တိုင်းရင်းသားဒေသများတွင် ဖြစ်ရှိနေသော ပဋိပက္ခအား ခံစားနေ ရသည့် ဒုက္ခသည် များအတွက် ဒေါ်လာသန်း တရာ လှူဒါန်း မည်ဖြစ်ကြောင်း ယမာန်နေ့ ဇန္နာဝါရီ (၆)ရက်နေ့ တွင် ချက်ထရီ ယံဟိုတယ် ၌ ကျင်းပသည့်ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ၌မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ် ကြီး က ပြောဆို ခဲ့ပါသည်။
“အစိုးရ နဲ့ တိုင်းရင်း သား လူမျိုးစု တွေကြားငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ နေရာမှာ တွန်းအာ းပေးတဲ့ အနေနဲ့ ဒီလို လုပ် ဆောင်ဖို့ဆုံးဖြတ်ခဲ့ တာဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်း သားလူမျိုးစု တွေ ရဲ့ဒေသ တွေမှာ တည်ငြိမ်မှု မရှိ သေးဘူး။ ပြီးတော့ လူသားချင်း စာနာရမယ့် အကူအညီ တွေ ပေးတဲ့ နေရာမှာ လည်း အကန့်အ သတ်နဲ့ အခက် အခဲ တွေ ကြံုနေရသေး တယ်လို့ မစ္စတာ ဆာဆာကာဝါက ဆိုပါသည်။
ငြိမ်းချမ်း ရေး အတွက် တခြား ပြသနာများ ဖြေရှင်းနေ သည့် အချိန်တွင် ဒုက္ခသည် ပြသနာကို အရင်ဆုံး ကူညီ ဖြေ ရှင်းလို၍ ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်ဟု ဆိုပါ သည်။ မြန်မာနိုင်ငံ ပဋိပက္ခ များ၏ အကြောင်း ရင်းခံ သည် ရှုပ်ထွေး ကျယ် ပြန့် လှသဖြင့်ကိုင်တွယ် ဖြေရှင်းရ ခက်ခဲနေ တာကြောင့် လောလောဆယ် တွင် ဒုက္ခသည်များ ၏ အခြေခံလို အပ် ချက် တွေကိုကူညီဖြေရှင်း လိုခြင်းဖြစ် ကြောင်း ဆိုပါသည်။
ဤထောက်ပံ့ မှုသည်စစ်ပြေး ဒုက္ခသည်များ အပြင် (IDP) ခေါ်သောရွာပုန်းရွာ ရှောင် စစ်ပြေး ဒုက္ခသည် များလည်း အပါအဝင် ဖြစ်သည်ဟု ဆိုပါသည်။ ထို့ အပြင် ထောက်ပံ့မှု သည် စစ်ပြေး ဒုက္ခသည် နယ်မြေ အတွက် ဖြစ်ပြီး ရခိုင် ပြည်နယ် အတွက် မပါ၀င်ကြောင်း၊ ရခိုင်ပြည် နယ်သည် (UNHCR) နှင့်(WFP) စသော ကုလသမဂ္ဂ အဖွဲ့ အစည်း များနှင့် တခြားNGO များက ထောက်ပ့့ံနေပြီး ဖြစ်ကြောင်း ဆိုပါသည်။
ထို့အပြင်ဇန်နဝါရီလ ၆ ရက်နေ့ထုတ်ကျိုဒို သတင်းဌာန ကမူ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို အားကောင်း လာစေ ရန်နှင့် ဖွံ့ဖြိုးရေး အတွက် ဒေါ်လာသန်း(၁၅၀) ကျော် ချေးငွေ နှင့် ထောက်ပံ့မှုများ ကူညီရန် ရှိသည်ဟု ဂျပန်ဝန်ကြီး ချုပ် ရှင်ဇို အာဘေးက အာမခံထား ကြောင်း ရေးသား ထားပါသည်။
အလားတူ အစိုးရ အပြင် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်စဉ်အား ကူညီရန် တိုင်းရင်းသား အဖွဲ့များကို လည်း ဂျပန်မှ အကူအညီ ပေးရန် ရည်ရွယ် ထားကြောင်း ရေးသားထား ပါသည်။ ဂျပန် အစိုးရသည် ဤလုပ်ငန်း အကောင် အထည် ဖေါ်ရေး အတွက် အစိုးရ မဟုတ်သော လူမှုရေးအဖွဲ့ အစည်း များ နှင့် ညှိနှိုင်း စီစဉ် နေပြီးဖြစ် သည်။
အထူးသဖြင့် အစားအစာ နှင့် ဆေးဝါး များ၊ အခြေခံ အဆောက် အဦးများ နှင့် ထွက်ပြေး နေရသည့် စစ်ပြေးများ ပြန်လည် နေရာချထား ရေးများမှာ ကူညီ မည် ဖြစ်ပါသည်။
အထူးသဖြင့် ဂျပန် အစိုးရသည် တိုင်းရင်းသား အဖွဲ့များကို အကူ အညီပေး ရာတွင် မြန်မာ အစိုးရ၏ သဘော တူညီ ချက်ဖြင့် နိပွန် ဖေါင်းဒေးရှင်း မှ တဆင့် အကူ အညီပေးနေ ခဲ့ပါသည်။ သို့သော် မြန်မာ အစိုးရသည် ၄င်းတို့မှ တဆင့် အကူအညီ ပေးလိုခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အခြေအနေ တွင် မူ စစ်ရေး အရ အကြောင်း ပြပြီး ဆိုင်းင့ံ ထားခြင်း၊ သွားလာရေး ကို အကြောင်း ပြပြီး နှောင့်နှေး နေခြင်းများ ရှိနေပါသည်။ ဤသို့ကြောင့် တချို့ နေရာများ တွင် အခက်အခဲ ရှိနေကြောင်း ဂျပန်သံ အမတ်ကြီးက အရိပ် အမြွက် ပြော ဆို လိုခြင်း ဖြစ် ဖွယ်ရှိ ပါသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့သည် ပြီးခဲ့သည့် (၂၀၁၃) ခုနှစ် ဇွန်လတွင် ရှမ်းပြည် တိုးတက်ရေး ပါတီ လက်အောက် ခံရှိ ဒုက္ခသည်များ အား ဆန်အိတ် တထောင် သမ္မတ အမည်ဖြင့် လှူဒါန်းခဲ့ ပါသည်။ အမှန်မှာ ထိုဆန်အိတ် များသည် နိပွန် ဖေါင်ဒေးရှင်း ၏ ဆန်အိတ် များဖြစ်သည်။
အကယ်၍ အစိုးရမှ တဆင့် အကူ အညီ ပေးမည် ဆိုပါက အကြောင်း ပြချက် အမျိုးမျိုး နှင့် ရင်ဆိုင် နေရမည် ဖြစ်ပြီး ဂျပန်၏ စေတနာ အတိုင်း ဖြစ်ချင်မှ ဖြစ်လာမည်ဟု တိုင်းရင်းသား အဖွဲ့ များက စောဒက တက်ထား ကပါသည်။