ကျားဖြူပါတီ ဖျက်သိမ်းရန်အစီစဉ်မရှိ

ကျားဖြူပါတီ ဖျက်သိမ်းရန်အစီစဉ်မရှိ
by -
ရွှေဟင်္သာ

ပြီးဆုံးသွားခဲ့သော ရှမ်းတိုင်းရင်းသား များ ဒီမို ကရက်တစ် ပါတီ ခေါ် (SNDP) ကျားဖြူပါတီ၏ တတိယ အကြိမ်ညီ လာခံတွင် မည်သည့် အကြောင်း ကြောင့် မဆို ကျားဖြူ ပါတီကို ဖျက်သိမ်းမည်မဟုတ်ဟု ဆုံးဖြတ်ကြောင်း အလုပ်အမှုဆောင် တဦးဖြစ်သူ စိုင်းစံမင်း ကပြောသည်။

စိုင်းစံမင်းက“ အဓိကကတော့ ရှမ်းပါတီတွေ ပေါင်းစည်းရေးကိစ္စကို ရည်ရွယ်ပြီး ဆုံးဖြတ်တာပါ။ လောလော ဆယ် ကျားဖြူနာမည်ကို ဖျက်ဖို့အစီစဉ် မရှိဘူး။ ကျားခေါင်း ပါတီကတော့  သူတို့ပါတီ နာမည်ဖျက်ရပါစေ။ နှစ်ပါတီ ကို တပါတီဖြစ် အောင် လုပ်မယ် လို့စိုင်းညွန့်လွင် ကနေ သူတို့ပါတီစာစောင်မှာရှမ်း လိုရေးထား တာတော့ရှိပါ တယ်။ ကျနော်တို့ပါတီဆုံး ဖြတ်ချက်ကတော့ အဲဒီလို မဟုတ်ဘူး ” ဟုဆိုသည်။

ညီလာခံအပြီး အမှတ်တရ

နှစ်ပါတီပေါင်းစည်းရေး အတွက် တဖက် ကိုယ်စားလှယ် (၅)ဦးစီဖြင့် ဖွဲ့စည်းထားသောပေါင်း စည်းရေး ကော်မီတီ တရပ်ရှိရာ ကျားဖြူပါတီသည် ညီလာခံ သဘောထား တရပ် ရရှိပြီး ဖြစ်သည့် အတွက် ၄င်းကိုယ်စား လှယ်များနှင့် မကြာခင် ဆွေးနွေးတော့ မည်ဖြစ်ကြောင်း ဆိုပါသည်။

ကျားခေါင်းပါတီဖြစ် သည့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် ပေါင်းစည်းရေးအတွက် လိုအပ် ပါက၄င်း တို့ပါတီ နာမည်ဖျက်သိမ်းရန် အဆင်သင့်ဖြစ်သည်ဟု ကျားဖြူကဆိုသော်လည်း မည်သူမျှ တိတိကျကျ မပြောကြပေ။

ကျားဖြူပါတီနာမည်ဖြင့် (၂၀၁၅) ရွေးကောက်ပွဲကိုဝင် အရွေးခံမည်ဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရ ဖွဲ့စည်းနိုင် သည် အထိကြိုး ပမ်းမည်ဖြစ်ရာ ညီလာခံ၏ရှေ့လုပ်ငန်းစဉ် များသည် လည်း ရှမ်းတိုင်း ရင်းသားများ စည်းလုံး ညီညွတ် ရေးနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး အစီစဉ်များသာဖြစ်ပါသည်။

ညီလာခံကို ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ တွင် (၃)ရက်တာ ကျင်းပပြီး ကိုယ်စားလှယ်ပေါင်း (၁၈၀၀)ကျော် တက်ရောက် ခဲ့ပါသည်။ ဖက်ဒ ရယ် ပြည်ထောင် စု ပေါ်ပေါက်ရေး ၊၂၀၁၅ ရွေးကောက်ပွဲဖြင့် လွှတ်တော် လမ်းကြောင်းဖြင့် ချီတက်ရေး ၊ရှမ်းအမျိုး သားသွေး စည်းညီ ညွတ်ရေး၊ အပါ၀င် ပြည်တွင်း ငြိမ်းချမ်းရေး တည်တန့်ခိုင်မြဲရေး တို့ကို ကြိုပမ်း သွားမည်ဟု ထုတ်ပြန်ထား ပါသည်။

ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်သော တိုင်းရင်းသားပါတီ များမှ မဲအများဆုံး ရရှိသော ပါတီဖြစ် သည်။ လက်ရှိတွင် လည်း ရှမ်းပြည်နယ် ၏ ဦးဆောင် ပါတီ အဖြစ် အစိုးရဖွဲ့စည်းနိုင်ရန် ထပ်မံကြိုးစားကြမည်ဟု ပါတီခေါင်းဆောင်များက အဓိဌာန်ပြုထားကြသည်။