နိုင်အောင်သိန်း(Naing Aung Thein) သည် ဇနီး ၊ သားသမီး ၂ ယောက်နှင့်အတူ ငှက်ဖျားကြမ်း တဲ့ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ၊ရေဖြူမြို ့နယ်၊ ထားဝယ်ချောင်းဖျား ရှိ ပရောရွာတွင် နေထိုင်ခဲ့ပါသည်။
နိုင်အောင်သိန်း သည် ပရောရွာတွင်နေထိုင်းရင်း သားသမီး (၇) ဦးရှိလာသည့် အနက် (၃)ဦး သေဆုံးသွား ခဲ့ပုံကို ပြောပြရင်း ဖခင်တစ်ယောက် အနေနဲ့ ရင်ကွဲမတက်ခံစားနေရ တဲ့အသံနှင့်အတူ ဘေးနားမှာ သူဇနီး၏ ရှိုက်ကြီး တငင် ငိုသံကိုပါ ကျမ ကြားလိုက်ရပါသည်။ သူ၏ ကျန်ရှိသော မိသားစု များမှာလည်း MSF ဆေးပေးခန်း ကို အားကိုးပြီး အသက်ဆက်နေရ ပါသည်။ MSF ဆေးခန်းက ပိတ်လိုက်တဲ့ အတွက် သူမှာ သက်ပြင်းတွေချပြီး ကျန်ရှိသော သားသမီး ၄ ဦး များ၏ အနာဂတ် ဘဝ အသက်ရှင် နေထိုင်နိုင်ရေး ကို တွေးတောပြီး အိပ်မရနိုင်ပဲ နေ့စဉ်နဲ့အမျှပူပင်သောက ရောက် နေသည်ကို သူပြောသည်။
နိုင်အောင်သိန်းသည် ပရောရွာကို ဘယ်လိုရောက်လာခဲ့သည့် အခြေအနေ ကိုဆက်လက်ပြောသွားခဲ့ပါသည်။
“ကျနော့်ဇာတိက တနသာင်္ရီတိုင်းရေဖြူမြို့နယ်အလယ်စခန်းရွာကဖြစ်ပါတယ်”
ကျနော့်မှာသားသမီး (၇)ယောက်ရှိပါတယ်။ကျနော်ကတော့ (၄၅)နှစ်ဇနီးကတော့ မိကြိုင်( MI KYING) သူက၄၄နှစ်ပေါ့။
သားကတော့မင်းနိုင်စိုး (MIN NAING SOE) ပါ။သူရှိမယ်ဆိုအခု (၂၅) နှစ်ပေါ့၊ ပြီးတော့ သမီးမိပြေး(MI PYAY) သူလည်းပဲရှိခဲ့မယ်ဆိုရင် အသက်(၂၃)နှစ်ရှိလောက်ပါပြီး။
မိရင်စနိုင်း (MI YIN SANAING) (၂၁)နှစ်၊မင်းဟက (MEN HAKA) (၁၉)နှစ်၊မိရင်နှစ် (MI YIN HNIT) (၁၇)နှစ်၊ မိကျဲ (MI KYAE)(ခေါ်) မိဒါန် (MI DAN)(၁၅)နှစ်တို့ဖြစ်ပါတယ်။ မိပြေး ရဲ့အောက်က တစ်ယောက်က သားလျောသွား ပါတယ်။
ကျနော်တို့က (၁၉၉၁)ခုမိုးရာသီမှာတုန်းကပေါ့အစိုးရရဲ ့ဖြတ်လေးဖြတ်ကြောင့်မွန်ပြည်သစ်ပါတီစိုးမိုးရာ နယ်စပ်ဒေသကို ထွက်ပြေး ခဲ့ရပါတယ်။ အဲဒီတုန်း ကတော့ သားသမီး (၂)ယောက်ရနေပါပြီး၊။ မင်းနိုင်စိုးက (၅)နှစ်နဲ့မိပြေးက (၃)နှစ်ပေါ့။
“ပြေးရင်းနဲ့ ပယောရွာဆိုတဲ့ နယ်စပ်ကရွာကိုရောက်ခဲ့ပါတယ် အဲဒီတုန်းကတော့ရွာဆိုပေမယ့် တောကြီးပါ သစ်ပင်တွေ လည်းအပင်ကြီးတွေလေနေရောင် ဆိုတာ မမြင်ရလောက်အောင် ပါဘဲဗျာ အရမ်းကိုအေး စက်စက်ဖြစ်နေပြီးခြင်တွေက လည်းများတယ် မိုးတွင်ကာလဆိုတော့ ပါလာတဲ့ အဝတ်အစားတွေကနည်း တော့ မလုံလောက် ဘူးလေ ခနခနဖျား တော့ တာပါဘဲ”
“ဖျားပြန်တော့လည်း ဆေးပေးခန်းက မရှိပါဘူး မွန်ပြည်သစ် ပါတီ ရဲဘော်တွေကိုတွေ့မှဆေးတောင်းစားရ တဲ့ ဘဝမျိုးလေ”
ပြန်လို့လဲမဖြစ်ဘူး။ ဘာကြောင့်လဲဆိုတော့ပြန်ရင်လည်းစစ်တပ်ကလည်းစစ်ဆင်နေတော့ စားစရာလည်း မရှိဘူးလေဒါနဲ့ တောထဲမှာပဲ အသားရှာငါးရှာနဲ့ဘဲနေခဲ့ပါတယ်။ ပါလာတဲ့ဆန်တွေလည်း နဲလာတော့ ထိုင်းနိုင်ငံဖက်ခြမ်းဝင်ပြီးသွားသယ်ရပါတယ်ဗျာ။
အဲဒီတုန်းကတော့ပေါက်ဇူဆိုတဲ့ထိုင်းနိုင်ငံထဲကမွန်စစ်ပြေးဒုက္ခသည်စခန်းပေါ်စအချိန်လေမွန်စစ်ပြေး ဒုက္ခသည်တွေကိုတော့ဆန်တွေဝေပေးနေပါတယ်။
ကျနော်တိုနေတဲ့ပရောရွာနဲ့တော့အသွားအပြန်နှစ်ရက်ခရီး ဖြစ်တဲ့ ပေါက်ဇူမှာ ဆန်သွားသယ်ရပါတယ်။ အိမ်မှာကလည်း မိန်းမက ခနခနဖျား၊ ကလေးတွေ ကလည်းဖျား စားသောက်ဖို့ ဆန်ကလည်း ကုန်တော့မယ် ဆန်ကလည်း သွားမသယ်မဖြစ်တော့တဲ့ အနေထားမှာဖြစ်နေပါတယ်။
ဖျားနေတဲ့မိန်းမနဲ့ ကလေးကို အိမ်မှာချန်ထားပြီး ကျနော်ကတော့ ဆန်ကိုသွားသယ်ရတာပေါ့။ ဒီမှာနေရတာ ငှက်ဖျားကလဲပေါ စားစရာကလည်းမရှိတော့ အတော့ကို ဒုက္ခရောက်ခဲ့ရပါတယ်။ ဖျားတဲ့လူနာတွေကလည်း ထမင်းနဲ့ ဆားနဲ့ပဲ အားဆေးလုပ်နေရပါတယ်။
ပရောရွာမှာတော့ အိမ်ထောင်စု တရာကျော်ရှိတယ်လေ။
ကျနော်အိမ်မှာဆိုရင်ကျနော်ကလွဲရင် တစ်မိသားစုလုံးဖျားနေပါတယ်။ပရောရွာမှာတော့ ဆေးပေးခန်းမရှိ တော့ လူတိုင် အလိုလို ဖျားကြတာပေါ့ဗျာ။ အထူးသဖြင့် ကလေးတွေ ကလည်းအိမ်တိုင်းအလိုလို ဖျားလာကြပြီး သေဆုံးမှုအဆင့်ထိဖြစ်လာခဲ့ပါတယ်။
ကျနော်သားအကြီးမင်းနိုင်စိုးတယောက်ဆိုရင်ကျနော်ဆန်သွားထမ်းနေတဲ့ချိန်မှာဘဲအဖျားတက် များတော့ သေဆုံး သွားခဲ့ပါတယ်။
မိကြိုင်ကလည်းအတိတ်ကသေဆုံးသွားတဲ့ကလေးအကြောင်းကိုရှိုက်သံနဲ့အတူုကျမကိုပြောလာပါတော့တယ်။
“ကလေးတွေကသေဆုံးမှာပေါ့ရှင် ဒီရွာကိုရောက်ကတည်းကဆေးပေးခန်းလည်းမရှိဘူးအရမ်းကံကောင်းမှ သာလျှင်တခါတလေမှဘဲဆေးရပါတယ်။ဆေးမရှိတော့ ရေနွေးကြမ်းတွေနဲ့ဘဲဆေးလုပ်ရတယ်လေ။ြ ပီးတော့အမေကိုယ်တိုင်ကပါအဖျားတက်တော့ကိုယ့်ကလေးကိုတောင် မကြည့်နိုင်ခဲ့တဲ့ ဘဝပါရှင် ငိုသံနဲ့ ခနစကားပြောရပ်ပြီး အရမ်းဝမ်းနည်းတာပဲ လို့ ငိုသံနဲ့ ဆက်ပြောပါတယ်။ယောကျာ်းကိုကြည့်ရင်လည်း ယောကျာ်းကဆန်ထမ်းရနဲ့ ကျမကို ပြုစုလိုက် ကလေးကို ပြုစုလိုက် တောထဲက ဟင်းရွက်လေးတောင်မှ မရှာနိုင်တော့တဲ့ အဖြစ်မျိုးပါရှင်။ စားနေရတာ ကလည်း ထမင်းနဲ့ဆားပဲ ဆိုတော့ ဘယ်မှာ အားရှိပါ့မလဲ”
ကျမ ရဲ့အဖြစ်က တကယ့် ရင်နစ်စရာပါ သားကြီးကဆုံး ပြီး ၃ ပတ်မြောက်မှာ သမီး မိပြေးလည်း ဖျားရင်းနဲ့ပဲ ဆုံးသွားပြန် တယ် “ကျမသမီး သေးဆုံးချိန်မှာ ကျမလည်းကိုယ်ဝန် ရ လ ရှိနေပါတယ်။ အဲဒီအချိန်မှာ ကျမလည်း အိပ်ယာက မထနိုင်အောင် အဖျားတက်နေပါတယ် ကျမ သမီး ဖျားနေတဲ့အတောအတွင်းမှာ ကျမ တချက်လေတောင်မှ မပြုစုလိုက်ရပါဘူး အဲဒီဖြစ်ရပ်ကို တနေ့မှကျမ မေ့မရပါဘူး ကျမ ရင်ထဲမှာလည်း မီးလိုပဲပူလောင် နေပါတယ် ကျမ ဘယ်လိုမှ ဖြေသိပ့်လို့မရပါဘူး” ဆိုပြီး “ရှိုက်ကြီးတငင်းငင်းနဲ့ နှက်ချေးတွေ ညှစ် ချောင်းတွေကလည်း တခွတ်ခွတ်နဲ ့ ငိုသံကို နဲ့အတူ ရောယှက်နေပါတယ်”
သူဆက်ပြောတာက ကျမ သမီးဆုံးပြီး တဲ့ ၁ အကြာမှာ ကျမ ကိုယ်ဝန် ၈ လမြောက်တဲ့ အချိန်မှာဘဲ့ကျမရဲ့ ကျန်းမာရေးချို့တဲနေတဲ့အခံကြောင့် ကိုယ်ဝန်၈လသားအရွယ်မှာ ဗိုက်ထဲက ကလေးသေဆုံးမှုဖြစ်ပြီးသား လျော သွားခဲ့ပါသည်။ ူပြောနေရင်းနဲ့ဘဲအရမ်းဝမ်းနည်းလာပြီးအသံသဲသဲနဲ့အတူ ရှိုက်နေဆဲဖြစ်ပါတယ်။
နိုင်သိန်းအောင် ဆက်ပြောတာကတော့ ဒီအခြေအနေတွေအများကြီးဖြစ်နေတဲ့အတွက်ကြောင့်မွန်ပြည်သစ်ပါ တီ ကနေပရောရွာမှာ ဆေးခန်း လာဖွင့်ပေးထားပါတယ်။ အဲဒီဆေးခန်းမှာ ကလည်း၊ မအေးဆိုတဲ့ ဆရာတ ယောက်ဘဲရှိပါတယ်။ပြီးတော့ဆေးကလဲနဲနဲပါးပါးဘဲရှိတယ်လေ။ဘာကိရိယာမှလည်းမရှိပါဘူး။ ကလေးလူနာကလည်း နေ့တိုင်း (၃၀) နီးပါး ရှိတယ်ဆိုတော့ ဒီဆေးခန်းတစ်ခုနဲ့တော့ ဘယ်လိုမှမဖြစ် တော့ပါဘူးဆိုတဲ့ အနေအထားမှာရောက်နေပါတယ်။
“ကျနော်မှတ်မိနေသေးတယ် ကျနော်တို့ပရောရွာကို ရောက်စ (၁) လအတောအတွင်းမှာဘဲ ကျနော့ကလေး အပါ၀င် မသေသင့်ဘဲ့သေသွားရတဲ့ ကလေး (၂၀)ကျော်နဲ့လူကြီး (၇) ဦးသေဆုံးခဲ့ပါတယ် အဲဒီထဲမှာမထနိုင် တဲ့ လူနာတွေ (၃၀) ကျော်ကျော်ဟာဆေးခန်းထဲမှာအပြည့်ရှိနေတုန်းဘဲ”
မွန်ပြည်သစ် ဆေးခန်းတစ်ခုတည်းနဲ့မနိုင်တော့ဘဲ့ အဲဒီနှစ်ဆောင်းရာသီမှMSF ဆေးခန်းဆိုပြီးစဖွင့်ခဲ့ပါ တယ်။စဖွင့်ဖွင့်ချင်းမှာလည်းလူနာတွေကလည်း အခြေနေတော်တော်ဆိုးပြီး အရမ်းများတော့သူတို့ယူလာ ဆေး ကမလောက် ဘူးလေ၊၊ စစ်ပြေးတဲ့လူတွေကလည်းတဖြည်းဖြည်းများလာတော့အိမ်ထောင်စု (၅)ရာအထိဖြစ်လာခဲ့ပါတယ်။ လူတွေ ပိုများ လာလေလေ လူနာတွေ ပိုများလာလေလေ ဖြစ်ပါတယ်။ ဆေးကလည်း သွားသယ်ရတာ ၂ ရက်ခရီးဆိုတော့ မလွယ် လှပါဘူးဗျာ။
လူတွေများလာတာနဲ့အမျှ ကလေးရောလူကြီးပါသေဆုံးမှုက မကြာခဏဆိုသလိုရှိနေတုန်းပဲ။ ပရောရွာနယ်စပ်ဟာ တအားကိုတောခေါင်ပြီး ငှက်ဖျားလည်း တော်တော် ကြမ်းတဲ့ ဒေသဖြစ်တယ်။
နောက်တော့ ကျနော်တို့က ထိုင်းနိုင်ငံထဲက ပေါက်ဇူစခန်းနဲ့ ပရောရွာနယ်စပ်ကိုဆက်သွယ်တဲ့ကားလမ်းကို ဖေါက် ရပါတော့တယ်။ကားလမ်းကိုဖောက် ရတာကလည်း အချိန်ကာလကတလ ကြာသွားပါတယ်။ လမ်းဖောက်နေချိန် မှာပဲ ဒီအတောအတွင်းမှာလည်းကလေးသေဆုံးမှုတွေဆယ်နဲ့ချီရှိနေ ဆဲဖြစ် ပါတယ်။
အဲဒီကားလမ်းပေါက်လာတော့မှ ဆေးနဲ့ဆေးပစ္စည်းတွေလောက်ငှလာ ပါတော့တယ်ဗျာ။ အဲဒီအချိန်က စပြီးသေဆုံးမှုတွေ လျော့လာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့်“ဆရာမတွေကလည်း ကလေးကို ကုသရတာ အလွန်ခက်တယ်လို့ ပြောပါတယ် ဘာကြောင့် ခက်ခဲတာလည်းဆိုတော့ ကလေးတွေက အဟာရဓါတ် ချို့တဲ့နေပြီးလေ ဆေးလုံလောက်ပြန်လည်း အဟာရချို့တဲ့တဲပြသနာကိုရင်ဆိုင်ရပြန်တယ်။ MSF ဆေးခန်းဟာကုသရေးမှာအခက်အခဲပိုပြီးကြီးမားစွာနဲ့ ကုသပေးနေခဲ့ပါတယ်။
“ဒါနဲ့ကျနော်တို့နယ်စပ်ရောက်ပြီး (၄) လအတောအတွင်းမှ တော့ ဆေးခန်းဝန်ထမ်းတဦးဖြစ်သူမအေး ပြောပြခဲ့တာက ကလေးပေါင်း (၄၀)ထက် မနဲ သေဆုံးပြီးလူကြီးကတော့ (၃၀)ကျော်သေဆုံး ခဲ့ပါတယ်လို့ ဦးအောင်သိန်းက ဆိုပါတယ်”
ဒီလိုအသေအပျောက် များလာသည့်အတွက်ရွာသားတွေဟာMSF ဆေးခန်းအပေါ်သံသယစိတ်တွေဝင် လာကြပါသည်။ MSF ဟာဆေးသစ်တွေကို ဖော်စပ်ပြီး ပရောရွာကလူနာတွေကိုစမ်းသပ်နေသည့်အတွက် သေဆုံးမှုများလာရသည်ဟုရွာသားကြားများကပြောလာကြပါသည်။
ဤကဲ့သို့အထင်လွဲခံခဲ့ရသည့်ကြားမှာပင် MSF ဆေးခန်းရှိဆေးဆရာများသည် အစွမ်းကုန်ကြိုးစားရင်း သေဆုံးမှုကိုနဲ သမျှ နဲအောင် လျော့ချလာနိုင်ခဲ့ပါသည်။
မိကြိုင် ကလည်း MSFဆေးခန်းဖွင့်လာပြီးကတည်းကလူနာတွေအသေအပျောက်နဲလာတာတွေ့ရပါတယ်။ဒါကြောင့် MSF ဆေးခန်းကိုကျမတော့အရမ်းကျေးဇူးတင်ပါတယ် ကျမလည်းသေကံမရောက် အသက် မပျောက် ခဲ့ဘူးလေ။ကျမသားသမီးနှစ်ယောက်တော့ဆုံးသွားခဲ့ပါပြီး တစ်ယောက်သားလျောဖြစ်ခဲ့ရပေမယ့် ကျန်တဲ့သားသမီးတွေက MSF ကျေးဇူးတွေကြောင့် အသက်ပြန်လည် ရှင်သန်နေရပါတယ်။
MSF ကဆရာမတွေကတော့ငှက်ဖျားရောဂါကြောင့်အများစု သေဆုံးတာဖြစ်ပါတယ်လို့လည်း ကျမကိုပြောပြပါတယ်။
“MSF ဆေးခန်းကအခမဲ့လေ၊ဆင်းရဲတဲ့ ကျမတို့ တွေအတွက်တော့ တကယ် အားကိုး စရာ မှီခိုစရာ တစ်ခုပါ တကယ်လို့ ပိုက်ဆံသာ ပေးရမယ်ဆိုရင်အကုန်လုံးသေကုန်ဖို့ဘဲရှိတော့တယ်လေ လူနာကလည်းများ၊ချီးပါသေးပေါက်ကအစညစ်ပတ် နေတာဘဲ အားလုံး က အလုပ်မလုပ်နိုင် ပိုက်ဆံကလည်းမရှိကြဘူး ပေါက်ဇူစခန်းက ကပေးတဲ့ဆန်ကိုဘဲ့စားနေ ရလေ”
အဲဒီတုန်းကတော့ ပေါက်ဇူစခန်း ကနေ ဆန်ကိုတော့အလကားရတယ်၊ဆေးအလကားရတယ် ကျမတို့တနှစ် လောက်ရောဂါဒဏ်ခံကို ခဲ့ရပါတယ်။ကျမတို့ရွာမှာ MSF ဆေးခန်းကလည်း အတည်တကျဖြစ်လာပြီး၊စိတ်ချလာရပြီးတော့ကျမတို့ကတောင်ယာနဲနဲပါးပါး ခုတ်နိုင်လာတော့တယ်လေ။ကျမတို့တတွေလည်းခြံတွေ လည်း စိုက်ပျိုးလာနိုင်တယ် လေး။
တကယ်တော့ ကျမတို့ကို ကုနေတဲ့ဆေးခန်းကလည်းဆရာဆရာမဆိုလို့ (၄)ယောက်ဘဲရှိတယ် ပြီးတော့ လူသစ်တွေ လည်းဖြစ်နေတယ်လေ။ သူတို့လည်း ကျမ တို့ကို အစွမ်းကုန် ကြိုးစားပြီး ကုသပေးနေပါတယ်။
ဒါပေမဲ့၂၀၁၀ခုနှစ် ဇွန်လ မှစပြီး Médecins Sans Frontières/ Doctors Without Borders (French) သည်၊ ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်၊ စံခလဘူရီနယ်စပ်၌ ထောက်ပံ့ကူညီ ပေးနေသော ကျန်းမာရေး အကူအညီများကို ဖြစ်တဲ့ MSF ဆေးခန်းက အခု ပိတ်လိုက်ပြန်ပြီး။ ဒီဆေးခန်းကကျမတို့ အတွက်အမှန် တကယ် အရေးကြီးပြီးမရှိမဖြစ်လိုအပ် နေတဲ့ဆေးခန်းတစ်ခုပါ။ ကျမတို့က MSF ဆေးခန်းကိုပဲမှီခို အားကိုးနေရတာပါ အကယ်၍ဆေးခန်းမရှိဘူးဆိုရင်တော့ကျမတို့ကအရင်လို့ပဲဒုခရောက်တော့မှာပဲလို့ တွေးရင်းနဲု့ကြောက်နေမိတယ်။
သမီး မိကျဲကလည်း သမီးငယ်ငယ်တုန်းက ငှက်ဖျားကြောင့် အရမ်းဖျားခဲ့ပါတယ် ဒါပေမယ့် MSF ဆေးပေးခန်းရှိ နေတဲ့အတွက်ကြောင့် သမီးကသေကံမရောက်အသက်မပျောက်သွားတာကိုဘဲကံကောင်း တယ်လို့ပြောရမှာပါ။ဒီဆေးခန်းရှိနေလို့ သမီးက မသေပဲ မိသားစုတွေနဲ့အတူရှိနေရပါတယ်။
ဒီဆေးခန်းက သမီး အသက်ကိုကယ်ပေးခဲ့သလို သမီး လိုပဲ အသက်မသေပဲ ရှင်တဲ့သူတွေရဲ့ အသက် ကို ကယ်တင် ပေး ခဲ့ပါ တယ်။ နောင်တချိန်မှာ သမီးလည်း ဆေးဆရာမဖြစ်အောင်ကြိုးစားမယ်။ သမီးကိုလည်း ဆေးဆရာမဖြစ်အောင် ကူညီပေးကြပါ။ သမီး လူနာတွေ ရဲ့အသက်ကို ကယ်တင်ချင်တယ်။ သမီး အကို တွေ အမတွေလို့ အသက်မဆုံးရှံုးအောင် သမီး လိုက်လံကုသပေး မယ်။
“သမီးစိတ်ညစ်နေရပါတယ်။ သမီး တို့ ရွာမှာ အခုဆိုရင် ဆေးခန်းသာရှိတယ် ဆေးတွေမရှိတော့ပြန်ဘူးလေ။ အဖေနဲ့ အမကလည်း စိတ်ညစ်နေကြတယ်။ အကိုအမတွေဆုံးတာမျိုးကျမတွေးပြီးကြောက်နေမိတယ်။ အရင်က ဘဝလိုမျိုး ကျမမိဘတွေကိုလည်းပြန်မရောက်စေချင်ဘူး”
“ဒါကြောင့်ဒီဆေးခန်းက အမြဲတမ်းရှိဖို့အတွက်ကို သမီးတို့က အတိုင်းအဆမရှိ လိုအပ်နေပါတယ်။ အဖေနဲ့ အမေ ကလည်း နေ့စဉ်နဲ ့အမျှ ငိုနေရပါတယ်။ ကူညီထောက်ပံ့တဲ့ အဖွဲ ့တွေကလည်း သမီးတို့လို ဆင်းရဲ သား ဘဝကို လူသားချင်းစာနာ ထောက်ထားပြီး သမီးတို့ကိုပစ်မထားပါနဲ့ ဆက်လက်ပြီးကူညီပေးကြပါ MSF ဆေးခန်းကို ပြန်ဖွင့်ပေးပါ” ဟုပြောသည်။
ကျွန်တော်အတိအကျသိတာက (၁၉၈၇) ကစပြီး၊ MSF (ပြင်သစ်)ကမွန်ပြည်သစ်ပါတီကိုစပြီးဆေးအကူ အညီ တွေပေးခဲ့တယ်လို့ဆေးရုံတာဝန်ခံတဦးဖြစ်ခဲ့သူနိုင်ဝင်းအေး (NAI WIN AYE) ကပြောပါတယ်။
အဲဒီအချိန်တုန်းကဘုရားသုံးဆူဒေသမှာလူဦးရေက (၇၀၀၀)လောက်ရှိပြီးနန်းမကုတ်၊ကြံတော၊ ( ၀ါရီရိုး) ၊ဘုရားသုံးဆူ ရွာတစ်လျောက်ရှိပြည်သူတွေကိုဆေးဝါးကုသပေးခဲ့ပါတယ်။ MSF ဆေးခန်းအတွက် ဆေးကျောင်း ကို (၁၉၈၈) ဒီဇင်ဘာမှာစဖွင့်ခဲ့ပြီး (၁၉၉၀) ခုနှစ်အထိအကူအညီပေးလာခဲ့ပါသည်။
(၁၉၉၀)ခုနှစ်ဘုရားသုံးဆူဒေသကိုအစိုးရတပ်များသိမ်းပိုက်သည့်အခါမွန်ပြည်သစ်ပါတီသည် တနင်္သာရီတိုင်း နယ်စပ်ဖက်ကိုရောက်ရှိလာပြီး MSF သည်စစ်ပြေးဒုက္ခသည်တသောင်းကျော်ကို ဆက်လက်ထောက်ပံ့လာခဲ့ပါသည်။
နိုင်ဝင်းအေးပြောပြသည်မှာ“ရောဂါသတ်မှတ်ပြီးဆေးပေးနေတာမဟုတ်ပါဘူး ပြည်သူတွေရဲ့ရောဂါကိုအခြေ ခံပြီးဆေးတွေကိုပေးပါတယ် ဘယ်ရောဂါကအဖြစ်များဆုံးလဲဘယ်ဆေးဝါးအမျိုးအစားကအလိုအပ်ဆုံး လဲဆိုပြီတော့အဲဒီရောဂါအပေါ်မှာကြည့်ပြီးဆေးဝါးတွေကိုပို့ပေးပါတယ် ဆေးပေးတဲ့နေရာမှာရောဂါအမျိုး အစားရှိပေမဲ့သူတို့ဆီမှာ ပေးလို့မရတဲ့ကန့်သတ်ထားတဲ့ဆေးအမျိုးအစား ဆိုရင်တော့သူတို့မပေးတော့ပါ ဘူး၊ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာစည်းမျဉ်းရှိတယ် တချို့ဆေးတွေဟာကုသပေးနေတဲ့ ဆေးဆရာ တွေရဲ့ဆေးဝါးနဲ့ပတ်သက်တဲ့အတွေ့အကြုံ၊အရည်အချင်းကိုကြည့်ပြီးမှပေးပါတယ်မသုံးတတ်ရင်ရောဂါ သည် တွေအတွက်အန္တရာယ်ဖြစ်မှာစိုးလို့အဲဒီဆေးမျိုး ကိုတော့မပေးပါဘူး” ဟုနိုင်ဝင်းအေး ကဆိုပါသည်။
တနင်္သာရီတိုင်းဒေသမှာကထားဝယ်ရေဖြူဘက်ပိုင်းမှာစစ်တပ်ကရွာလုံးကျွတ်နင်ထုတ်ခဲ့တဲ့အတွက်ရွာသားတွေထွက်ပြေးရတာကိုအခြေခံပြီးနယ်စပ်ဘက်မှာMSF ဆေးခန်းဖွင့်ခဲ့ပါတယ်။အဲဒီတုန်းကဆိုရင်လူဦးရေ(၂) သောင်းကျော်လောက်ရှိနိုင်ပါတယ်။
(၁၉၉၁)နဲ့(၁၉၉၂)မှာ MSF ကဆရာဝန် တစ်ယောက်နဲ့အကူတစ်ယောက်လောက်ပဲစံခလဘူရီမြို့မှာရုံး စတင်ထား ရှိခဲ့ပြီးအဲဒီကနေမှ (၂၀၀၅) ဒီဇင်ဘာအထိပြင်သစ် MSF ကပဲထားဝယ်ခရိုင်၊ဘီရီစခန်းနှင့်၊