KSPP ခေါင်းဆောင် ၁၂ ဦး တသီးပုဂ္ဂလ ၀င်ပြိုင်ရန် ကြိုးပမ်းမှု ပယ်ချခံရ

KSPP ခေါင်းဆောင် ၁၂ ဦး တသီးပုဂ္ဂလ ၀င်ပြိုင်ရန် ကြိုးပမ်းမှု ပယ်ချခံရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီ မှတ်ပုံတင် မချပေးသည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) သည် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့ရာ ဒေါက်တာ တူးဂျာ အပါအဝင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံလိုက်ရ......

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီ မှတ်ပုံတင် မချပေးသည့် ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) သည် တသီးပုဂ္ဂလ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းခဲ့ရာ ဒေါက်တာ တူးဂျာ အပါအဝင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံလိုက်ရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်နေ့မှ ရွေးကောက်ပွဲကော်မရှင်သည် ကိုယ်စားလှယ်လောင်း အမည်စာရင်း ပိတ်ပင်လိုက်ရာ ဒေါက်တာ တူးဂျာ အပါအဝင် KSPP ပါတီမှ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ပယ်ဖျက်ခြင်း ခံလိုက်ရကြောင်း ပါတီ အရာရှိ တစ်ဦးမှ ပြောသည်။
kspp_kachin_party
“ဒီနေ့ အားလုံးပယ်လိုက်ပြီ၊ အသေ ပယ်လိုက်ပြီ၊ ဘာကြောင့် မရတာလဲ မသိဘူး၊ ဘာမှလည်း မပြောဘူး၊ မရဘူး ဆိုပြီး ပယ်ချလိုက်တယ်။ ဘာမှလည်း မသိပါဘူး။ ခုလည်း ဘာမှ ပြောလို့ မရသေးတော့” ဟု KSPP ပါတီမှ တသီးပုဂ္ဂလ ကိုယ်စား လှယ်လောင်း အဖြစ်မှ အပယ်ခံရသှူ ပြောသည်။

KSPP ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်သို့ ဧပြီ ၅ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ပြုရန် လျှောက်ထားခဲ့သော်လည်း ကော်မရှင်မှ ပါတီမှတ်ပုံတင် မချပေးခဲ့သဖြင့် ၎င်းပါတီမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ တူးဂျာ အပါအဝင် တသီးပုဂ္ဂလ လွတ်တော်ကိုယ်စားလှယ်များအဖြစ် ၁၂ ဦး အမည်စာရင်း တင်သွင်းခဲ့ရာ အစိုးရမှ တစ်စုံတစ်ရာ အကြောင်းပြချက် မပေးပဲ ပယ်ချလိုက်ခြင်း ဖြစ်သည်။

ယင်းပါတီမှာ နှုတ်ထွက် ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ထိပ်ပိုင်းခေါင်းဆောင် ၆ ဦး အပါအဝင်  ယခု နယ်ခြား စောင့်တပ် (ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နှင့် လဆန်အောင်ဝါ ငြိမ်းချမ်းရေးအဖွဲ့) တို့မှလည်း ပါဝင်ဖွဲ့စည်းထားသည့်  ကချင်ပြည်နယ်ကိုယ်စားပြု နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။

ပါတီမှတ်ပုံတင်ခြင်း မပြုမည် မတ်လမှ စကာ လူထုစည်းရုံးရေးများ လုပ်ဆောင်ခဲ့ပြီး ဗဟိုကော်မတီဝင် အယောက် ၆၀ နှင့် အလုပ်အမှုဆောင်ကော်မတီဝင် ၁၅ ယောက် နှင့် ပါတီဝင်အင်အား ၃၀၀၀ နီးပါးဖြင့် ဖွဲ့စည်းထားကာ ကချင်ပြည်နယ်မှ ကချင်အမျိုးသားကိုယ်စားပြု အကြီးဆုံး ပါတီလည်း ဖြစ်သည်။

စစ်အစိုးရမှ KSPP သည် နက်လက်ချရန် ငြင်းဆန်သည့် KIO နှင့် ဆက်စပ်မှု ရှိသည်ဟု ပြောဆိုကာ နိုင်ငံရေး မှတ်ပုံတင် မချပေးခြင်း ဖြစ်သည်။

ဇွန်လိုင်လကုန်ပိုင်းကတည်းမှ KSPP အား ပါတီမှတ်ပုံတင် မချပေးရန် သေချာသည်ဟု ကြံ့ဖွတ်အတွင်းရေးမှူး တစ်ဦး ပြောဆိုခဲ့ပြီး များမကြာမည် ကြံ့ဖွံ့မှ ကချင်ပါတီအသစ် ထူထောင်ရန် ဒူဝါ ခက်ထိန်နန်အား တိုက်တွန်းပြောကြားခဲ့သည်။

ခက်ထိန်နန် ဦးဆောင်သည့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) သည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ဇူလိုင် ၂၃ရက်နေ့တွင် ပါတီမှတ်ပုံတင်လျှောက်ထားရာ ၁၀ရက်အတွင်း နိုင်ငံရေးပါတီ ထူထောင်ခွင့် ရရှိရုံမက လွှတ်တော်ကိုယ်စားလှယ်လောင်း ၉ ယောက်စလုံးကို ရွေးကောက်ပွဲ ၀င်ခွင့် ပြုလိုက်သည်ဟု ပါတီရဲ့  ဒုဥက္ကဌ ဦးဖော်လားဂမ်ဖန်က ပြောသည်။

ကချင်ပါတီ ၄ ပါတီ ပါတီ မှတ်ပုံတင်ခဲ့ရာ၌ စစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင်က ၃ ပါတီအား နိုင်ငံရေး မှတ်ပုံတင် ချပေးခြင်း မရှိဘဲ ၎င်းနှင့် ဆက်နွယ်နေသည့် ကြံ့ဖွတ်လက်အောက်ခံ ပါတီတစ်ခုလို ဖြစ်နေသည့် UDPKS ပါတီ တစ်ခု တည်းသာ မှတ်ပုံတင်ရရှိခြင်း ဖြစ်သည်။

Most read this week