NCCT စာချုပ်မူကြမ်း ရေးဆွဲရေးအဖွဲ့ဝင်များနှင့် အစိုးရ UPWC တို့ဧပြီလဆန်းတွင် ဆွေးနွေးမည်

NCCT စာချုပ်မူကြမ်း ရေးဆွဲရေးအဖွဲ့ဝင်များနှင့် အစိုးရ UPWC တို့ဧပြီလဆန်းတွင် ဆွေးနွေးမည်
by -
ရွှေဟင်္သာ

နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသား လက်နက် ကိုင်များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ  ညှိနှိုင်း ရေး အဖွဲ့ (NCCT)  ဆွေးနွေးပွဲ သည် စာချုပ်မူကြမ်း ရေးဆွဲရေး ကော်မီတီအဖွဲ့ဝင် (၉) ဦးအား မတ်လ ၂၀ ရက်နေ့တွင် ရွေးချယ်ပြီးစီးသည်ဟု ပြောခွင့် ရသူ ခွန်ဥက္ကာက ဆိုပါသည်။

“ စာချုပ် မူကြမ်း ရေးဆွဲရေး ကိုယ်စား လှယ်ကို အမြဲတမ်း (၆) ဦးနဲ့ အလှည့်ကျ (၃)ဦး ဆိုပြီးတော့ ရွေးချယ်တယ်။  လောလော ဆယ် တော့ ပဒိုကွယ် ထူးဝင်း က ခေါင်းဆောင် တယ်။ ကျန်တဲ့ (NCCT) ခေါင်းဆောင် နှစ်ဦး ကတော့ အ လှည့်ကျ ပါ၀င်အား ဖြည့်မှာ ပေါ့ဗျာ” ဟု ဆိုပါသည်။

NCCT နှင့် အစိုးရ စစ်ဖက် ကိုယ်စားလှယ်များ ရန်ကုန် ဆွေးနွေးအပြီး အမှတ်တရ NCCT နှင့် အစိုးရ စစ်ဖက် ကိုယ်စားလှယ်များ ရန်ကုန် ဆွေးနွေးအပြီး အမှတ်တရ

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်း အချော သတ်ရေး အတွက် NCCT ဖက်မှ ရွေးချယ်ထားသော ကိုယ်စား လှယ်များ မှာ ပဒိုကွယ် ထူး ၀င်း ခေါင်းဆောင်ပြီး ခွန်ဥက္ကာ ၊ ရွေမျိုးသန့် ၊ ဒေါက်တာ လျန်မှုန်း ဇာခေါင်းတို့အဓိက ဦးဆောင်ပြီး ကော် မီတီ အဖွဲ့ဝင် များဖြင့် (၉)ဦး ဖြည့်ထားပါသည်။

NCCT အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ နှင့် ဗိုလ်ချုပ် ဂွမ်မော် တို့သည် အလှည့်ကျ ပါ၀င်မည် ဖြစ်သည်။ ထို့အပြင် ဆွေး နွေးပွဲ သည် စာချုပ်တွင် ပါ၀င်သော အခန်း (၇)အတွက် ပြဌာန်း ချက်များကို ဆုံးဖြတ်ကြပြီး လာမည့် ဧပြီလ ပထမ အ ပါတ်တွင်  ပြည်ထောင်စု အဆင့် ငြိမ်းချမ်ူရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော်မီတီ (UPWC) နှင့် ရန်ကုန်မြို့ တွင် တွေ့ ဆုံ ဆွေးနွေး ကြမည်ဖြစ် သည်ဟု ခွန်ဥက္ကာမှ ဆိုပါသည်။

UPWC ဖက်မှ စာချုပ်မူကြမ်း ရေးဆွဲရေး ကိုယ်စား လှယ်များ မသိရသေး သော်လည်း ဧပြီလ ပထမ အပါတ်တွင် ရန်ကုန်မြို့ရှိ (MPC) ရုံးတွင် တွေ့ဆုံဆွေးနွေး ဘွယ် ရှိနေပါသည်။ NCCT ၏ ဆွေးနွေးပွဲ ကိုယ်စားလှယ် များသည်  ဆွေးနွေး ရန် မူလက သဘော တူထားသော အခန်း (၇)ခန်းပါ ပြဌာန်းချက် များကို ညှိနှိုင်း ခဲ့ကြပြီး ဖြစ်သည်။

NCCT သည် ၄င်းတို့၏ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲ ရေး စာချုပ် မူကြမ်း ရေးဆွဲရေး ညှိနှိုင်း ဆွေးနွေးပွဲ သို့ ရှမ်း ပြည် ပြန်လည် ထူထောင် ရေး ကော်စီ (RCSS) အဖွဲ့ကို ဖိတ်ကြား ထား သော်လည်း တက် ရောက်ခြင်း မရှိပေ။ သို့သော် RCSS ကိုယ်စား လှယ် များသည် အစိုးရ (MPC) အဖွဲ့နှင့် ယနေ့မနက် ပိုင်းတွင်  ထိုင်းနိုင်ငံ ချင်းမိုင် မြို့၌တွေ့ဆုံခဲ့ ပြီး ဖြစ်ပါသည်။

သို့သော် NCCT သည် ဧပြီလ ပထမ အပါတ် ဆွေးနွေးပွဲ ကို တက်ရောက်ရန် RCSS အား ထပ်မံဖိတ်ကြား ရန်ရှိနေပါ သည်။ ထို့နည်းတူ အစိုးရ (MPC) အဖွဲ့က လည်း ဖိတ်ကြားရန် ယနေ့ ကမ်းလှမ်း ထားပြီး ဖြစ်သည်။ RCSS ကိုယ်စား လှယ်များကမူ အကယ်၍ ဖိတ်ကြားခဲ့ပါက တက်ရောက်ရန် သင့်မသင့် စဉ်းစား ရလိမ့်ဦး မည်ဟု ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောဝ် ဆိုင်က ဆိုပါသည်။

NCCT နှင့် UPWC တို့သည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူကြမ်းကို အချောသတ် ရေးဆွဲနိုင်ပြီးမှ ကရင် ပြည်နယ် ဖါးအံမြို့ တွင် အစည်းအဝေး ကျင်းပပြီး စာချုပ်အား သဘောတူ ကြောင်း လက်မှတ်ထိုးပွဲ ကျင်းပရန် ရှိပါ သည်။ တနိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲကိုမူ  နေပြည်တော်တွင် ကျင်းပရန် ရှိသည်ဟု (MPC) အကြီးတန်း အရာရှိများက ဆိုပါသည်။