တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) လက်အောက်ခံ တပ်ရင်း (၁၀၁) တပ်ဖွဲ့ နှင့် အစိုးရ ခလ ရ (၄၅) တပ်ဖွဲ့တို့သည် ရှမ်းပြည် မြောက် ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်ကျေးရွာ အုပ်စု မှ သာပန်းကုန်း ကျေးရွာ အနီး တွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ သည်ဟု တအာင်း ပြန်ကြားရေး မှ ဆိုပါသည်။
“ ယမန်နေ့မနက် (၃)နာရီကနေ (၃)နာရီခွဲထိ တကြိမ် နဲ့ နေ့လည် (၁၀) နာရီ မိနစ် (၂၀) ကနေ (၁၁)နာရီအထိ တကြိမ် ဖြစ်ပွားခဲ့တယ်။ အထိအခိုက် အကျ ဆုံးတော့ မသိရသေး ပါဘူး။” ဟု ဆိုပါသည်။
ယင်းစစ် ကြောင်းတွင် အစိုးရ ခလရ (၄၅) တပ်ရင်းမှ အင်းအား (၄၀)ကျော် နှင့် ပန်ဆေးပြည့်သူ့ စစ်လက် အောက်ခံ ၀ါယော့ပြည့် သူ့စစ်အင်အား (၆၀) ကျော်တို့ ပူးပေါင်း ထားသော လှုပ်ရှား
စစ်ကြောင်း ဖြစ်ပြီး ပန်ဆေးဧရိယာ ရှိဘိန်း ခင်းများကို ကာကွယ် စောင့်ရှောက် နေသော တပ်ဖွဲ့ဖြစ်သည်ဟု TNLA ဖက်က ဆိုပါ သည်။
ထို့အတူ ယင်းဧရိယာသည် TNLA တပ်ဖက်မှ လုံခြုံရေး အရ အမြဲတမ်း ကင်းလှည့်နေ သော နေရာဖြစ် သဖြင့် အစိုးရ တပ်ဖွဲ့ဖက်မှ ကြားဖြတ် တိုက်ခိုက် လိုက်ခြင်း ဖြစ်oသည်။ ပထမ တိုက်ခိုက်မှု တွင် TNLA ဖက်မှ အထိနာဖွယ်ရှိမည်အထင်ဖြင့် ဒုတိယအကြိမ် ထပ်မံတိုက်ခိုက် ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။
“ပထမ တိုက်ပွဲမှာ ကျနော်တို့ ရတဲ့နေရာ မကောင်းတော့ ဆုတ်ပေးပြီး နောက် တနေရာ ယူပါတယ်။ ဒါကို အထိနာ တယ်လို့ ထင်ရင်ထင်နိုင်တယ်။ ဒါကြောင့် သူတို့က ကျနော်တို့ ရှိတဲ့နေရာကို ဒုတိယ အကြိမ် တက်တိုက်တာ ဖြစ် မယ်။ တကယ်တော့ ကျနော်တို့ဖက်က ဘာမှမဖြစ်ပါဘူး” ဟု ဆိုပါသည်။
TNLA နှင့် အစိုးရ တပ်ဖွဲ့များသည် တိုက်ပွဲ မဖြစ်ခဲ့ သည်မှာ လနှင့် ချီကြာလာပြီ ဖြစ်သော်လည်း ရှမ်းပြည် မြောက် ပိုင်း ရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်မဟာ (၄) တပ်ဖွဲ့များနှင့်မူ မကြာခဏ တိုက်ပွဲ ဖြစ်ပွား ခဲ့ သည်ဟု (KIA) ဖက်က ဆိုပါသည်။
ဧပြီလ၊ ၄ ရက်နေ့ တွင် ကချင် ပြည်နယ် KIA, တပ်မဟာ (၃) လက်အောက်ခံ KIA တပ်ရင်း (၂၇) နယ်မြေ ဖြစ်သောမန်မောင်း ကျေးရွာ သို့ ညနေ (၂နာရီ မိနစ် ၄၀)အချိန်ခန့်၌ အစိုးရ စစ်ကား တစီးကို ရပ်တန့် စစ်ဆေးရာ ထွက်ပြေး သဖြင့် ပစ်ခတ်လိုက်ရာ ခမရ (၅၆၇) မှ ဗိုလ်မှူး မျိုးညွန့်စိုး အပါ၀င် ရဲဘော်တဦး ကျဆုံးပြီး တပ်သားတဦး ဖမ်းဆီးရမိ ကြောင်း တပ်မဟာ (၄) အရာရှိတဦးက ဆိုပါသည်။
“ကျနော်တို့က ရပ်ခိုင်းဖို့ အချက်ပြ ပစ်ခတ်လိုက် တာပါ။ ဒါကို မရပ်ဘဲနဲ့ ပြန်ပစ်တယ်။ ဒီတော့ အပြန်အလှန် ပစ်တဲ့ အတွက် အဲဒီ ဗိုလ်မှူး တစ်ဦးနဲ့တပ် သား တဦး ကျပြီးတော့ တပ်သား လှဝင်းတင် ကို အရှင် ဖမ်းဆီး မိတယ်။ အဲဒီတော့ PAJERO ကားတစ်စီး၊ ပစ္စတို (၂)လက် ၊ MA (၁) လက် ရတယ်။ ဒါပေမဲ့ ညနေ (၃) နာရီ (၄၅)မိနစ်မှာ အ လောင်းနဲ့ အတူ ဖမ်းမိတဲ့ တပ်သားကို ပြန်ပို့ပေးလိုက်တယ်” ဟုဆိုပါသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ (၂)ရက်နေ့ တွင် KIA တပ်မဟာ (၄) လက်အောက် ခံ တပ် ရင်း (၃၆) တပ်ဖွဲ့ များနှင် ့ လားရှိုး အခြေစိုက် ခမရ(၅၀၇) တပ်ဖွဲ့ တို့ သည် နံက် (၁၀)နာရီ ခန့်၌ နမ့်ခမ်း မြို့နယ် လွယ်လန့် ကျေးရွာ တွင် တ ကြိမ်နှင့် နေ့ လည်ပိုင်း (၁)နာရီ ခန့်တွင် KIA တပ်ရင်း (၃၈) တပ်ဖွဲ့နှင့် တကြိမ်၊ နှစ် ကြိမ် တိုင် ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဤတိုက်ပွဲ များနှင့် အတူ ယခုရက်ပိုင်းတွင် တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့ ကြောင်း ဆိုပါသည်။
ယင်းတိုက်ပွဲတွင်အစိုးရခမရ (၅၀၇) တပ်ဖွဲ့မှ (၃)ဦးကျပြီးပြည်သူ့စစ်တဦးဒဏ်ရာရခဲ့သည်ဟု KIA ဖက်မှဆိုပါသည်။ဤတိုက်ပွဲကြောင့်ဧပြီ လ၂ ရက်နေ ့ ညနေ ၄ နာရီ ခန် ့တွင် ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို ့ဘက်မှ တက် လာသော စစ်ကား (၁၃) စီးထဲမှ (၇)စီးသည် မူဆယ် မှ တဆင့် နမ့်ခမ်း ဘက်သို ့ဦးတည် သွားပြီး ကျန် (၆)စီး သည် မူဆယ် (၁၀၅)မိုင် နှင့် နမ့်အုန်း အကြား စစ်ကူ အဖြစ် ထွက်ခွာ သွား ကြောင်း KIA ဖက်မှ ဆိုပါသည်။
အလားတူ ဧပြီ ၂ ရက်နေ ့တွင်ပင် အင်အား(၁၅၀)ခန် ့ရှိသော အစိုးရ စစ်ကြောင်း တစ်ကြောင်း သည် စစ်ကား( ရ) စီး ဖြင့် ကချင်ပြည်နယ် ဗန်းမော်မြို ့မှ တ ရုတ် ပြည် နယ်စပ် လွယ်ဂျယ် ဖက်သို ့ စစ်ဆင်ခဲ့ သည်ဟု ဆိုပါသည် ။ အစိုးရ တပ်များသည် ရှမ်းပြည်မြောက် ပိုင်းရှိ KIA တပ်မဟာ (၄) ကိုနေ့ စဉ်ရက်ဆက် စစ်အင်အား တိုးမြှင့်ပြီး လှုပ်ရှား လာနေသည်ဟု သိရသည်။
ဤကဲ့သို့အစိုးရတပ် များတိုက်ခိုက် မှုသည်မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်၏ အ ကြံပေး ပုဂ္ဂိုလ် မစ္စတာ နမ်ဘီးယား ၏ ဧပြီလ (၂)ရက်နေ့ KIO ဌာနချုပ်လိုင်ဇာ ခရီးစဉ်နှင့် တိုက်ဆိုင်နေ ပါသည်။ မစ္စတာ နမ်ဘီးယားသည် အစိုးရနှင့် ငြိမ်း ချမ်းရေး ဖေါ်ဆောင်နေ မှုအခြေ အနေကို KIO ဗဟိုကော်မီ တီများနှင့် (၄) နာရီကြာဆွေးနွေးခဲ့သည်ဟု KIO အရာရှိများ ကဆိုပါသည်။
လိုင်ဇာသို့ သွားရာ လမ်းတစ်လျှောက် ရှိ အစိုးရ စစ်တပ် ဂိတ်များသည် လည်း မစ္စတာ နမ်ဘီးယား ၏ ခရီးစဉ် အား နှောင့်နှေးစေရန် စစ်ဆေး မှု များပြုလုပ် ခဲ့ကြောင်း၊ ဤကဲ့သို့ အချိန်ကြန့်ကြာမှု ကြောင့် ယခုခရီးစဉ် တွင် စစ်ပြေး ဒုက္ခသည် စခန်းများသို့ မသွားရောက် နိုင်ခဲ့ဟု KIO ဖက်မှ ပြောဆိုသည်။
အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ နှစ်ဖက်တင်းမာမှုအခြေအနေကို အစိုးရဖက်မှအတည်ပြုချက်မရရှိခဲ့ပေ။
မစ္စတာ နမ်ဘီးယား သည် အစိုးရ၏ အပစ်အခတ် ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အခြေအနေ အပါ၀င် မြန် မာနိုင်ငံ အရေး ကို လာမည့် ဧပြီလ (၂၄) ရက်တွင် ကျင်းပမည့် ကုလ အစည်းအဝေးကြီး တွင် တင်ပြဆွေးနွေး သွား ရန် ရှိကြောင်းသိရသည်။