ဇန်နဝါရီ (၁၃)ရက်နေ့ သည် ထိုင်း အတိုက် အခံ ဆန္ဒပြသူ များမှ ဘန်ကောက် မြို့တော် အား လမ်းပိတ် ဆို ့ ရန် ထုတ်ပြန် ထားခဲ့ပါ သည်။ လမ်းပိတ် ဆို့ သည့် နေရာများ ကို လည်းနေရာ (၇)နေရာ သတ်မှတ်ပြီး ပိတ်ဆို့ သွားကြ မည်ဖြစ် ပါသည်။
၄င်းနေရာ များမှာ (၁) ကျဲန် ့ဝပ်ထနာ့ လမ်း၊ အစိုးရရုံး ပေါင်းစုံ ၀င်ထွက်သည့် လမ်း၊ (၂) လတ်ဖရောင့် လမ်းစုံ၊ (၀ိဖါး ၀တီးလမ်း-ဖဟွန်ယိုး ထင်၊ လတ် ဖရောင့် လမ်းစုံ လမ်းခွ မှ လတ်ဖရောင့် စင်တရယ် ကုန်တိုက် လမ်း ဆုံဖြစ်သည်။) (၃) အနုစာ ၀ရီးချိုင်း (သူရဲကောင်း ကျောက်တိုင်) victory monument လမ်းဆုံ။ (၄)ပထုမ်းဝမ်း (ကျူလာ လောင် ကောင်း တက္ကသိုလ် အနီး၊ မားဘွန်း ခရောင်း (အမ်ဘီခေ) ကုန်တိုက် အနောက် ဘက် လမ်းစုံ) (၅) လုမ်ဖိနီး (လုံမ ဏီပန်းခြံ) (၆) ရတ်ချ်ပစုံ (စယမ်ပါ ရကောန် ကုန်တိုက်၊ လေးမျက်နှာ ဘုရား၊ စဲန်တရယ် ဝေါလ်ကုန် တိုက်ဆုံ) (၇) အစိုခ် (စူခုမ်ဝစ်-အစိုခ်လမ်းဆုံ)တို့ ဖြစ်ပါသည်။
အတိုက်အခံဆန္ဒပြသူများသည် ၄င်းနေရာ (၇)နေရာအား သပိတ် စခန်းအဖြစ်ထား၍ အစိုးရရုံးများ အလုပ်မ လုပ်နိုင် စေရန် မနက်တိုင်းတွင် သွားရောက် တားမြစ် ကြမည် ဖြစ်ပြီး ညနေပိုင်း တွင် သပိတ် စခန်း များသို့ ပြန်လာ ကြမည် ဖြစ်သည်။ ဤနည်း လမ်းဖြင့် ရက်အကန် ့အသတ်မရှိ ဆန္ဒပြသွား ကြမည်ဟု ဆန္ဒပြခေါင်း ဆောင် စူထေ့ပ် ထူယတ်ခ် စူဘမ်းက ကြေညာထား ပါသည်။
ဤကဲ့သို့ဆောင်ရွက် နေစဉ်တွင် အကြမ်း ဖက်မှုများ တစုံတရာဖြစ်ပွားခဲ့ပါက ထိုင်းစစ်တပ်မှ အာဏာသိမ်း နိုင် မည် ကို အိမ်စောင့် အစိုးရ ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် က စိုးရိမ်သည် ဟု ပြောကြား လိုက်ပါသည်။
ထိုင်းစစ်တပ် ကမူ ဆန္ဒပြကြ ရာတွင် အရပ် သားများ ထိခိုက်မှု မရှိစေရန် တာဝန်တရပ် အနေဖြင့် ကာကွယ် သွားမည် ဖြစ်ကြောင်း ထိုင်းကြည်း တပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ ကဆိုပါသည်။ ဤကဲ့သို့ ပြောကြားလိုက် ခြင်း ကြောင့် စစ်တပ်မှ အာဏာ သိမ်းနိုင် သည်ဟု ဝန်ကြီးချုပ် ယင်းလပ် က ထုတ်ဖော် ပြောကြား ခြင်းလည်း ဖြစ်ပါသည်။
ထိုင်း ကြည်းတပ် သည် လာမည့် ဇန္နာဝါရီလ (၁၈) နေ့တွင် ကျရောက်သော ထိုင်းတပ် မတော်နေ့ အတွက် မြို့ပြင်ရှိ ၄င်းတို့၏ တင့်ကား များ၊တပ်ရင်း တပ်ဖွဲ့ များသည် ဘန်ကောက်မြို့ စွန်ရှိ အမှတ် ၁၁ ခြေလျင် တပ်ဖွဲ့သို့ ရောက်ရှိ လာပါသည်။
ဤသို့သော အခြေအနေ တွင် အစိုးရကို ထောက်ခံသော ထိုင်း ရှပ်နီအု ပ် စုများက လည်း ဆန့်ကျင်သော အင်အား စုများကဲ့သို့ ထိုင်းမြောက် ပိုင်း ပြည်နယ်များ တွင် ဆန္ဒပြကြ မည် ဖြစ်ကြောင်း ရှပ်နီ ခေါင်း ဆောင်ချက်တူ ပေါင်ပ ရွန် ပန်က ပြောကြား ထားပါသည်။
အစိုးရ ဆန့်ကျင် သည့် အတိုက် အခံဆန္ဒပြမှု သည်ပြီးခဲ့ သည်ဒီဇင် ဘာဆန်းက တည်းကစ တင်လာခဲ့ သည့်အတွက် လနှစ်ချီကြာ လာ နေပြီးဖြစ် ပါ သည်။ နှစ် ဖက် တွေ့ဆုံ ဆွေးနွေးပြီး အဖြေရှာကြ ရန်ထိုင်း တပ်မတော် ကတိုက်တွန်း ထားခဲ့သော် လည်းယနေ့ အထိပြေ လည်သေးခြင်း မရှိသဖြင့် အာဏာ သိမ်းမှု ဖက်သို့ တိမ်းစောင်း လာနေပါ ကြောင်း ဝေဖန်သူများက ဆိုပါသည်။