တိုင်းရင်းသား များ၏ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) သည် တနိုင်ငံလုံး ဆိုင်ရာ အပစ် အခတ်ရပ် စဲရေး စာချုပ်မူ ကြမ်းကို အချောသတ်နိုင်ရန် ညှိနှိုင်း ဆွေးနွေးပွဲတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ မတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည်ဟု ပြောခွင့်ရသူ ခွန်ဥက္ကာက ဆိုပါသည်။
“ ကျင်းပတာ တော့ ဒီနေ့နဲ့ မနက်ဖြန် (၂)ရက်ပေ့ါ။ အခုညှိနှိုင်း နေတာက ပြီးခဲ့တဲ့ အစိုးရ ကိုယ်စားလှယ် တွေနဲ့ ညှိ နှိုင်း ထားခဲ့တဲ့ အချက်တွေကို အကောင် အထည်ဖေါ်ဖို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အသေးစိပ် ကတော့ မနက်ဖြန် ညနေ လောက်မှ သိနိုင်မယ်။” ဟု ဆိုပါသည်။
ယင်းဆွေးနွေး ပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့(၁၆)ဖွဲ့မှ ရခိုင်အဖွဲ့ မှ စောမြရာဇာလင်းမှလွဲ၍ (NCCT) အဖွဲ့ဝင် ကိုယ်စားလှယ် (၁၅) ဦးမှ စုံညီ တက်ရောက် ခဲ့ပါသည်။
(NCCT) ဆွေးနွေးပွဲ ကျင်းပချိန် တွင် ဦးလှမောင်ရွှေ ခေါင်းဆောင်သော ဦး ညိုအုန်းမြင့် နှင့် ဦး တင်မောင်သန်း တို့ ပါ သည့် အစိုးရ ငြိမ်းချမ်းရေး စင်တာ အဖွဲ့မှ လည်း ထိုင်းနိုင်ငံ ချင်းမိုင်းမြို့သို့ ရောက်ရှိနေသည်။
ယင်း အဖွဲ့သည် ပြီးခဲ့သည့် မတ်လ (၉) ရက်နေ့တွင် နှစ်ရက်တာ ကျင်းပခဲ့ သော (NCCT) နှင့် အစိုးရ ကိုယ်စားလှယ် တို့၏ ရန်ကုန် ဆွေးနွေးကို တက်ရောက် နိုင်ခြင်း မရှိခဲ့သည့် ကချင်လွတ် လပ်ရေး အဖွဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်အား တွေ့ဆုံ ခဲ့ပြီး (NCCT) အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာ နှင့်လည်း တွေ့ဆုံ ခဲ့ပါသည်။
ဗိုလ်ချုပ် ဂွမ်မော် သည် ကျန်းမာရေး အရ ယင်းဆွေးနွေး ပွဲသို့ မတက်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ NCCT အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့တို့သည် နှစ်ဖက်စလုံးမှ တင်ပြထားသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မူကြမ်းအား အချော သတ်ရန် တက်ဖက်စီ ကိုယ်စားလှယ် (၉)ဦးဖြင့် ညှိနှိုင်းရန် သဘောတူ ထားပါသည်။
ထို့အပြင် အချက်(၅)ချက်ပါသော စာချုပ်မူကြမ်း ခေါင်းစဉ်များ ကိုပါ သဘောတူ ထားသဖြင့် မည်သို့ အကောင်အ ထည် ဖေါ်ရမည်ကို (NCCT) အဖွဲ့မှ ယနေ့ မှစပြီး နှစ်ရက် တာ ညှိနှိုင်း နေခြင်း ဖြစ်ပါသည်။ ယင်းညှိနှိုင်း ရရှိမှု အပေါ် မူတည်ပြီး (MPC) အဖွဲ့နှင့် တွေ့ဆုံကြမည် ဖြစ်ပါသည်။
မတ်လ (၉)ရက်နေ့ ၌ကျင်းပသော ရန်ကုန်မြို့ ဆွေးနွေးပွဲတွင် NCCT ဖက်မှ တက်ရောက်သော ကိုယ်စားလှယ် များ မှာ အဖွဲ့ခေါင်းဆောင်နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုကွယ် ထူးဝင်း အပါ၀င် ဒေါက်တာ ဆလိုင်း လျန် မုန်း ဆာခေါင်း၊ ဦးရွှေမျိုးသန့်၊ ခွန်ဥက္ကာ၊ ဒေါ်စောမြ ရာဇာလင်း ၊ဦးထွန်းဇော်၊ ဒုတိယ ဗိုလ်မှုးကြီး ဆင်ဝါး၊ ပဒိုတာဒိုမူးနှင့်ဒုတိယ ဗိုလ်မှုး ကြီး ကျော် ဟန်တို့ဖြစ်ပါသည်။
အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) မှ တက်ရောက်သော ကိုယ်စား လှယ် များမှာ (UPWC) ၏ ဒုတိယ ဥက္ကဌ ဖြစ်သည့် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ဒုတိယ ဥက္ကဌ လည်းဖြစ် ပြည်သူ့လွတ်တော် ရေးရာ ကော်မတီ ဥက္ကဌ ဖြစ်သူ ဦးသိန်းဇော်၊ ဝန်ကြီး ဦးခင်မောင်စိုး၊ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦး ဝင်းထွန်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း အပါ၀င် ကာကွယ် ရေး ဦးစီး ချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ် ကြီး မြင့်စိုး ခေါင်းဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးေ ကျာ်ဆွေ၊ ဗိုလ် ချုုပ် မြထွန်းဦး၊ ဗိုလ်မှုးကြီး ကျော်စိုးဝင်း ၊ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း၊ ဒုတိယ ဝန်ကြီး ဦးအောင် သိမ်း၊ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊အမျိုးသား လွတ်တော် ကိုယ် စားလှယ် ဦးစော ထွန်းမြအောင်၊ ပြည် သူ့လွတ် တော် ကိုယ်စားလှယ်မိယဉ်ချမ်း၊ နှင့် MPC မှ အကြီးတန်း အရာရှိများ တက်ရောက်ကြ ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင် ရာညှိနှိုင်းရေး အဖွဲ့NCCT (Nationwide Ceasefire Coordination Team) သည်ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ တွင် ကချင်လွတ်လပ်ရေး ဌာနချုပ် လိုင်ဇာ၌ ကျင်းပပြီးဆုံးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ပထမ အကြိမ် ညီလာခံမှ ဖွဲ့စည်းခဲ့ ပါသည်။
ဤအဖွဲ့သည် နိုဝင်ဘာ (၄)ရက်နေ့တွင် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) နှင့် မြစ်ကြီးနား မြို့ တွင် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မပြီးပြတ်သေး သည့် ကိစ္စများ အတွက် ဒုတိယ အကြိမ် ညီလာခံ ကျင်းပရန် ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေတွင် ကျင်းပခဲ့ပါသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ ဒုတိယအကြိမ် ညီလာခံကို (KNU) ၏ လေးဝါးခေါ် လောခီးလာ စခန်းတွင် ပြီးခဲ့သည့် ဇန္နာဝါရီလ အကုန်ပိုင်း ကျင်းပပြီး မတ်လ (၉) ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ (UPWC) နှင့် ရန်ကုန်မြို့တွင် ရရှိသော မူကြမ်းကို ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်