တနိုင်ငံလုံး အပစ် အခတ်ရပ်စဲ ရေး စာချုပ် ညှိနှိုင်းပွဲ စတင်

တနိုင်ငံလုံး အပစ် အခတ်ရပ်စဲ ရေး စာချုပ် ညှိနှိုင်းပွဲ စတင်
by -
ရွှေဟင်္သာ

ရန်ကုန်မြို့ မြန်မာ့ငြိမ်းရေး စင်တာတွင် ဧပြီ ၅ ရက်မှ စတင် ကျင်းပသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ညှိနှိုင်းပွဲသို့ ဒုတိယ ဗိုလ်ချုပ်ကြီး (၆)ဦး ပါ၀င်တက်ရောက် ခဲ့သဖြင့် ဆွေးနွေးပွဲ အခြေအနေ အားရ ကောင်းမွန် ကြောင်း MPC အကြီးတန်း အရာရှိတဦးက ဆိုပါသည်။

“တက်ရောက် လာတဲ့ စစ်ဖက် ကိုယ်စား လှယ်ရဲ့ အနေ အထား ကိုကြည့်ရင် အားရစရာ ကောင်းပါတယ်။ ပြီးတော့ ဆွေးနွေးချက် တွေကလည်း ပြေလည်စရာ အလား လာကောင်းတွေ တွေ့ရ တယ်လို့ ဆိုပါတယ်။ ဖွင့်ပွဲပြီး ရင်တော့ ညှိနှိုင်းမှုတွေ စမှာပါ” ဟုဆိုပါသည်။

တက်ရောက်လာသော အစိုးရ စစ်ရေး ခေါင်းဆောင်များ ဓါတ်ပုံ ဦးညိုအုန်းမြင့်

ယင်းဆွေးနွေး ပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော် မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး၊ ဒုတိယ ဥက္ကဌ ဦးသိန်းဇော် ၊ တပ်မတော် ကာကွယ်ရေး

ဦးစီးဋ္ဌာနမှ  ဒုတိယ ဗိုလ်ချုပ်ကြီး  မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး  သိန်း ဌေး ပါ၀င်သည့် ဒုတိယ ဗိုလ်ချုပ်ကြီး (၆) ဦးနှင့် အတူ  ဗိုလ် ချုပ် မောင်မောင် အုန်း၊ နှင့် ဗိုလ်မှူးကြီး  ကျော်စိုးဝင်း တို့ တက်ရောက် ကြ ပါသည်။

ထို့အပြင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် မဟုတ်သော တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များလည်း တက်ရောက် ကြ ပါသည်။ အထူးသဖြင့် ၀ပြည် သွေးစည်း ညီညွတ်ရေး ပါတီ၊ မိုင်းလား ဒီမိုကရက် တပ်ဖွဲ့၊ နာဂ ဆိုရှယ်လစ် ပါတီ (NSCN-K) ရှမ်းပြည် ပြန်လည် ထူထောင်ရေး ပါတီနှင့် မြန်မာနိုင်ငံ လုံးဆိုင် ရာ ကျောင်းသား များ ဒီမိုက ရက်တစ် တပ်ဦး တို့လည်း တက်ရောက် ခဲ့ပါသည်။

(UNFC) ကိုယ်စား လှယ်များ မှာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်  ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ မှ အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ၊ ပဒိုကွယ် ထူးဝင်း နှင့် ဗိုလ်ချုပ် ဂွမ်မော်တို့ ဦးဆောင် သည့် အဖွဲ့ဝင် များတက် ရောက်ကြပါသည်။

၄င်းတို့သည် မတ်လ (၉)ရက်နေ့၌ သဘောတူ ထားသည့် အခန်း (၇)ခန်းပါသည့် စာချုပ် မူကြမ်း တခု ရရှိရန် ညှိနှိုင်း ကြမည် ဖြစ်သည်။ ၄င်းတို့မှာ

နိိဒါန်း
အခန်း (၁) အခြေခံမူများ
အခန်း (၂) ဦးတည်ချက်နှင့် ရည်ရွယ်ချက်
အခန်း (၃) အပစ်အခတ်ရပ်စဲရေးဆိုင်ရာကိစ္စရပ်များ
အခန်း (၄) အပစ်အခတ်ရပ်စဲရေးကိုခိုင်မာစေရန် လုပ်ဆောင်ရမည့်နည်းလမ်းများ
အခန်း (၅) နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ အာမခံချက်များ
အခန်း (၆) ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ
အခန်း (၇) အထွေထွေ တို့ဖြင့် ညှိနှိုင်းကြမည် ဖြစ်သည်။

ဤကဲ့သို့ အပစ်အခတ် ရပ်စဲရေး စာချုပ် အတွက် ဆွေးနွေး နေကြသည် ဆိုသော်လည်း ရှမ်းပြည် မြောက်ပိုင်း ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ တပ်များနှင့် တိုက်ပွဲဖြစ်ပွား နေ ခဲ့ကြပါသည်။

အစည်းအဝေးကို နှစ်ရက်တာ ကျင်းပ မည်ဖြစ်ပြီး လိုအပ်ချက် များကို ဆက်လက် ညှိနှိုင်းနိုင် ရန် ပဒိုကွယ်ထူးဝင်း ခေါင်းဆောင် သော နည်းပညာ အထောက် အကူအဖွဲ့ကို တာဝန်ပေးထား ခဲ့ပါသည်။ ညှိနှိုင်းမှုများ ပြီးစီးပါက တနိုင် ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အတည်ပြု ပွဲကို ကရင်ပြည်နယ် ဖါးအံမြို့တွင် ဆက်လက် ကျင်းပ မည်ဖြစ်ကြောင်းသိရသည်။