နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများ ဖွင့်လှစ်ပြီ

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးခွဲများ ဖွင့်လှစ်ပြီ
by -
ရွှေဟင်္သာ

နေပြည် တော် အပါအဝင် ပြည်နယ် နှင့် တိုင်းဒေသ ကြီး ၁၅ ခုရှိသတင်း ရဲတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲမှူး ရုံးစိုက်ရာ မြို့ကြီးများ၌မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများ ကို ၂၀၁၄ ခုနှစ်ဇန်နဝါရီ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

မြန်မာနိုင်ငံရှိ  ပြည်နယ်နှင့်  တိုင်းဒေသကြီးများတွင် နေထိုင် သော ဒေသခံ ပြည်သူ များ အနေဖြင့် ရန်ကုန်နှင့် မန္ထ လေးမြို့များ သို့သွားရောက် ရန် ခက်ခဲခြင်း၊ ကျန်းမာ ရေး မကောင်း သူများ ရှိခြင်း၊၀န်ထမ်းများ အနေဖြင့် မြန်မာနိုင်ငံ ကူးလက် မှတ် လျှောက်ထား ရာ၌လွယ်ကူ အဆင်ပြေ စေရန် အတွက် ရည်ရွယ်ပြီး နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ရုံးခွဲများ အား ဖွင့်လှစ် ပေးခဲ့ခြင်း ဖြစ်ကြောင်း  သိရသည်။

နိုင်ငံကူး လက်မှတ် လျှောက်ထား လိုသူများသည် သက်ဆိုင် ရာမြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး အဖွဲ့ ရုံးခွဲများ တွင်မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စုစာရင်းမူရင်းတင်ပြရန်နှင့် စုစုပေါင်း ကုန်ကျ စရိတ် ကျပ်၂၅၀၀၀ ကုန်ကျ မည်ဖြစ်ပြီး သက် ဆိုင်ရာ နိုင်ငံကူး လက်မှတ် ထုတ်ပေး သည့်ရုံးခွဲ များတွင် စတင် လျှောက်ထား သည့်နေ့မှ ၁၀ ရက် အတွင်းမြန်မာ နိုင် ငံကူး လက် မှတ်များ ထုတ်ပေး သွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ နိုင်ငံရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေးသည့် အမျိုး အစားများ မှာအလည် သွားရောက် မည့်သူများ၊ အလုပ်အ ကိုင် ဖြင့် သွားရောက် မည့်သူများ၊ပညာ သင်သွား ရောက်မည့် သူများ၊ စီးပွား ရေးဖြင့် သွားရောက် မည့်သူများ၊ဘာ သာ ရေးဖြင့် သွားရောက် မည့်သူများ၊ မှီခိုဖြင့် သွားရောက် မည့်သူများ၊သင်္ဘော သားဖြင့် သွား ရောက်မည့် သူများဖြစ် ကြောင်း သိရသည်။

ပြည်နယ် နှင့် တိုင်း ဒေသကြီး အသီးသီး ရှိ နိုင်ငံကူး လက်မှတ် ထုတ်ပေး သည့် ရုံးခွဲများ တွင် မြန်မာ နိုင်ငံကူး လက် မှတ် လျှောက် ထား သူများကုန်ကျ မည့် ငွေစာရင်း မှာ မြန်မာ့ စီးပွားရေး ဘဏ် (မနလစာအုပ်တန်ဖိုး) နှင့် online ၀န်ဆောင်ခ ကျပ် ၂၀၀၀၀၊ ဓာတ်ပုံဖိုး ၂၀၀၀ ကျပ်၊ ဆေးဖိုး မင်ဖိုး နှင့်  ပြုပြင် ထိန်းသိမ်း ခ ကျပ် ၁၀၀၀၊ လျှောက်လွှာ ပုံစံ ဖိုး ကျပ် ၂၀၀ နှင့်စက်ပစ္စည်း နှင့် ၀န်ဆောင်ခ ကျပ် ၁၈၀၀ စုစု ပေါင်း ကျပ် ၂၅၀၀၀ကုန်ကျ မည်ဖြစ် ကြောင်း သိရ သည်။

Most read this week