ညီလာခံ ကို သတ်မှတ်ရက်တွင် ကျင်းပနိုင်ခြင်း မရှိသေးဟုဆို

ညီလာခံ ကို သတ်မှတ်ရက်တွင် ကျင်းပနိုင်ခြင်း မရှိသေးဟုဆို
by -
ရွှေဟင်္သာ

ကရင်အမျိုး သားအစည်း အရုံး (KNU) နယ်မြေ၌ ကျင်းပမည့် တိုင်းရင်းသား  လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအ ကြိမ်ညီလာခံကို ရက်ရွှေဆိုင်းရမည်ဖြစ်ကြောင်း တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာ ကဆိုပါသည်။

"မူလသတ် မှတ်ထားတာ က ဒီဇင်ဘာ (၁၈)ရက်နေ့မှာ စတင်မယ်။ ပြီးတော့ (၃)ရက် ကျင်းပဖို့  ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ပြင်ဆင်ချိန် ကိုက မမှီနိုင် ပါဘူး။ အဲဒါကြောင့် ပါ။  ပြသနာ တစုံတ ရာကြောင့် ရွှေ့ဆိုင်းတာ မဟုတ်ပါ ဘူး ” ဟု ဆိုပါသည်။

ပထမညီလာခံအပြီး အစိုးရနှင့် တွေ့စဉ်

NCCT သည် ညီလာခံ မကျင်းပမီ အစိုးရ MPC အဖွဲ့နှင့် အလွတ်သဘော တွေ့ ဆုံရန် အဖွဲ့ခေါင်း ဆောင် အဖြစ် ပဒို ကွယ်ထူးဝင်း အား တာဝန်ပေးအပ်ခဲ့သည်။

ထို့အတူ ၀ပြည်သွေးစည်း ညီညွတ် ပါတီ (UWSP) ကလည်း လူမစုံသေးသဖြင့် KNU နယ်မြေ၌ ကျင်းပရန်ရှိသော ညီလာခံသို့  တက်ရောက်နိုင် ခြင်း ရှိမရှိ မဆုံးဖြတ် နိုင်သေးဟု ဆိုပါသည်။ သို့သော် ပထမအကြိမ် လိုင်ဇာညီလာခံ ဆုံးဖြတ်ချက် များအား အပြည့်အဝ သဘောတူ ထောက်ခံကြောင်း နှင့် အစိုးရ၏ တနိုင်ငံလုံး အပစ် အခတ်ရပ်စဲရေး စာချုပ်မူ ကြမ်း အပေါ်ဝေဖန် ထောက်ပြ ထားခဲ့ ကြောင်းကို အကြောင်းပြန် ကြားခဲ့ပြီး ဖြစ်သည်ဟု နိုင်ဟံသာက ဆို ပါသည်။

UWSP အဖွဲ့နည်းတူ မိုင်းလား အဖွဲ့သည်လည်း  NCCT နှင့် သဘောထား တူညီခဲ့သည်ဟု ဆိုပါသည်။  NCCT ကမူ ညီလာခံသို့ တက်ရောက် နိုင်ခြင်း မရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များတိုင်းဆီ သို့ ညီ လာ ခံဆုံးဖြတ် များနှင့် အတူ သွားရောက် တင်ပြ ညှိနှိုင်း ရန် စီစဉ်ထားပါသည်။

ထို့အတူ UNFC အဖွဲ့ဝင်များနှင့် ညီလာခံ တက်ရောက်ရန် ဖိတ်ကြားလိုသည့် အဖွဲ့တိုင်းဆီသို့  ဖိတ်စာ ပေးပို့ခြင်း၊ကိုယ်စားလှယ်စာရင်း၊ သွားလာ ရေးနှင့် လိုအပ်သော ကိစ္စများလည်း ရှိနေသေးသဖြင့် ညီလာခံ ကျင်းပမည့် ရက် ရွှေ့ဆိုင်းရမည်ဖြစ်သည်။

အတည်ပြုနိုင် မည့်ရက်ကို လောလော ဆယ်၌ မဆုံးဖြတ် နိုင်သေးဟု NCCT အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာက ဆိုပါ သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ သမိုင်းဝင် ဒုတိယအကြိမ် ညီလာခံကို KNU နယ်မြေဖြစ်သော ကရင် ပြည်နယ် လှိုင်းဘွဲမြို့နယ် နယ်စပ်ရှိ လေးဝါးခေါ် လောခီးလာ စခန်းတွင် ကျင်းပရန်စီစဉ်ထားသည်။

ပထမအကြိမ် ညီလာခံကို  ကချင် လွတ်လပ်ရေး အဖွဲ့ ဌာနချုပ် ဖြစ်သော လိုင်ဇာမြို့ တွင် ပြီးခဲ့သည့် နိုဝင်ဘာ (၂)ရက် နေ့၌ ကျင်းပ ပြီးစီးခဲ့ပါသည်။ ရရှိသော သဘောတူ ဆုံးဖြတ် ချက်များ ကိုလည်း နိုဝင်ဘာ (၄)ရက်နေ့ တွင် အစိုးရ အား တင်ပြ နိုင်ခဲ့ ပါသည်။

အစိုးရတင်ပြ သော စာချုပ် မူကြမ်းကို ပြန်လည် ဆွေးနွေးရန် အတွက် ဒုတိယ အကြိမ် ညီလာခံကို ဆင့်ခေါ် ခြင်းဖြစ် ပြီး KNU နယ်မြေတွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး  အစိုးရအဖွဲ့နှင့် ကရင်ပြည်နယ် မြို့တော် ဖါး အံမြို့တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးကြမည် ဖြစ်သည်။