဆရာများအား ရွေးကောက်ပွဲအတွက် စည်းရုံး

ရွေးကောက်ပွဲ ကျင်းပရန်နီးလာချိန် မြန်မာစစ်အစိုးရမှ ကချင်ခရစ်ယာန်ဘာသာရေးဆိုင်ရာခေါင်းဆောင်များ ကို တွေ့ဆုံစည်းရုံးမှုများ ပြုလုပ်လာ....

ရွေးကောက်ပွဲ ကျင်းပရန်နီးလာချိန် မြန်မာစစ်အစိုးရမှ ကချင်ခရစ်ယာန်ဘာသာရေးဆိုင်ရာခေါင်းဆောင်များ ကို တွေ့ဆုံစည်းရုံးမှုများ ပြုလုပ်လာပါသည်။

021110-kachin-churchကချင်ပြည်နယ်မြို့တော် မြစ်ကြီးနား၊ အောင်နန်းရပ်ကွက် “စိန်ဂလိုဘန် ရိုမင် ကက်သလိပ်ဘုရားကျောင်း” တွင် မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင် က ကချင်ဓမ္မဆရာများကို ဖိတ်ခေါ်၍ “ဘာသာရေး ဝတ်ပြုကိုးကွယ်ခြင်းကို ဒီမိုကရေစီအရ လွတ်လပ်စွာ ပြုလုပ်နိုင်သည်” ဟု စက်တင်ဘာ ၂၄ ရက်နေ့ စည်းဝေးတွင်ပြောခဲ့သည်။

တိုင်းမှူးက “ဘာသာရေးကို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့် ရှိကြောင်း၊ အခုလို လွတ်လွတ်လပ်လပ် ကိုးကွယ်ခွင့်ပေးတာဟာ ဒီမိုကရေစီ အရပါ။” ဟု ပြောဆို ခဲ့ကြောင်း တက်ရောက်သည့် ဆရာများပြောသည်။

ယင်း အစည်းအဝေးသို့ မြစ်ကြီးနားမြို့ နှင့် ပတ်ဝန်းကျင်မှ ကချင်ဓမ္မဆရာ/ဆရာမများ စုစုပေါင်း ၅၀၀ ခန့်တက်ရောက်ခဲ့သည်။

ယခုလို ကချင်ဓမ္မဆရာများအား တိုင်းမှူးမှ အထူးတွေ့ဆုံစကားပြောခြင်းသည် လာမည့် နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အား ထောက်ခံမဲပေးရန် မဲဆွယ်ခြင်းဖြစ်သည်ဟု ဓမ္မဆရာတစ်ဦး ပြောပါသည်။

“မဲဆွယ်ချိန်ဆိုတော့ ပြောချင်တာပြောနိုင်တယ်။ လူထုစည်းရုံးနေတာပေါ့။ နောက်မှ သူတို့လုပ်ချင်သလို လုပ်ကြမှာ။” ဟု ဓမ္မဆရာမ တစ်ဦးကလည်း သုံးသပ်ပြောပါသည်။

တိုင်းမှူးသစ် ဇေယျာအောင်သည် ယခင် ဗိုလ်ချုပ်စိုးဝင်း ၏နေရာတွင် ပြီးခဲ့သည့် စက်တင်ဘာလမှ အစားထိုးခံအပ် ခံရသူဖြစ်ပြီး၊ ယခုချိန်ထိ သူ မြစ်ကြီးနား ကချင်ခရစ်ယာန်ဓမ္မဆရာများအား နှစ်ကြိမ် ခေါ်ယူတွေ့ဆုံခဲ့သည်။

ထို့အတူ ယခင် တိုင်းမှူးစိုးဝင်း လည်း ကချင်ဓမ္မဆရာများအား မကြာခဏ ခေါ်ယူတွေ့ဆုံခြင်းများပြုလုပ်ကာ ၎င်းတို့ စစ်အစိုးရ တည် ဆောက်နေသည့် ဧရာဝတီ မြစ်ဆုံရေကာတာစီမံကိန်းအား မကန့်ကွက်ရန် နှင့် ကချင်ပြည်သူများမှ ကချင်လွတ်မြောက်ရေးအဖွဲ့ အား နယ်ခြားစောင့်တပ်လက်ခံရေး ဖိအားပေးရန် တိုက်တွန်းခဲ့သည်။

(1) Imge: ၁၉၄၈ ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ကချင်ခရစ်ယာန်အသင်းတော်များသည် ဗုဒ္ဓဘာသာ ဗမာများ ဦးခေါင်းသော အစိုးရအဆက်ဆက်၏ နည်းမျိုးစုံဖြင့် ဖိနှိပ်ခြင်းကို ယခုချိန်ထိခံနေရဆဲဖြစ်တယ်။

 

 

 

 

Most read this week