နိုဝင်ဘာလ (၁၆) ရက်နေ့ နံက် (၆း၃၀)နာရီတွင် ခမရ (၁၁၅) နှင့် ခလရ (၁၃၀) စစ်ကြောင်း တို့သည် မန်တုံ မြို့နယ် မန်မောက် နှင့် တန်တေ ကျေးရွာ အကြားရှိ (TNLA) တပ်ရင်း (၃၆၇) တပ်စခန်းအား စစ်ဆင်ခဲ့ရာ နံနက် (၇း၃၀) နာရီ အထိ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု (TNLA) ရှေ့တန်း အရာရှိတဦး က ဆိုပါသည်။
"အဲဒီ တိုက်ပွဲမှာ အစိုးရ ဖက်က (၂) ဦး ကျဆုံးပြီး (၁) ဦး ထိခိုက် ဒါဏ်ရာ ရတယ်လို့ သိရတယ်။ ကျနော်တို့ (TNLA) ကိုတော့ အဆက်မပြတ် စစ်ဆင် နေတာ ကတော့ ကြာပါပြီး ဒါပေမဲ့ အခု(၃)ရက်မှာ တော့ ဆက်တိုက် စစ်ဆင်တဲ့ အတွက် တိုက်ပွဲ လည်း ဆက်တိုက်ဖြစ်နေပါတယ်” ဟုရှေ ့တန်း တပ်မှူးက ဆိုခဲ့ပါ သည်။
အလားတူ အစိုးရ ခလရ ၁၁၄၊ ခမရ ၅၀၆ နှင့် ခမရ ၅၀၃ စစ်ကြောင်းတို့ သည် နမ့်ဆန််မြို့နယ် နှင့် မန်တုံမြို့နယ် ၌ အခြေစိုက် နေသော (TNLA) တပ်ရင်း ၂၅၆ နှင့် တပ်ရင်း ၃၆၇ တို့တပ်ဖွဲ့ အား (၃)ရက်ဆက်တိုက် ထိုးစစ် ဆင်ခဲ့သည်ဟု အဆိုပါ အရာရှိ တဦးက ဆိုပါသည်။
နိုဝင်ဘာ (၁၃) ရက်တွင် အစိုးရ ခမရ ၅၀၆ နှင့် ၅၀၅ စစ်ကြောင်းတို့ သည် (TNLA) တပ်ရင်း ၂၅၆ တပ်စခန်းသို့ စစ်ဆင် ခဲ့သဖြင့် နမ့်ဆန်မြို့နယ် တာလဲတ် ကျေးရွာနှင့် ကလန်ဒါန်းရွာ အကြား၌ ညနေ (၃)နာရီတွင် မိနစ် (၄၀)ကျော် တိုက်ပွဲ ဖြစ်ခဲ့ပါသည်။ အစိုးရ တပ်များသည် လက်နက်ကြီး အဆက် မပြတ် ပစ်ခတ်ခြင်းဖြင့် စစ်ဆင်ခဲ့ပြီး အထိအခိုက် အကျဆုံးများ ခဲ့ရှိသဖြင့် မိနစ်(၄၀)ကျော်အတွင်း စစ်မဆင် နိုင်တော့သဖြင့် ရပ်တန့် ခဲ့သည်ဟု ဆိုပါသည်။
နိုဝင်ဘာ (၁၄) ရက်နေ့ ညနေ ၁၅းဝဝ နာရီတွင်လည်း ၄င်းခမရ ၅၀၆ နှင့် ခမရ ၅၀၅ တို့သည် (TNLA) တပ်ရင်း ၂၅၆ တပ်စခန်းသို့ ဆက်လက် စစ်ဆင်ပြန် သဖြင့် နမ့်ဆန်မြို့နယ် တာလဲတ် ကျေးရွာနှင့် ဟိုလ ကျေးရွာ အကြား မိနစ်(၃၀)ခန့် ထပ်မံ တိုက်ပွဲဖြစ် ခဲ့ပြန်ပါသည်။
အစိုးရ တပ်များသည် ဤကဲ့သို့ အဆက် မပြတ်စစ် ဆင်နေသဖြင့် TNLA တပ်များသည် နမ့်ဆန်မြို ့နယ် မန်မောက် ကျေးရွာနှင့် တန်တေကျေးရွာ အကြားရှိ ၄င်းတို့ ပြောက်ကျား စခန်းမှ ဆုတ်ပေး ခဲ့သည်ဟု ဆိုပါသည်။
TNLA တပ်များ သည် အစိုးရ တပ်များ၏ စစ်ဆင်ရေးအား နေရာ အသေအချာ ယူပြီး တိုက်ခဲ့သဖြင့် အစိုးရ တပ်ဖွဲ့ဖက်မှ အထိနာစေခဲ့ သည်ဟု ဆိုပါသည်။ ရှေ ့ ထွက်မိုင်း နှင့် မြေမြှုပ်မိုင်း ဖြင့်လည်းကောင်း၊ ပျောက်ကျားဖြင့် လည်းကောင်း တိုက်ခိုက်ခဲ့ သဖြင့် (TNLA) ဖက်မှ ထိခိုက်မှု မရှိဟု ဆိုပါသည်။
အစိုးရ တပ်များသည် (TNLA) တပ်ဖွဲ့ နောက်သို့ ထပ်ချပ်မကွာ လိုက်လံ တိုက်ခိုက် နေသဖြင့် နောက်သို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားမည့် အလားအလာ ရှိနေပါသည်။ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီသည် (TNLA) အား အပစ်အခတ် ရပ်စဲရန် ကမ်းလှမ်းထား ခဲ့ပါသည်။
သို့သော် (TNLA) သည် ယုံကြည်မှု တည်ဆောက်ရန် အတွက် တိုက်ပွဲ လျှော့ချရန် တောင်းဆို ထားပါသည်။ ဤကဲ့သို့ အဆိုပြု ထားသော်လည်း တိုက်ပွဲများ ပြင်းထန်လာ သည့် အပြင် စစ်ဆင်ရေးပါ တိုးမြှင့် လာနေပါသည်။ အစိုးရစစ် ဆင်ရေးများသည် ပလောင်ဒေသရှိ ကချင် လွတ်လပ်ရေးတပ်နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီတပ်များ ကိုလည်း အခါအားလျှော်စွာ တိုက်ခိုက် နေခဲ့ပါသည်။