အစိုးရသန်းခေါင်စာရင်း ကောက်ယူရာတွင် ကရင် လူမျိုးကွဲ များအား အခေါ် အဝေါ် သတ်မှတ် ထားခြင်း၊ ကုဒ်နံ ပါတ် သတ်မှတ် ထားခြင်း ကောက်ယူ ပုံ ကောက်ယူ နည်း သင်တန်းပေးခြင်း အဆင့်များ ၌ ကရင် အမျိုးသားအစည်းအရုံး KNU နှင့် ညှိနှိုင်း ရဦးမည် ဖြစ်ကြောင်း အတွင်း ရေးမှူး (၂) ဖြစ်သူ ပဒိုမန်း မန်းက ဆိုပါသည်။
“ကုဒ် အဖြစ် သတ်မှတ် ရာမှာ ကရင် လူမျိုးကို ကုဒ် (၃၀၁) ထားမယ် ဆိုရင် စကော ကရင် ကို (၃၀၂) ထားတာ မျိုး မဖြစ်သင့် ပါဘူး။ ကုဒ်ဆိုတာ က ကရင် လူမျိုး ကိုလည်း ကိုယ်စားပြု ရမယ်လူမျိုးကွဲ ကိုလည်း ကိုယ်စားပြု ရ ပါ့ မယ်၊ ဥပမာ (၃) ကို ကရင် လူမျိုးလို့ကုဒ် အကြီး သတ်မှတ်ရင် (၃) ၀၁ ဆိုရင် ဘယ်က ရင် လူမျိုးကွဲ (၃) ၀၂ ဆိုရင် ဘယ် ကရင် လူမျိုးကွဲ အဲဒီလို ဖြစ်စေ ချင်တာပါ။ ဒီကိစ္စ ကိုဝန်ကြီး ဦးခင်ရီနဲ့ တွေ့တုန်းက လည်း ကျနော် တင်ပြ ထားပြီး ပါပြီ” ဟု ဆိုပါသည်။
(KNU) သည် ကရင် လူဦးရေ များ ထဲမှ ထိုင်းနိုင်ငံ ရောက် ကရင်များ နှင့် ဒုက္ခသည် စခန်းရှိ ကရင် လူဦးရေ တသန်း ကျော်အား ဤသန်းကောင် စရင်း ကောက် ခံ ရေး အစီစဉ် တွင် ပါ၀င်နိုင်တော့ မည် မဟုတ်ဟု ယူဆနေ ပါသည်။ သို့သော် မည်သည့်နည်း ဖြင့် ပါ ၀င်လာစေ ရန် စဉ်းစားဆောင်ရွက် ကြစေလို သည်ဟု (KNU) ဖက်မှ ဆိုပါသည်။
(KNU) သည်သန်းခေါင် စာရင်း ကောက်ယူ ရေး ဆိုင်ရာ လက်ရှိ ရာထားသည့် ကုဒ်သတ်မှတ် ချက်များ နှင့် အစိုးရ မှ သုံးနှုန်းရေးဆွဲ ထားသည့် လူမျိုးကွဲ အမည် များ အားသဘော မကျ ကြောင်း၊ ဤသို့ကြောင့် ၄င်းတို့အား ပြင်ဆင် ပေးရန် တောင်းဆို ထာကြောင်း ဆိုပါသည်။ သို့သော် အစိုးရ ယန္တရား အဆင့်ဆင့်၌ အ တည်ပြု နိုင်ရေး၊ လွှတ်တော် တင်ပြပြီး ၄င်း၏ အဆုံး အဖြတ် ရယူရေး တွင် နှောင့်နှေး နေဦးမည်ဖြစ်ကြောင်း ပဒိုမန်း မန်းက ဆိုပါသည်။
သို့သော် ဤကိစ္စ အတွက် လိုက်လျှော ပေးမည် ဖြစ်ကြောင်း လူဝင်မှု ကြီး ကြပ်ရေး ၀န်ကြီး ဦးခင် ရီမှ ဂတိပေး ပြော ကြား ထားပါ သည်။ မည်သို့ ပင်ဖြစ်စေ (KNU)သည် လူဦးရေ ကောက်ယူ မှုတွင် အစိုးရနှင့် ပူးပေါင်း ဆောင်ရွက် မည် ဖြစ် သည်ဟု ဆိုပါ သည်။ အလားတူ ဒီမို ကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA), ကရင်ငြိမ်း ချမ်းရေး ကောင်စီ (KNU/KNLA-PC) နှင့် နယ်ခြား စောင့်တပ် (BGF ကရင် ပြည်နယ်) တို့လည်း ပူးပေါင်း ဆောင်ရွက် မည်ဖြစ် သည်။
ဝန်ကြီး ဦးခင်ရီ သည် ကရင်ပြည် နယ် လူဦးရေ ကောက်ခ ံရေး အစီစဉ် အတွက် ယနေ့ မာန်နေ့တွင် ကရင်ပြည် နယ်ရုံးတွင် အစည်းအဝေး တရပ် ကျင်းပခဲ့ ပါသည်။ ယင်း ဆွေးနွေးပွဲ တွင် ကရင်ပြည် နယ် ဝန်ကြီး ချုပ် ဦးဇော်မင်း ပြည်နယ် သန်းခေါင် စာရင်း ကောက်ယူ ရေး ဆိုင်ရာ လူဝင်မှု ကြီးကြပ် ရေးမှ အရာ ရှိကြီး များ အပါ၀င် ကုလ အဖွဲ့အ စည်းမှ ပုဂ္ဂိုလ်များ လည်း တက်ရောက် ခဲ့ကြပါ သည်။
မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ (မဆလ)ခေတ်၌ ကောက်ယူ ခဲ့သည့် သန်းခေါင် စာရင်း အရ လက်ရှိ မြန်မာ နိုင် ငံတွင် ကရင် လူဦးရေ (၈) သန်း မှ (၁၀) သန်း အထိ ရှိနိုင် သည်ဟု David Tharckabaw, Roland Watson တို့မှ ရေးသား သည့် (The Karen People of Burma) အစီရင်ခံစာ ၌ ဖော်ပြ ထားပါ သည်။ ထို့အပြင် (၁၉၄၂) ခုနှစ်၌ ဂျပန် ခေတ်တွင် (၄.၅) သန်း ရှိသည်ဟု ခန့်မှန်းထားပြီး (၁၉၃၁) ခုနှစ် ဗြိတိသျှတို့ ကောက်ယူ ခဲ့သည့် သန်းခေါင် စာရင်း စစ်တမ်း ၌ (၁.၄)သန်း ရှိကြောင်း ယင်း အစီရင် ခံစာ၌ ဖော်ပြ ထားပါသည်။