ပီပြင်သော မီဒီယာဥပဒေနှင့် သတင်းထောက် ကျင့်ဝတ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့

ပီပြင်သော မီဒီယာဥပဒေနှင့် သတင်းထောက် ကျင့်ဝတ် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခဲ့
by -
ရွှေဟင်္သာ

မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ (ယာယီ) နှင့်နိုင်ငံ တကာ မီဒီယာ ပံ့ပိုးရေး အဖွဲ့တို့ပူးပေါင်း စီစဉ် သောမြန်မာသတင်းစာ ဆရာများ သတင်း ကျင့်ဝတ်ဖွံ့ဖြိုးတိုး တက်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကိုမွန်ပြည် နယ်မော် လမြိုင်မြို့ရှိ ငွေမိုး ဟိုတယ်တွင် ဧပြီလ ရက်နေ့က ကျင်းပခဲ့သည်။

“သတင်းထောက် များရဲ့အရည် အသွေးတွေ ကိုမြင့်တင်ဖို့ အတွက် နဲ့ခု ဆိုရင် သတင်းစာ ဆရာ တွေများလာ တယ်ဆိုတော့ တိကျမှန် ကန် တဲ့ သတင်းရေး သားပုံတွေ ကျင့်ဝတ်တွေ ကိုသိစေချင် တဲ့ရည် ရွယ် ချက်ပါ” ဟုမြန်မာ နိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) အဖွဲ့ဝင် ဦးချစ်ဝင်း မောင်က ဆိုပါသည်။

phophtaw 08041402

တနင်္သာရီ ဂျာနယ်မှ တက်ရောက် လာသော တာဝန်ခံ အယ်ဒီတာ ကိုမျိူးအောင် က “ဒီလိုဆွေး နွေးပွဲမှာ သတင်း ထောက် တွေ ရဲ့ခက်် ခဲနက်နဲပြီးဖြေ ရှင်း လို့မရတဲ့ ပြဿနာ တွေ ထွက်လာ တယ်မီဒီယာ သမားတွေ လည်းကျင့် ၀တ်နဲ့ပတ်သက်ပြီးကျယ် ကျယ်ပြန့်ပြန့်သိဖို့လိုအပ်တယ်လေ” ဟုပြောသည်။

ဤဆွေးနွေး ပွဲကဲ့သို့လွန်ခဲ့သည့် မတ်လဆန်း ကလည်း မကွေးတိုင်း ၊တောင်ကြီး၊ မန္တလေး၊ စစ်တွေ၊ မုံရွာ၊ ပုသိမ် ၊ပဲ ခူး တို့တွင် လည်း ပြုလုပ် ခဲ့ပြီးဖြစ်ပါ သည်။ လာမည့်မေလ (၃) ရက်နေ့တွင် တိုင်းနှင့် ပြည်နယ် မှဆွေးနွေး ရရှိ ထား သောရလာဒ်များ ကို မြန်မာ နိုင်ငံစာ နယ်ဇင်း ကောင်စီ (ယာယီ) နှင့် တိုင်းနှင့်ြ ပည်နယ် (၈) ခုမှ သတင်းထောက် ကိုယ်စားလှယ် များက ဆက်လက် ဆွေးကြ ရန်ရှိပြီး မီဒီယာကျင့် ၀တ်ဆိုင်ရာ (၁၅) ချက်ကို အတည်ပြု သွားမည်ဟု လည်းဦး ချစ် ၀င်း မောင် ကဆိုပါသည်။

ယင်းဆွေး နွေးပွဲသို့မွန်ပြည်နယ်၊ ကရင်ပြည် နယ်နှင့်တ နင်္သာရီ တိုင်းဒေသ ၁၆ ခုမှ သတင်းထောက် များ စုစုပေါင်း (၆၆) ဦးတက် ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ၏ ပွင့်လင်းစ မီဒီယာ လုပ်ငန်း တွင် မကြာခဏ ဆိုသလို ပုဒ်မ အမျိုး မျိုးဖြင့် သတင်း ထောက်များ စွပ်စွဲ ခံရပြီး ထောင်ချ မှုများရှိကာ မီဒီယာ ဥပဒေ သစ် အတည် အကျ မရှိသေး သည့် နိုင်ငံတွင် ဥပဒေများဟောင်းများ ဖြင့် အရေးယူ နေသည်မှာလည်း မှန်ကန်မှု မရှိဟု ဆိုနေကြပါသည်။

မီဒီယာ ကျင့်ဝတ်သည် တရားမျှတစွာ ကျင့်သုံးနိုင် ရန်မှာ သတင်းထောက် တွင်လည်း တာဝန်ရှိသလို  အာဏာပိုင်တွင်လည်း တာဝန်ရှိကြောင်းသိရသည်။ ထို့ပြင် သတင်းထောက်၏ ကဏ္ဍကို ယာယီစာ နယ်ဇင်း ကောင်စီက ဦးဆောင် ပညာပေးသကဲ့သို့ အစိုးရဖက်တွင်လည်း တိကျရှင်း လင်းသည့် ဥပဒေများ အချိန် မှီ ပြဌာန်းပေးရန်လိုအပ်သည်ဟု ဆိုသည်။

Most read this week