တရားမဝင် မြန်မာရေလုပ်သား ၆၀ ကျော်ကို ထိုင်းနိုင်ငံမှ ဖမ်းဆီးထား

တရားမဝင် မြန်မာရေလုပ်သား ၆၀ ကျော်ကို ထိုင်းနိုင်ငံမှ ဖမ်းဆီးထား
by -
ရွှေဟင်္သာ

တရားမဝင် မြန်မာ နိုင်ငံသား ရေလုပ်သား (၆၀)ကျော်ကို ထိုင်း နိုင်ငံ ပင်လယ်ကွေ့ရှိ ကော့စမွယ် (Koh Samui) ကျွှန်း၌ ပြီးခဲ့သည့် မတ်လ တရက်နေ့တွင် ဖမ်း မိကြောင်း ပြောရေး ဆိုခွင့် ရှိသူ ဗိုဖစ် (Pophut) ရဲစခန်းမှ ရဲအရာရှိ မစ္စတာ ဆွမ်ဂျစ် ကဆို ပါသည်။

“ တချို့သူတွေ ကတော့ မူးရစ်ဆေးပါသုံးတာ တွေ့ရတယ်။  သူတို့ကို လူဝင်မှုကြီးကြပ်ရေး အဖွဲ့က ဖမ်းပြီး ကျနော် တို့ဆီကို ပို့လိုက်တာပါ။ တချို့ကိုတော့ တရားရုံး တင်လိုက်တယ်။ ကျန်တဲ့ လူတွေကို ဒီနေ့ထပ်ပြီး တရားရုံးကို တင် မယ်။” ဟု ဆိုပါသည်။

အဖမ်းခံထားသူများ ရဲစခန်းတွင် တွေ့ရစဉ် အဖမ်းခံထားသူများ ရဲစခန်းတွင် တွေ့ရစဉ် ဓါတ်ပုံ ရဲစခန်းတွင် အလုပ်လုပ်နေသူတဦး

ဖမ်းဆီးခံရ သူများးသည် မြန်မာနိုင်ငံ မွန်ပြည်နယ် နှင့် တနင်္သာရီ တိုင်းမှ အများစု ဖြစ်သည်ဟု ဆိုပါသည်။ ၄င်းတို့ သည် ကော့စမွယ် ကျွှန်း၌ ခေတ္တ ဆိပ်ကမ်း ကပ် ရပ်နားစဉ် ကျွှန်းပေါ်သို့အလည် သွားရာမှ အဖမ်းခံ ခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

၄င်းတို့ကို တရားမဝင် နိုင်ငံတွင်း ၀င်ရောက်မှု၊၊ ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်ကိုင်မှု၊၊ အချို့ကို မူးယစ်ဆေး သုံးစွဲမှု ဖြင့် တရားစွဲမည်ဟုသိရသည်။  ၄င်းပြစ်ဒဏ်များသည် ထောင်ဒါဏ် နှင့် ငွေဒါဏ်များ ချမှတ် နိုင်ပြီး၊ မူးယစ်ဆေးဝါး အမှု သည် နှစ်ရှည် ထောင်ဒါဏ်ကျဖွယ် ရှိနေပါသည်။

ဖမ်းမိသော လူ (၆၀)ကျော် ထဲတွင် (၁၀)ကျော်သည် မူးရစ်ဆေးဝါး သုံးစွဲသူ များ ဖြစ်ပါသည်။

မြန်မာ့အလုပ်သမား အရေးကို ဆောင်ရွက်နေသည့်  ထိုင်းနိုင်ငံ ဘန်ကောက် မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးသိန်းနိုင် ကမူ “ အထောက် အထား မဲ့ တွေကိုတော့ (၄၅) ရက် လောက် အချုပ်ချမယ်၊ အဲဒါ ပြီးရင် တော့ နယ်စပ် ကိုပြန်ပို့တယ် ဆိုပေမဲ့ မူးယစ် ဆေးဝါးနဲ့ ဆက်စပ်တဲ့ သူဆိုရင်တော့ အဲဒါက ရဲရဲ့မှုခင်း တည်ဆောက် ထားတဲ့အပေါ် မူတည်တယ်” ဟုဆိုပါသည်။

တရားမဝင် မြန်မာ နိုင်ငံသား များသည် ထိုင်းနိုင်ငံ စမွန်စခွန်းရှိ ဝါလတ် လှေ အမျိုးအစား ငါးဖမ်း လုပ်ငန်း ကုမ္မဏီ တ ခုမှ ဖြစ်ပြီး မဟာချိုင် လှေဆိပ်မှ ထွက်ခွာ လာခဲ့ခြင်း ဖြစ်ပါသည်။ စမွတ်စခွန်းရှိ မဟာချိုင်ဒေသသည် မြန်မာ နိုင်ငံ သား (၄)သိန်းခန့် ရှိကြောင်း၊ ထိုထဲတွင် မွန်ပြည်နယ်မှ လူဦးရေ (၂)သိန်းခန့် ရှိကြောင်း မြန်မာ အလုပ်သမား များကို အကူအညီ ပေးနေသည့် (NGO) အဖွဲ့များက ဆိုပါသည်။

ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ် သမား များထဲ တွင် စိုက်ပျိုးရေး၊ ဆောက်လုပ် ရေး နှင့် စက်ရုံ အလုပ်သမား အ များစုသည် ခွင့်ပြုချက် လက်မှတ်များ ကိုင်ေ ဆာင်ပြီး တရားဝင် အလုပ်လုပ် နေကြပြီး ဖြစ်သည်။ သို့သော် တနှစ်တခါ၊ သို့မဟုတ် (၆)လတခါ သာ ကမ်းကပ် ခွင့်ရခဲ့သော မြန်မာ ရေလုပ်သား များမှာမူ စစ်ဆေး အရေးယူခြင်း နည်းပါးသ ဖြင့် အများစုသည် ယနေ့အထိ တရားဝင် အလုပ်လုပ်ကိုင်ခြင်း မရှိသေးကြောင်း ရေလုပ်သားများက ရေလုပ်သားများမှသိရသည်။