အထက်ပါနှစ်ဖွဲ့ တက်ရောက်ရန် မရှိသေး ကြောင်းလက်နက်ကိုင်တိုင်းရင်းသားများ၏ဒုတိယအကြိမ်ညီလာ ခံကျင်းပရေးအစီစဉ်ညှိနှိုင်းပွဲတွင် တင်ပြကြသည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင် စီ(UNFC) ၏ အတွင်းမှူး (၂) ဖြစ် သူ ခွန် ဥက္ကာမှ ဆိုပါသည်။
ယင်းညှိနှိုင်းပွဲကို တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နှင့်ကရင်အမျိုးသား အစည်းအရုံးတို့သည်ထိုင်းနိုင်ငံနိုင်မဲဆောက်မြို့၌ ယမာန်နေ့၌ ညှိနှိုင်း ခဲ့ကြပါသည်။
“ ဖိတ်ကြားတဲ့အခါ သိထားရအောင်လေ။ ညီလာခံကို အဖွဲ့ပေါင်း (၁၈)ဖွဲ့ထက် မနဲတော့ ဖိတ်မှာပါ။ NCCT အဖွဲ့ အပြင် UNFC တဖွဲ့ချင်း မှာ ပါတဲ့ လူတွေ ကို မကြာခင် KNU ဖက်က ဖိတ်ကြားလွှာ ပို့တော့မှာပါ။”ဟု ဆိုပါသည်။
ဒုတိယအကြိမ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ ညီလာခံကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၇) နယ်မြေ ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ် နယ်စပ်ရှိ လေးဝါးခေါ် လောခီးလား စခန်းတွင် ကျင်းပမည် ဖြစ်ပါသည်။ ယင်းညီလာခံသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဌာနချုပ် မှ ဖွဲ့စည်းခဲ့သော လက်နက်ကိုင် တိုင်းရင်းသား များ၏ တ နိုင်ငံလုံး အပစ် အခတ် ရပ်စဲရေးဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT)အဖွဲ့ဝင်များ၊ UNFC အဖွဲ့ဝင်များမှ တဖွဲ့ချင်း ဆီမှ ကိုယ်စားလှယ် များနှင့် UNFC အဖွဲ့ဝင် မဟုတ်သော မြန်မာနိုင်ငံလုံး ဆိုင်ရာ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို လေ့လာသူအဖြစ် ဖိတ်ကြားသွား မည်ဟု KNU အတွင်းရေးမှူး(၂) ဖြစ်သူ ပဒိုမန်းမန်းက ဆိုပါသည်။
“ ABSDF ကိုတော့ လေ့လာသူ အဖြစ် ဖိတ်မယ်။ UNFC ၁၂ ဖွဲ့ကတော့ တဖွဲ့ချင်းကို (၃)ယောက်နှုန်း နဲ့ ဖိတ်မှာပါ။ NCCT ကတော့ ပါပြီးသားလေ။ အားလုံး အဖွဲ့ (၁၈)ဖွဲ့ လောက် လိုင်ဇာကို တက်တဲ့အဖွဲ့ အားလုံးပါမယ်။ ကိုယ်စား လှယ်ကတော့ အနည်းဆုံး (၇၀)ကျော်လိမ့် မယ်ထင်တယ်” ဟု ဆိုပါသည်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) သည် ကျင်းပရန်ရှိသည့် ညီလာခံ သို့ တက် ရောက်ပါရန် ၀ပြည်သွေးစည်း ညီညွတ်ရေး အဖွဲ့ (UWSP) အဖွဲ့နှင့် မိုင်းလားအဖွဲ့ တို့အား ဖိတ်ကြား ထား သော်လည်း အဆင်သင့် မဖြစ်သေး၍ တက်ရောက်နိုင်မည် မဟုတ်ပါကြောင်း အကြောင်း ပြန်ထား သည်ဟု ခွန်ဥက္ကာမှ ဆိုပါသည်။
UNFC သည် အစိုးရနှင့် အပစ်အခတ်ရပ်ရေး စောင့်ကြည့်ရေး အဖွဲ့ကို အကောင်းဆုံး မည်သို့ ဖွဲ့စည်း ရမည်ကို ပြီးခဲ့ သည့် ဒီဇင်ဘာ (၆) ရက်နေ့တွင် နိုင်ငံခြားပညာရှင်များနှင့် နှစ်ရက်တာ ညှိနှိုင်း ဆွေးနွေးခဲ့ ကြပါသည်။ ရရှိထားသော အချက် အလက်များ ကိုလည်း လာမည့် ဒုတိယအကြိမ် ညီလာခံတွင် တင်ပြ မည်ဖြစ်ပါသည်။
၄င်းအချက် အလက်၌ အစိုးရနှင့် ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ဖွဲ့ရာ တွင် အထူးသဖြင့် တရုတ်နိုင်ငံ အပါ၀င် အာဆီယံ နိုင်ငံများမှ ကိုယ်စား လှယ်များလည်း ပါ၀င်သင့်ကြောင်း ပညာရှင်များက အဆိုပြုထားပါသည်။
အထူးသဖြင့် အင်ဒိုနီးရှားနိုင်ငံ အာချေး ပဋိပက္ခ ပြသနာ ဖြေရှင်းရေး နမူနာကို အခြေခံဆွေးနွေး ခဲ့ကြပါ သည်။ NCCT အဖွဲ့သည် KNU မှ ညီလာခံ အခန်းအနား ပြင်ဆင်ရေး အချိန်တွင် ဒီဇင်ဘာ (၁၅)ရက်နေ့ အတော အတွင်း ၀န်ကြီး ဦး အောင်မင်း ခေါင်းဆောင်သော အစိုးရ MPC အဖွဲ့ နှင့် Tachnical Team အရ တွေ့ဆုံ ညှိနှိုင်းရန် ရှိသည်ဟု NCCT အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက ဆိုပါသည်။
KNU နယ်ထဲတွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၏ ဒုတိယ အကြိမ်မြောက် သမိုင်းဝင် ညီလာခံ သည် ဒီဇင်ဘာ (၁၈) မှ (၂၀)အထိ (၃)ရက်တာ ကျင်းပရန်ရှိပါသည်။ ညီလာခံပြီးပါက အစိုးရ ကိုယ်စား လှယ်များနှင့် ကရင်ပြည်နယ် ဖါးအံမြို့၌ ဆက်လက် ဆွေးနွေးမည်ဟု သတ်မှတ်ထားခဲ့ပါသည်။