နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရ တောင်းဆိုချက် တပ်မဟာ(၁) ငြင်းဆို

နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရ တောင်းဆိုချက် တပ်မဟာ(၁) ငြင်းဆို
ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍  နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရ ၏ တောင်းဆိုချက်ကို တပ်မဟာ(၁) ခေါင်းဆောင် များက ငြင်းဆို....

ဌာနေပြည်သူ့စစ်တပ် ဖွဲ့စည်းရေးနှင့်ပတ်သက်၍  နှစ်ဖက်တွေ့ဆုံဆွေးနွေးရန် စစ်အစိုးရ ၏ တောင်းဆိုချက်ကို တပ်မဟာ(၁) ခေါင်းဆောင် များက ငြင်းဆိုခဲ့သည်။

ရှမ်းပြည်တပ်မတော်မြောက်ပိုင်း SSA ဥက္ကဌအပါအဝင် ရှမ်းခေါင်းဆောင်တချို့က ဌာနေပြည်သူ့စစ်အသွင် ပြောင်းရေးကို လွန်ခဲ့သည့်လက လက်ခံခဲ့ပြီးနောက်ပိုင်း ဗိုလ်ချုပ်ပန်ဖ ဦးဆောင်သည့် တပ်မဟာ(၁)တပ်ဖွဲ့က လက်မခံဘဲ ငြင်းဆန်နေခဲ့သည်။

ယင်းကိစ္စ ဆက်လက်ဆွေးနွေးနိုင်ရန် တောင်ကြီးမှ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှူး ဗိုလ်မှူးကြီးချစ်ဦးနှင့် ကွန်ဟိန်းဗျူဟာမှူးတို့က မိန်းနောင်ရှိ စစ်ဆင်မှုကွပ်ကဲရေး ဌာနချုပ်သို့ ယခုလ ၁၅ ရက်နေ့က ရောက်ရှိခဲ့ပြီး ရှမ်းခေါင်းဆောင်များကို ဆင့်ခေါ်ခဲ့ သော်လည်း  ဗိုလ်ချုပ်ပန်ဖက လက်မခံငြင်းဆိုခဲ့သည်ဟု ရှမ်းသံတော်ဆင့် သတင်း အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“သူတို့နှစ်ယောက်တွေ့ချင်တာက စောဝ်ပန်ဖနဲ့ စောဝ်ခေးတိုင်းပေ့ါ။ ဗိုလ်မှူးကြီးခေးတိုင်း ဒု-တပ်မ ဟာမှူး။ အဲတာ သူတို့မသွားဘူး။ သူတို့က ကိုယ်စားလှယ်လွတ်လိုက်တယ်။ သူတို့လွတ်လိုက်တဲ့ တပ်မ ဟာ(၁) ကိုယ်စားလှယ်က ဗိုလ်မှူးခေးမောင်း။ ဥက္ကလွယ်မောဝ်း ရဲ့ညီ။ သူနဲ့အတူ ဗိုလ်ကြီးတွန်းခမ်း၊ ဒုဗိုလ်အောင်ပတဲ့ သုံးယောက် လွတ်လိုက်တယ်။”

စစ်အစိုးရနှင့် ရှမ်းငြိမ်းနှစ်ဖွဲ့အကြား ပြဿနာကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ကိုယ်စားလှယ်အဖွဲ့အား ဗိုလ် မှူးကြီးချစ်ဦးက ပြောသည်ဟု ၎င်းကဆက်ပြောသည်။

“ကျနော်တို့နှစ်ဖက် ဆက်ဆံရေးက မပျက်ပြားစေနဲ့ အရင်ကပုံစံအတိုင်း ဆက်စခန်း သွားကြရအောင် ပေ့ါ။ အဓိက အကျဆုံးကတော့ နှစ်ဖက်အကြားမှာ ပြဿနာတွေ မတက်ဖို့၊ သေနတ်သံမထွက်ဖို့၊ ပစ် ခတ်တာတွေမရှိဖို့၊ အထူးအောင့်အီးသီးခံပြီးတော့ ရှောင်ရှားကြဖို့ပေ့ါ။ နောက်ပြီးတော့ ဗိုလ်ချုပ် ပန်ဖ ကို သွားပြီးတော့ အကြောင်းကြားပေးပါ၊ တင်ပြပါ၊ တွေ့ချင်တယ်။ ဆွေးနွေးချင်တယ်ပေ့ါ။”  

စစ်အစိုးရ၏ ဖိတ်ခေါ်မှုအား ငြင်းဆန်ရခြင်းနှင့်ပတ်သက်၍ ယခင်ရှမ်းပြည်တပ်မတော် နာယက ဗိုလ်ချုပ်ဆေထျဲန် အား စစ်အစိုးရက တောင်ကြီးမြို့သို့ဆင့်ခေါ်ခဲ့စဉ်က ဖမ်းဆီး ကာ  ထောင်ဒဏ် ၁၀၆ နှစ်ချမှတ်ခဲ့သည့်အချက်ကို မိမိတို့ အနေနှင့်သင်္ခန်းစာယူရမည်ဟု ဗိုလ်ချုပ်ပန်ဖက အကြောင်းပြန်ကြားခဲ့ကြောင်းသိရသည်။

SSA-N အနေနှင့် အသွင်ကူးပြောင်းရေးနှင့်ပတ်သက်၍ နောင်တက်လာမည့်အစိုးရ လက်ထက်၌သာ ဆွေးနွေးလို ကြောင်း ယခုလ ၁၁ ရက်နေ့က စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်ထံ အိတ်ဖွင့်ပေးစာပေးခဲ့ပြီး နောက်ပိုင်း ယခုလိုတွေ့ဆုံဆွေးနွေးရန် စစ်အစိုးရဖက်မှ ထပ်မံတောင်းဆိုလာခြင်း ဖြစ်သည်။

လက်ရှိအခြေအနေနှင့်ပတ်သက်၍ စစ်အစိုးရအနေနှင့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အစည်းများအပေါ် ဆက်ဆံ ရေးပျော့ပြောင်းလာသည်ဟု ရှမ်းပြည်အရေးလေ့လာသူများက သုံးသပ်နေကြသည်။

Most read this week