KIA တပ်ရင်း(၁၂)ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ

KIA တပ်ရင်း(၁၂)ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ
by -
ရွှေဟင်္သာ

ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တပ်ရင်း(၁၂) တပ်ဖွဲ့များသည် ကချင်ပြည်နယ်မံစီမြို့နယ်၊ နန့် လင်းပါ ကျေး ရွာ၌ တပ်စွဲထားသည့်  ဗန်းမော်အခြေစိုက် အစိုးရနည်းဗျူဟာ (၁) တပ်ဖွဲ့များအား ယမာန်နေ့ မနက် (၇)နာရီခွဲတွင် မိနစ် (၃၀)ခန့် ၀င် ရောက်တိုက်ခိုက်ခဲ့သည်ဟု KIA တပ်ရင်း(၁၂)မှူး ဗိုလ်းမှူး ဂျွန်းအာင်က ဆိုပါသည်။

သူက “ သူတို့က နယ်မြေ စိုးမိုးရေး အတွက် စစ်ဆင်ရေး လုပ်နေတာလေ။ပြီးတော့ နန့်လင်းပါ ရွာသားတွေ ကလည်း ရွာထဲ မှာမရှိ ကြတော့ဘူး။ တရုတ်ပြည်ဖက်ကိုထွက်ပြေး သွားကြကုန်ပြီးလေ။ ဒီတော့ နေရာယူ စစ်ဆင်နေတဲ့ အစိုးရတပ်ကို တိုက်ရေတာပေါ့။” ဟု ဆိုပါသည်။

ထို့အပြင် တိုက်ပွဲများသည် တရက်ခြား ဖြစ်နေကြောင်း၊လူသူမရှိသော ကျေးရွာတွင် ခြေကုတ်ယူပြီး (KIA) အား စစ် ဆင်နေသည့်အတွက် (KIA) ကလည်း နေ့စဉ် ပျောက်ကျားပစ်သွားမည် ဖြစ်ကြောင်း ဆိုပါသည်။

(KIA) တပ်ရင်း (၁၂) ဧရိယာသည် ကချင်ပြည်နယ် ဗန်းမော်အခြေစိုက်အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် မှ နည်းဗျူဟာ တပ်များက နေပြည်တော် စစ်ရုံးချုပ်မှ  ကကကြည်း၏ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ) ၏ကန့်သတ် စစ်ဆင်ရေး အနေဖြင့် စစ်ဆင် နေခဲ့သည်မှာ နိုဝင်ဘာ လဆန်း ကတည်း က နှစ်လ နီးပါး ရှိခဲ့ပြီးဖြစ်ပါသည်။

ကချင်ပြည် ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ ထောင်ချီရှိသောကျေးရွာ လူထုများသည်လည်း အစိုးရတပ်များ၏ စစ်ဆင်ရေး ကြောင့် တရုတ်ပြည် နယ်စပ်အပြင် ဗန်းမော်မြို့နှင့်အခြား ဆက်စပ် ဒေသသို့ ထွက်ပြေး ခဲ့ကြရပါသည်။ အစိုးရတပ်များ သည် ဤကဲ့သို့ လူသူ မရှိတော့သည့်ကျေးရွာတွင် ခြေကုတ်ယူပြီး စခန်းချထားပါသည်။

ပြီးခဲ့သည့် နိုဝင်ဘာ လလယ် လောက်တွင် အစိုးရ (စကခ-၂၁)မှ နည်းဗျူဟာ (၂)နှင့် (၃)တို့သည် KIA တပ်ရင်း (၁၂) ၏ပိတ်ဆို့ ခြင်းကို ခံရပြီး လမ်းကြောင်းဖွင့် ပေးပါရန်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တောင်းဆို ခဲ့ရသည်အထိ ဖြစ်ခဲ့ ပါ သည်။

အစိုးရ တပ်များသည် (KIA) အား တိုးချဲ့ စစ်ဆင်သည့် အနေဖြင့် (KIA) တပ်မဟာ (၃) မှ တပ်ရင်း (၂၇) ကိုလည်း ထိုးစစ် ဆင်ခဲ့ရာ ပြီးခဲ့သည့်နို၀င်ဘာ (၂၇) ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင်အူလန်ပါ(U Lang Pa) အနီးမကေါတ်ပါ (Makawk Pa) တွင် အင်အား (၁၀၀)ကျော်ရှိသည့် ခလရ (၆၈) စစ်ကြောင်းနှင့်နာရီ ၀က်ခန့် ရင်ဆိုင် တိုက်ခိုက် ခဲ့ကြသည်ဟု ဆိုပါသည်။ ဤသည် ဗျူဟာအရ (KIA) ကို အမျိုးမျိုးသွေးတိုးစမ်းသပ် စစ်ဆင်နေခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။

(KIA) သည် အစိုးရနှင့် (၁၉၉၄) ခုနှစ်တွင် ပထမအကြိမ် အပစ်အခတ် ရပ်စဲ ခဲ့ပါသည်။သို့သော် (၂၀၁၀) ခုနှစ် ရွေးကောက် ပွဲ မတိုင်မှီ စစ်အစိုးရသည် (KIA) အား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် အမိန့်ပေး ခဲ့ပါသည်။ စစ်အစိုးရ၏ အဆိုပါနယ်ကြား စောင့်တပ်အစီစဉ်ကို လက်မခံနိုင် သည့်အတွက် (KIA) အား (၂၀၁၁) ခုနှစ်ဇွန်လဆန်းတွင် စတင် စစ်ဆင်ခဲ့ပါသည်။

အစိုးရ၏ (၂၀၁၁) ခုနှစ် ကနဦး စစ်ဆင်ရေးသည် (KIA) တပ်မဟာ (၃) တပ်ရင်း (၁၂) ဧရိယာနှင့် တပ်ရင်း (၂၇)ကြားရှိကိုင်ထိပ် (Kai Htik) မှ မဂျီဂုန်ကဂျီ (Maji Gung Kaji) ဧရိယာပင် ြ ဖစ်ပါသည်။ ဤနေရာသို့အစိုးရတပ်မ (၉၉) တပ်ဖွဲ့နှင့် ခမရ (၃၄၈) တို့ ကနဦး စစ်ဆင်ခဲ့သော နေရာဖြစ်သည်။ ဤစစ်ဆင်ရေးကို (KIA) တပ်ရင်း (၁၂)က ရိုက် ချိုးနိုင်ခဲ့သ ဖြင့် ယခု ခလရ (၆၈)မှ ထပ်မံ စစ်ဆင် လာဖွယ်ရာဖြစ်နေ မလားဟု ဗိုလ်မှူး ဂျွန်းအောင်က သုံးသပ်ခဲ့ပါသည်။