ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ (၆) နာရီအထိ ဖြစ်ပွားခဲ့သော ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ၊ နမ့်ဆောင် ကျဲကျေးရွာအုပ်စု ရှိ နမ့်လိတ် တောင်တန်း တိုက်ပွဲသည် ယနေ့မနက် (၆)နာရီမှ နေ့လည် (၁၀)နာရီခန့် ပြင်းထန်စွာ ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း တအာင်း လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး တာဖုန်းကျော်က ဆိုပါသည်။
“ တိုက်ပွဲက ပြင်းထန်တယ်။ နှစ်ဖက်စလုံးမှာ အထိအခိုက်ရှိတယ်။ ကျနော်တို့ဖက်က နဲနဲဒါဏ်ရာ ရခဲ့တယ်။ သူတို့ ဖက်ကတော့ ရှေ့ထွက်မိုင်း၊ ပဒေသာမိုင်းနဲ့ ပစ်အားတွေ ကြောင့် တော်တော်လေးလေး ကိုထိခိုက်ကျဆုံး မှုရှိတယ်။ တက်လာပုံ ကလည်း သူတို့ ကလေးဖက် လေးတန် ကနေ ချီပြီး တိုက်တယ်။ စခန်း သိမ်းတိုက်ပွဲ မျိုးထက် ချေမှုန်းရေး တိုက်ပွဲပေါ့” ဟုဆိုပါသည်။
တိုက်ပွဲသည်ခေတ္တ နားနေဟန်ရှိပါသည်။ အစိုးရတပ်များက ကျဆုံး ဒါဏ်ရရသော သူများကို သယ်ထုတ်နေခဲ့ ကြောင်း၊ ဤအချိန်တွင် (TNLA ) နှင့် (KIA) ပူးပေါင်းတပ် များလည်း စခန်းမှ ဆုတ်ခွာခဲ့ပြီး နေရာရွှေ့လိုက်ကြောင်းဆိုပါ သည်။
အစိုးရတပ် များသည် ဆုတ်ပေးခဲ့သော နေရာသို့ တက်ရောက် သိမ်းပိုက်ခြင်း မရှိသေးကြောင်း မိုင်းအန္တရာယ် စိုးရိမ်နေပုံ ရကြောင်း တာဖုန်းကျော်က သုံးသပ်ခဲ့ပါသည်။
အရန်တပ်ကို စနစ်တကျ နေရာယူခိုင်းပြီး ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ တိုက်ပွဲများတွင် အကျအဆုံးများ သဖြင့်ရပ် တန့်နေခြင်း ဖြစ်ပါသည်။ ယခုလည်း လူနာများနှင့် အသေ အပျောက်များ ရှင်းထုတ်နေ သဖြင့်တိုက်ပွဲကို ခေတ္တရပ်ထား တာမျိုးဟု ဆိုပါသည်။
(TNLA) ပူးပေါင်းတပ်များသည် ထပ်မံထိုးစစ် ဆင်လာသော အစိုးရ တပ်များကို ချေမှုန်းရန် ပြင်ဆင် ထားပါသည်။ အစိုးရ တပ်များသည် နှစ်ရက်ဆက်တိုက် စစ်ဆင် နေခြင်းဖြစ်သည်။ ဤနှစ်ရက် တိုက်ပွဲသည် အစိုးရဖက်မှ (၃၀)ခန့် ကျဆုံးနိုင်ပြီး (၂၀)ကျော်ဒါဏ်ရာရဖွယ် ရှိကြောင်း အထမ်းသမားများ သတင်းအရ သိရကြောင်း ဆိုပါသည်။
နမ့်လိတ်တောင်သည် မတ်စောင့်သည့် အပြင် တက်ရောက် စစ်ဆင်ရန် ခက်ခဲသည်။ ဤတိုက်ပွဲသည် အမိန့်အရ မလွန်ဆန်နိုင် သောကြောင့် မတိုက်သင့်သော အနေအထားတွင် ရှိသော်လည်း အစိုးရတပ်များ မဖြစ်မနေ စစ်ဆင် တိုက်ခိုက် နေရသဖြင့် အကျအဆုံးများဖွယ် ရှိနေပါသည်။ နယ်မြေအသာစီး ရထားသည့် (KIA) တပ်ရင်း(၈) တပ်ဖွဲ့နှင့် (TNLA) တပ် ရင်း(၁၂) တပ်ဖွဲ့တို့သည် နောက်ထပ် စစ်ဆင်မည့် အစိုးရတပ်ကို နေရာကောင်း ယူပြီးချေမှုန်းရန် ပြင်ဆင်ထား သည် ဟု ဆိုပါသည်။
ယမာန်နေ့တိုက် ပွဲတွင်လည်း မနက်ပိုင်းတွင် အထိနာခဲ့သဖြင့် ညနေပိုင်း တိုက်ခိုက်မှုတွင် အားမပါသလို ဖြစ်လာခဲ့ပါသည်။ ယနေ့မနက်ပိုင်း တိုက်ပွဲသည် အရန်တပ်ဖွဲ့ဖြင့် အင်အား ဖြည့်တင်းပြီး (၄)နာရီခန့် ပြင်းပြင်းထန်ထန် တိုက်ခိုက် လာခဲ့ပြန်ပါသည်။
လေးဖက်လေးတန်မှ စစ်ဆင်လာပါသည်။ အကျအဆုံးများ သဖြင့် ပြန်လည် ငြိမ်ကျသွား ပြန်ပါသည်။ လက်နက်ကြီး ဒါဏ်ကြောင့် ပစ်ကွင်းများ ပျက်စီးခဲ့သဖြင့် (TNLA ) တပ်ပေါင်းများသည် အခိုင်အခန့်ရှိ သောနေရာသို့ ရွှေ့ပြီး ထပ်မံစစ်ဆင် လာမှုကို စောင့်နေကြသဖြင့် ထပ်မံ တိုက်ပွဲဖြစ်ရန် အလားအလာ ရှိပါသည်။
ပလောင်ဒေသ၌ တိုက်ပွဲ ပြင်းထန်နေခြင်းနှင့် ပါတ်သက်၍ ၄င်းတို့ မသိရပါကြောင်း အစိုးရ (၊MPC) အကြီးတန်း အရာရှိ တဦးက ဆိုပါသည်။ (TNLA) အတွင်းရေးမှူး ကမူ ဤစစ်ဆင်ရေး သည် အစိုးရ၏ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့မှ တိုက်ရိုက် ကွပ်ကဲသော စီမံချက်များဟု ဆိုပါသည်။
တိုက်ပွဲသည် တခြားနေရာ သို့လည်း ပြန့်နှ့့ံနိုင်ပါသည်။ အစိုးရတပ်များ၏ နောက်ကြောင်းကို စစ်ဆင်လာဖွယ် ရှိလာ မည်ဟု ခန့်မှန်းရပါသည်။