ကယားပြည်နယ် အစိုးရနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ အဖွဲ့နှင့် သဘော တူညီချက် များကို မည်သို့ အကောင် အထည် ဖေါ်ရန် ဆွေးနွေး ရာတွင် မည်သို့ ပူးပေါင်း ဆောင်ရွက် ကြမလဲ ဟူသည့် လမ်းစ ပေါ်၌ သာ ရှိနေ သေးကြောင်း KNPP ဒုတိယ ဥက္ကဌ ခူဦးရယ်က ဆိုပါသည်။
“ပြည်ထောင်စု အဆင့်နဲ့ ဆွေးနွေး သဘောတူ ခဲ့တဲ့ ကိစ္စတွေ ဘာတခုမှ မဖေါ်ရ သေးဘူးလေ။ အခုမှ ဘယ် လိုပူးပေါင်း ဆောင်ရွက် ကြမလဲ ဆိုတဲ့ လမ်းစ ပေါ်မှာဘဲ ရှိနေ သေးတယ်။ ဆွေးနွေး တာကတော့ ရှိသမျှ သဘော တူချက် တွေထဲက ပါဘဲ” ဟု ဆိုပါသည်။
တင်ပြ ထားသည့် တပ်နေရာ ချထားရေး ကိစ္စ ကိုမူ ယနေ့ အထိ ညှိနှိုင်း နေဆဲ ဖြစ်ပြီး အဆင်မပြေ သေးဟု ဆိုပါ သည်။ အထူး သဖြင့် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ် ရရှိရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဖွံ့ဖြိုးရေး ကိစ္စ နှင့် အဖွဲ့ ပြန်လည် နေရာ ချထားရေး ကိစ္စများကို အသေးစိတ် ဆွေးနွေး ခဲ့ကြ ပါသည်။
ထို့အပြင် လုပ်ငန်းများ နှောင့်နှေး နေသည့် ကိစ္စနှင့် ပြည်နယ် အစိုးရသည် ပေးထားသည့် ဘတ်ဂျက် အပေါ် တွင်သာ မူတည်၍ လုပ်ပိုင် ခွင့်များ သတ်မှတ် ထားကြောင်း ဆွေးနွေး ခဲ့ကြ ပါသည်။ ဤသို့ကြောင့် ပြည်နယ် အစိုးရနှင့် မည်သို့ ပူးပေါင်း ဆောင်ရွက် ရမည်ကို ဆွေးနွေး သော်လည်း အဖြေမရှိ ခဲ့ကြောင်း ဆိုပါသည်။
ပြည်နယ် အစိုးရ ကမူ ဆွေးနွေး ချက်များသည် တရား ဥပဒေနှင့် အညီ ခွင့်ပြု သွားမည်ဟု ပြည်နယ် ၀န်ကြီးချုပ်က ဆိုပါသည်။
KNPP ဖက်ကမူ ယခု ဆွေးနွေးပွဲသည် ယခင်က မဆွေးနွေး နိုင်ခဲ့သော ကိစ ္စများအား ယခု ဆွေးနွေး ပွဲတွင် အသေးစိတ် ဆွေးနွေး နိုင်ခဲ့ သော်လည်း တိတိကျကျ အဖြေ မထွက် ခဲ့ဟု ဆိုပါသည်။ တနှစ်ကျော်ကြာ ဆွေးနွေး ထားခဲ့သော အကြောင်းအရာ များကိုသာ နေရာ၊ အချိန်၊ လူများ ပြောင်းပြီး ဆွေးနွေး နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
KNPP သည် ပြီးခဲ့သည့် နိုဝင် ဘာ (၁၃)ရက်နေ့တွင် ကယားပြည်နယ် လွိုင်ကော် မြို့ပေါ်ရှိ အပစ်ရပ် အဖွဲ့နှင့် အရပ်ဖက် လူ့အဖွဲ့ အစည်း များကို KIO လိုင်ဇာ ဌာန ချုပ်တွင် ကျင်းပသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ ညီလာခံ အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပ ခဲ့ပါသည်။
ဤကဲ့သို့ ညီလာခံ ရှင်းလင်းပွဲ ကျင်းပ ပြီးနောက်နေ့ နိုဝင်ဘာ (၁၄)ရက်နေ့တွင် KNPP ဒုတိယ ဥက္ကဌ ခူဦး ရယ် ခေါင်းဆောင်သော ဗဟို ကော် မီတီဝင် (၉) ဦးသည် ကယားပြည်နယ် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။
ပြည်နယ် အစိုးရနှင့် တွေ့ဆုံ ပြီးနောက် KNPP သည် လာမည့် နိုဝင်ဘာ (၂၀) ရက်နေ့တွင် ကျင်းပသော ညီညွတ်သော တိုင်းရင်းသာ လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အစည်း အဝေးသို့ တက်ရောက်ရန် ယနေ့ ဆွေးနွေး တိုင်ပင်လျှက် ရှိနေ ပါသည်။