ညီညွတ်သောတိုုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များနှင့် အင်ဒိုနီးရှားနိုင်ငံ အပါအဝင် တောင်အာဖရိကနိုင်ငံမှ ပညာရှင်များတို့သည် ဇန်နဝါရီ (၃) ရက်နေ့တွင် ပဋ္ဋိပက္ခ ဖြေရှင်းခြင်း ဆိုင်ရာ နိုင်ငံရေး ဆွေးနွေးပွဲများ အကြောင်း အမြင်ချင်း ဖလှယ် ခဲ့ကြကြောင်း (UNFC) အထွေထွေ အတွင်း ရေးမှူး နိုင်ဟံသာက ပြောသည်။
နိုင်ဟံသာက “ သူတို့ ကတော့ ကျနော် တို့ရဲ့ လောခီးလား သဘောတူ ညီချက် အခြေအနေ ကို မေးမြန်းတယ်။ နိုင်ငံတကာရဲ့ ဆွေးနွေးပွဲ အတွေ့ အကြုံ တချို့ကို နှိုင်းယှဉ် ပြတယ်။ ကြားလူ ထားရှိရေး ကိစ္စ၊ အပစ်အခတ် ရပ်စဲရေး ကြန့်ကြာမှု မရှိ စေရေးနဲ့ ဖြစ်သင့်တဲ့ ကိစ္စတွေကို အကြံပြုခဲ့ ပါတယ်” ဟု ဆိုပါသည်။
(UNFC) ခေါင်းဆောင် များကမူ တနိုင်ငံနှင့် တနိုင်ငံနှင့် တနိုင်ငံ အခြေအနေ မတူကြောင်း၊ အတွေ့ အကြုံအရ မြန်မာ အစိုးရသည် တွေ့ဆုံ ဆွေးနွေး ရေးကို အကြောင်းပြပြီး အချိန်ဆွဲ နည်းဗျူဟာ ကျင့်သုံးပြီး တဖက် အဖွဲ့ကို ချေဖျက် ခဲ့ကြောင်း၊ အပြော တမျိုး အလုပ်တ မျိုးဖြင့် အလိမ်ခံ ရခြင်းမျိုး နှင့်သာ ရင်ဆိုင် ခဲ့ရကြောင်း၊ ယခုလည်း တနိုင်ငံလုံး အပစ်အ ခတ်ရပ်စဲ ရေးကို လက်မှတ် ထိုးပြီးပါက နိုင်ငံရေး ဆွေးနွေးပွဲ မဖြစ်မှာကို စိုးရိမ် နေရကြောင်း ပြန်လည်ပြီး အမြင်ချင်း ဖလှယ် ခဲ့ကြပါသည်။
လာရောက် အမြင် ဖလှယ် ကြသော ပညာရှင် များမှာ တောင်အာဖရိကနှင့် အင်ဒိုနီးရှား နိုင်ငံမှ ပညာရှင် (၃) ဦး ဖြစ်ပါသည်။ (UNFC) ဖက်မှ အဖွဲ့အစည်း ခေါင်းဆောင် (၂၀)ကျော် တက်ရောက်ပြီး ဆောင်ရန် ရှောင်ရန်နှင့် သတိထား ရမည့် ကိစ္စ များကို တင်ပြ ခဲ့ကြ ပါသည်။
ထို့အပြင် မြန်မာ့ အရေးတွင် စိတ်ရှည်ရန် လိုအပ်ကြောင်း၊ အခက် အခဲများ ကျော်လွှား နည်းနှင့် သဘောထား ရမည့် နည်းမှန် များကို စုပေါင်း ဆွေးနွေး ခဲ့ကြ ပါသည်။ အထူးသဖြင့် အစိုးရ၏ တွေ့ဆုံ ဆွေးနွေးရေး လုပ်ငန်းစဉ်သည် အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားခြင်း ဟုတ်မဟုတ် စီစစ် သုံးသပ် ခဲ့ကြ ပါသည်။
အစိုးရသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် ချုပ်ကိုင် ထားပြီး တပ်မတော်၏ မူ (၆) ချက်ဖြင့် ထိမ်းကွပ် သွားဖွယ် ရှိနိုင်ကြောင်း၊ အစိုးရသည် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု စာမျက်နှာ အရသာ ငြိမ်းချမ်းရေး တည်ဆောက် သယောင် အချိန် ဆွဲကာ ဖန်တီး ပြနေခြင်းသာ ဖြစ်နိုင်ကြောင်း၊ လိုအပ်သော နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ရရှိပါက လက်နက် ချခိုင်းလိမ့်မည် ဖြစ်နိုင်ကြောင်း (UNFC) အဖွဲ့ဝင် များက စိုးရိမ် နေကြ ပါသည်။
မြန်မာနိုင်ငံ၏ အရင်းခံ ငြိမ်းချမ်းရေး ဆိုသည်မှာ အများပြည်သူ လက်ခံနေသော ဒီမိုကရေစီ ရှိသည့် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို တည်ဆောက် ရမည် ဖြစ်သည်။ ဤစနစ်ကို လက်ရှိ အစိုးရမှ အမှန်တကယ် လက်ခံပါ၏လော ဟူသည်မှာလည်း စဉ်းစားစရာ ဖြစ်နေပါသည်။ ဤသို့ကြောင့် အစိုးရသည် ပြည်သူများ လိုလား တောင့်တသည့် ဖက်ဒရယ် ပြည်ထောင်စုမျိုး တည်ဆောက်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိမည် ဖြစ်ပါသည်။
နိုင်ငံ တနိုင်ငံ၏ စစ်မှန်သော ငြိမ်းချမ်းရေးသည် ၄င်းနိုင်ငံ၏ ရှိသင့်သော နိုင်ငံရေး အခွင့်အရေး (Political Right) ၊ သာတူညီမျှမှု (Civil Liberty) နှင့် လွတ်လပ်မှု (ဒီမို ကရေစီ အရေး) (Public Interest) တို့အပေါ် မူတည်ကြောင်း၊ ဤအခွင့်အရေး များကို ကုလ သမဂ္ဂ၏ ပြဌာန်းချက် (၁၄၄) ဖြစ်သည့် အစိုးရ၊ ပြည်သူ နှင့် လုပ်ငန်းရှင် များပါ၀င်သည့် သုံးပွင့်ဆိုင် ဆွေးနွေးမှု ဖြင့် အကောင် အထည် ဖေါ်မှသာ အောင်မြင် လိမ့်မည် ဖြစ်သည်ဟု ပြဌာန်း ထားပါသည်။
ဤအခြေ အနေကို ရရှိရန် နိုင်ငံတကာ အစိုးရများ အပါ၀င် ပညာရှင် များက နည်းလမ်း ပေါင်းစုံဖြင့် တွန်းအား ပေးနေ ကြခြင်း ဖြစ်ပါသည်။ ဤသို့ကြောင့် လက်ရှိ အမြင် ဖလှယ်သည့် အလုပ်ရုံု ဆွေးနွေး ပွဲမျိုးကို နိုင်ငံတကာ NGO တစ်ခု ဖြစ်သည့် အင်္ဂလန်နုုိင်ငံ အခြေစိုုက် Intermediate မှ ကမကထပြု ဆောင်ရွက် နေခြင်း ဖြစ်ကြောင်း အကဲခတ် များက ဆိုပါသည်။
အစိုးရ ကမူ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံ သူများအား ဖိတ်ခေါ်ပြီး ပြည်တွင်း ခရိုနီ လုပ်ငန်းရှင် များနှင့် ပူးပေါင်းကာ အလုပ်လက်မဲ့ အခြေအနေမှ လုပ်ငန်း များစွာ ဖန်တီး ပေးခြင်း အားဖြင့် ပြည်သူ များ၏ ထောက်ခံ မှုကို ရရှိရန် ကြိုးစား နေခြင်း ဖြစ်ကြောင်း၊ ဤအခြေ အနေမျိုး ရရှိ ခဲ့ပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအား လက်နက် ချခိုင်း ဖွယ်ရာ ရှိနေကြောင်း UNFC အဖွဲ့ဝင် များက စိုးရိမ် နေကြခြင်း ဖြစ်ပါသည်။