နို့ဖိုးဒုက္ခသည်စခန်းတွင် ဆန္ဒပြမှု ဖြစ်ပွား

နို့ဖိုးဒုက္ခသည်စခန်းတွင် ဆန္ဒပြမှု ဖြစ်ပွား
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် တွင် ရှိသော ထိုင်း-မြန်မာ နယ်စပ် နို့ဖိုးဒုက္ခ သည်စခန်း တွင် ယနေ့မနက်ပိုင်း တွင် ခွဲခြား ဆက်ဆံရေး ရပ်ဆိုင်းပေး ပိုစတာ ကိုင်ပြီး စခန်း တွင်းရှိ UNHCR ရုံးရှေ့၌ ဆန္ဒပြခဲ့ကြ ကြောင်း ဆန္ဒပြသူ အမျိုးသမီး တ ဦးက ဆိုပါသည်။

“ ကျမတို့က စခန်းမှာနေလာတာ (၅)နှစ်တောင် ရှိပြီးလေ။ မပြန်ချင်ဘူး။ တတိယ နိုင်ငံကို ထွက်ချင်တယ် ။စောင့်နေ တာ။ ဒါပေမဲ့ အခုဖြစ်နေ တာက ထွက်ခွင့် ရ တဲ့လူတွေက သူတို့ရွာ က ဆွေမျိုးတွေ၊ ညီအကို မောင်နှမတွေ ထပ်ခေါ် တယ်။ စာရင်းသွင်း လို့ရတယ်။ ပြီးတော့ တတိယ နိုင်ငံကို ထွက်ခွင့် ရနေကြ တယ်လေ။ ဆိုတော့ ဒီ မှာနေနေ တဲ့ လူတွေ အတွက် ကြာလာတော့ မခံချင် စရာဖြစ်လာ တယ်။ သွေးခွဲ တယ်လို့ ခံစားလာ ကြရတာပေါ့” ဟုဆိုပါသည်။

တတိယ နိုင်ငံကို ထွက်ခွာခွင့် ရနေသူများ သည် တတိ ယနိုင်ငံ တွင် မိမိတို ့ ဆွေမျိုး၊ ရှိနေသူတွေ သာထွက်ခွင့် ရနေကြပြီး ၊၄င်းတို ့မ ထွက် ခွာ မှီနောက် ထပ် ဆွေး မျိုး များပါ ထပ် မံစရင်းသွင်း ခွင့် ရနေခြင်း ကို ကန့်ကွက်ခြင်း ဖြစ်သည် ဟု ဆိုပါသည်။ ဆန္ဒပြသူ (၃၀၀) ခန့်ရှိကြောင်း၊ ဤကိစ္စ UNHCRရုံး ကို မေးမြန်းသော် လည်း  တစုံတရာ ဖြေကြားခြင်း မရှိသေးပေ။

ဆန္ဒပြသူ များသည် ဒုက္ခသည် အချင်းချင်း သွေးခွဲ ဆက်ဆံခြင်း ကြောင့်ဖြစ်ခဲ့ သည်ဟု ယူဆ ကြကြောင်း၊ နောက်ထပ် တစုံတရာ ထူးခြားမှု မရှိပါက ဆန္ဒပြမှု ထပ်မံဖြစ် ပွားစရာ ရှိနေကြောင်း ဆိုပါသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်များ အား နေရပ်ရင်းသို့ ပြန်ကြပါရန် ထိုင်းအာဏာ ပိုင်များမှ ဆန္ဒရှိကြ သော် လည်း အတင်း အကြပ်ပြန် ပို့ခြင်း မဟုတ်ပေ။ ဒုက္ခသည် များသည် လည်းနေ ရပ်ပြန်ရေး ထက် တတိယ နိုင်ငံတွင် အခြေချ လိုကြပါသည်။

ထိုင်း အာဏာပိုင် များနှင့် UNHCR တို့သည် တတိယနိုင်ငံ တွင်အခြေ ချခွင့်ပေး ထားခဲ့ပြီး သူများသာ ခွင့်ပြုနေခြင်း ဖြစ်ပြီး လူသစ်များ ထွက်ခွာခွင့် ကိုရပ်စဲ ထားခဲ့ သည်ဟု ဒုက္ခသည်များ ကဆိုပါသည်။ သို့သော် ထွက်ခွာခွင့် ရရှိသူများ သည် ၄င်းတို့၏ ညီကိုမောင်နှမ များကိုထပ် မံစရင်းသွင်း ခွင့်ပေးနေ သည်ကို မကြေမနပ်ဖြစ်နေ ကြပါသည်။

နို့ဖိုးဒုက္ခ သည်စခန်း အပါ၀င် ထိုင်းမြန်မာနယ် စပ်ရှိဒုက္ခသည် စခန်းများ တွင်ရိက္ခာ မလောက်ငှ သည့် ပြသနာနှင့် နေရပ်ပြန်ရေး မပြန်ရေးတွင် အခက်အ ခဲဖြစ်နေကြ သည်ဟုဆိုပါသည်။

မြန်မာ အစိုးရကမူ နေရပ်ရင်းပြန် ပို့ခိုင်းနေ ပါသည်။ UNHCR နှင့်ဒုက္ခသည် များကမူ လုံခြုံရေး စိတ်မချခြင်း၊ မြေမြှုပ်မိုင်း ပြသနာ၊ အသက်မွေး ၀မ်းကြောင်း အခက် အခဲနှင့် ပြန်လည် ထူထောင်ရေး အခြေအနေ များလို အပ်နေ သေးသဖြင့် နေရပ် သို့မပြန် ချင်ကြခြင်း ဖြစ်ပါသည်။

Most read this week