၀န်ကြီး ဦးအောင်မင်း ၏ NCCT တွေ့ဆုံပွဲ ခရီးစဉ် ပြီးဆုံး

၀န်ကြီး ဦးအောင်မင်း ၏ NCCT တွေ့ဆုံပွဲ ခရီးစဉ် ပြီးဆုံး
by -
ရွှေဟင်္သာ

ပြည်ထောင် စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်းကော် မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း ၏ တိုင်းရင်း သား လက်နက် ကိုင် အဖွဲ့အစည်း များ၏ တနိုင် ငံလုံးဆိုင်ရာ အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် တွေ့ဆုံရေး ခရီးစဉ်သည် ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ၏တွေ့ ဆုံနှုတ် ဆက်ပွဲဖြင့် အဆုံးသတ်ခဲ့သည်ဟု ၀န်ကြီးအဖွဲ့မှ ဦးညိုအုန်းမြင့်က ဆိုပါသည်။

“ RCSS ဥက္ကဌနဲ့ တွေ့တယ်။ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်နဲ့ ပါတ်သက်တဲ့ သူတို့ အမြင်တွေ ကိုတင်ပြ သွားပါ တယ်။ ပြီးတော့ စစ်ရေးကိစ္စတချို့နဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စတွေကို ပြောကြ ပါတယ်။ (NCCT) နဲ့ကတော့ လုံးဝ တင်းမာမှုတွေ မရှိတော့ဘူး။ နှစ်ဖွဲ့ဖြစ်နေပေမယ့်တဖွဲ့ပုံစံမျိုး လိုပိုပေါ်တယ်။ တဖက်နဲ့ တဖက် အခက်အခဲ တွေကို ရိုးရိုးသားသား တင်ပြကြ ပါတယ်” ဟုဆိုသည်။

RCSS ဖက်မှ တင်ပြသွား သည်မှာဒီဇင်ဘာ (၂၉)ရက်နေ့၌ ပေးပို့ခဲ့သည့် အစိုးရ၏ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်း အားလက်ခံ ရရှိ ခဲ့ကြောင်းနှင့် ၄င်း အပေါ် တစုံတရာ ပြောဆို စရာမရှိ ပါကြောင်း။ လက်မှတ်ထိုး သည့်အခါ ယင်းပွဲသို့ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကိုယ် တိုင် တက်ရောက် မှာဖြစ်ကြောင်း၊ ၄င်းသည် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးရန် အဆင်သင့် စောင့်နေခြင်း ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင်  အချိန်ကြံ့ကြာ မှုမရှိစေရန်လိုအပ်သော အကူအညီ ဖြစ်စေရန် ရည်ရွယ်ကြောင်း RCSS ဖက် က တင်ပြခဲ့သည်ဟု ဦးညိုအုန်းမြင့် ကဆိုပါသည်။

အလားတူ ရှမ်းပြည်နယ် တွင်းရှိ အခြား တိုင်းရင်းသား အဖွဲ့အစည်းများအပေါ်အစိုးရ၏ အာမခံပေးထားမှု အပေါ် အားရကြေ နပ်သည်ဟု တင်ပြခဲ့ပါသည်။

ထို့အပြင် စစ်ရေး ဆိုင်ရာ များတွင် တဖက်နှင့် တဖက် ပိုမို နားလည်မှု ရှိစေရန် အသေးစိတ် တင်ပြသွားခဲ့ ကြောင်း၊ လာမည့် ဖေဖေါ် ၀ါရီလ (၁၅)ရက်နေ့ တွင် NCCT နှင့် အစိုးရ ကိုယ်စားလှယ် တို့  ရန်ကုန်တွင် တွေ့ဆုံ ရန်ရှိကြောင်း၊ ယင်းဆွေးနွေးပွဲ သို့  (RCSS) ပါ ဖိတ်ကြား မည်ဖြစ်ကြောင်း၊  (RCSS) ဥက္ကဌ အနား ယူရန် မဖြစ် သင့်ကြောင်း၊ ငြိမ်းချမ်းရေး ရသည်အထိ ပါ၀င်စေ လိုသည်ဟု ၀န်ကြီးက ဆိုကြောင်း ပြောရေး ဆိုခွင့်ရှိ သူ ဗိုလ်မှူးကြီး စိုင်းလောဝ် ဆိုင်ကဆိုပါ သည်။

ယနေ့ မနက်တွေ့ဆုံပွဲ တွင် RCSS ဥက္ကဌ ဒုတိယ ဗိုလိချုပ်ကြီး ရွက်ဆစ် အပါ၀င် ဗိုလ်မှူးကြီး စိုင်းလ (စိုင်းလောဝ်ဆိုင်) ဗိုလ်မှူးကြီး စိုင်လင်း၊ ခွန်စိုင်း နှင့် ငြိမ်း ချမ်းရေး ဖြစ်မြောက်ရေး ကော်မီတီဝင် များပါ၀င်ခဲ့ ပါသည်။

ထို့အတူ ဇန်နဝါ ၃၀ ရက်နေ့တွင်(KIA) ဒုတိယ ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် လည်း သီးခြားတွေ့ ဆုံခဲ့ ကြောင်း။ ဗိုလ်ချုပ် ဂွမ်မော်သည် ကျန်မာရေး အရ (NCCT) ဆွေးနွေးပွဲ ကို အချိန်ပြည့် မတက်ရော က်နိုင်ခဲ့ သော်လည်း တသဘော တည်း ရှိကြောင်း၊ ကချင် ဒေသ ၌ဖြစ်ပွားနေ သည့် ထိတွေ့ မှုများ ကိုလည်း နား လည်မှု ရှိပြီး ပြေ လည်အောင် ဆောင်ရွက် ကြရန် တင်ပြသွား ဟုဆိုပါသည်။