အစိုးရ တပ်မ (၈၈) တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် KIO အူလန်ပါ စခန်းဆုတ်ခွာခဲ့ရ

အစိုးရ တပ်မ (၈၈) တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် KIO အူလန်ပါ စခန်းဆုတ်ခွာခဲ့ရ
by -
ရွှေဟင်္သာ

ယမာန်နေ့ ဧပြီ (၁၀)ရက်နေ့ ညနေ (၆)နာရီ အချိန်တွင်  ကချင်ပြည်နယ် ဗန်းမော် ခရိုင် မန်စီမြို့နယ် ရှိ ကချင်လွတ် လပ်ရေး အဖွဲ့ (KIO)  တပ်မဟာ (၃) လက်ေ အာက်ခံ တပ်ရင်း (၂၇) တပ်ဖွဲ့၏  အူလန်ပါ တိုက်နယ် စခန်းကို အစိုးရ တပ်မ (၈၈) မှ တပ်ဖွဲ့များက အင်အား အလုံး အရင်းဖြင့် ပြင်းပြင်း ထန်ထန် ၀င်ရောက် တိုက်ခိုက်ရာ ည (၉)နာရီ ခန့်တွင် ဆုတ်ခွာ ပေးလိုက်ကြောင်း (KIA) စစ်ရုံးချုပ် အရာရှိတဦးက ဆိုပါသည်။

“ သိရသလောက် ဆိုရင် တပ်မဟာ (၃)ကို စစ်ကြောင်း (၈) ကြောင်း လောက် ၀င်တိုက် နေပါပြီး။ အင်းအား ကတော့ တထောင်ဝန်း ကျင် ရှိနိုင် တယ်။ လောလော ဆယ် တော့ တပ်ရင်း (၂၇ )ကို အပြင်းအထန် တိုက်နေတယ်။ အဲဒီမှာ ရှိ တဲ့ လူထုကလည်း လဂတ်ယန် ဒုက္ခသည် စခန်း ထဲကို ထွက်ပြေး နေကြပါပြီး။”ဟု ဆိုပါ သည်။

အင်အား (၅၀)ခန့်သာ ရှိသော KIA အူလန်ပါ စခန်းကို အင်အား (၂၀၀) ခန့်ရှိသော တပ်မ(၈၈)၏ ပုပ္ပါး အခြေချ ခလ ရ (၇၈) စစ်ကြောင်း များက ပြင်းပြင်း ထန် ထန် တိုက်ခိုက်သဖြင့် ဆုတ်ခွာပေးခြင်း ဖြစ်သည်ဟု ဆိုပါသည်။

တပ်မ (၈၈) စစ်ကြောင်း များသည် ဧပြီလ (၁၀)ရက်နေ့ မနက်ပိုင်း ကလည်း တပ်ရင်း (၂၇) တပ်ဖွဲ့များ အား ဗန်းမော် ခရိုင် မန်စီမြို့နယ် မန်ဝိန်းကြီး ဒေသ နား လုံနှင့် လဂတ်ယန် ကျေးရွာ အထက်ပိုင်းတွင် လည်းကောင်း၊ မံစီမြို့နယ် မန် ဇန့် ကျေးရွာ အနီး လွယ်ဟိုဆေ တောင် ဖက်တွင်၄င်း ညနေ (၂)နာရီ အထိ လိုက်လံ တိုက်ခိုက်ခဲ့ ပါသည်။  တိုက် ခိုက်ရာ တွင်လည်း ၄င်းတို့၏ စစ်ကြောင်း (၈) ကြောင်းသည် စစ်မျက်နှာ (၈)ခုခွဲ ပြီး လိုက်လံ တိုက်ခိုက်နေ ခြင်း ဖြစ် သည်ဟု ဆို ပါ သည်။

တိုက်ပွဲတိုင်း တွင် နှစ်ဖက် စလုံးမှ လက်နက်ကြီး များ အပြင်း အထန် ပစ်ခတ် ခဲ့ကြပြီး အစိုးရတပ်ဖွဲ့ ဖက်မှ ပစ်လိုက် သော လက်နက်ကြီး တချို့သည် လဂတ်ယန် ဒုက္ခသည် စခန်းပေါ် ကျရောက်မှု ရှိသည်ဟု ဆိုပါသည်။  

တပ်မ (၈၈) သည် မကွေးတိုင်း မကွေးမြို့တွင် အခြေစိုက်ပြီး တပ်မမှူးး သည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လကုန်ပိုင်း ၌နေပြည်တော် တွင် ကျင်းပသည့် ကြည်း လေနှင့် အမြှောက်တပ်တို့၏ ပူးတွဲ စစ်ရေးလေ့ ကျင့်မှု၌ နည်းဗျူဟာမှူး အ ဖြစ် တာဝန်ယူ လေ့ကျင့်ခဲ့သူ ဖြစ်ကြောင်း မြဝတီ ရုပ်မြင်သံကြား ဌာန ၏ မေးမြန်းခန်း အရ သိရပါသည်။

အလားတူ ရှမ်းပြည်နယ် မြောက်ပိုင်း ရှိ(KIA) တပ်မဟာ (၄) ဧရိယာထဲ သို့လည်း အစိုးရတပ်များ ပိုမိုစစ်ဆင် လာပြီး တိုက်ပွဲများ ပြန်လည်ဖြစ် ပွားနေသလို တိုက်ပွဲကြီးများ ဆက်လက် ဖြစ်ပွား လာနိုင်သည့် အခြေအနေ ကြောင့် ဒေသခံ မန့်ဆွမ်း၊ကောင်းနောင် နှင့် ကွန်ကျိုင်း ကျေးရွာမှ ရာနှင့်ချီသော ရွာသားများသည် နမ့်ခမ်းမြို့နှင့် တရုတ်နယ် စပ်ဖက် သို့ တိမ်းရှောင်နေ ကြသည်ဟု ကျားဖြူ ပါတီ၏ နမ့်ခမ်းမြို့နယ် ဥက္ကဋ္ဌ စိုင်း ဆိုင်ဝမ်းက ဆိုပါသည်။

အဆိုပါ တိုက်ပွဲများသည် ပြီးခဲ့သည့် ဧပြီလ ဆန်းပိုင်းတွင် KIA ဌာနချုပ် အနီးသို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဗိုလ် ချုပ် ထွန်းထွန်းနောင် သွားရောက် ခဲ့ပြီး နောက် ပိုင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်၏ ဧပြီလ (၆)ရက်နေ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ခရီးစဉ်အပြီး တွင် ရှေ့ ဆင့် နောက် ဆင့် ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများပင် ဖြစ်ပါသည်။