ကယားပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီကြီး (၄) ဖွဲ့ဆွေးနွေး

ကယားပြည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးပါတီကြီး (၄) ဖွဲ့ဆွေးနွေး
by -
ရွှေဟင်္သာ

ကယားပြည်နယ်မှ နိုင်ငံရေးပါတီကြီး (၄) ခု၏ ကိုယ်စားလှယ်များသည် ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပြန်လည် သုံးသပ်ခဲ့ကြရာတွင် အမြင်သဘောထားများ ကွဲပြားခဲ့ကြသည်ဟု ကရင်နီပြည် လူငယ်များသမဂ္ဂ(UKSY) မှ စောဖိုး ခွါး ကဆိုပါသည်။

“ သုံးသပ်ပွဲကို လွိုင်ကော်မြို့ ကတ်သလစ်ဓမ္မာရုံ အ.ထ.က-(၃) အနီးမှာ ဒီနေ့ (၉)နာရီကနေ (၁၂)ခွဲအထိ ကျင်းပကြ ပါတယ်။ ဆွေးနွေးပွဲပုံစံကတော့ လူထုကမေးခွန်းထုတ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် (၃)ပါတီနဲ့
အစိုးရကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ ဖြေတဲ့ ပုံစံပါ။ အမြင်ကွဲတာက ကြံ့ခိုင်ရေးကတဖက် ကျန်တဲ့(၃)ပါတီကိုယ်စားလှယ် ကတဖက် ဖြစ်နေတယ်” ဟုဆိုပါသည်။

ယင်း ငြိမ်းချမ်ရေးဖြစ်စဉ်ပေါ်သုံးသပ်သည့်ဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးခဲ့သည့် ပုဂ္ဂိုလ် (၄) ဦးမှာ ကယန်းပြည် သစ်ပါတီမှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောလွင်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) မှ နိုင်ငံရေးနှင့် ဆက်ဆံရေး ဗိုလ်မှူးကြီးဘုန်းနိုင်၊လွိုင်ကော်မြို့နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ကြံ့ခိုင်ရေး ဖွ့ံဖြိုးရေးပါတီ ဦး ခင်မောင်ညို၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် တပ်ဦး(KNPLF ခေါ် ကလလတ)မှ တွဲဖက်အတွင်းရေးမှူး ဗိုုုလ်မှူးမန်းသက်ဖော တို့ ဖြစ်ကြပါသည်။

စစ်ရေးနှင့် လုံခြုံရေးအကြောင်းကို ဆွေးနွေးရာတွင် ကယားပြည်နယ် ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် ဦးခင် မောင်ညိုက တိုင်းတတိုင်း၌ စစ်ရေးလေ့ကျင့်ရေးကျောင်းတကျောင်း ရှိသင့်သည်ဟု အကြံပြုပါသည်။
သို့သော် ကျန် သည့် ကိုယ်စားလှယ်(၃)ဦးမှာ အစိုးရအနေနှင့် စစ်အင်အားတိုးချဲ့နေသည့်သဘော ဖြစ်နေသဖြင့် လုံးဝလက်မ ခံနိုင် ကြောင်း ပြန်လည်ဆွေးနွေးရာ အမြင်ကွဲလွဲနေကြ ခြင်းဖြစ်သည်ဟုဆိုပါသည်။

ကလလတ သည် အစိုးရနှင့်  (၁၉) နှစ်ကျော် ငြိမ်းချမ်းရေးရယူထားသည့် အဖွဲ့ဖြစ်ပါသည်။  အစိုးရနှင့် အပစ်ခတ်ရပ်စဲစဉ်သဘောတူညီမှုများ ရယူခဲ့ပါသည်။ ၄င်းသဘောတူညီချက်များထဲမှ တချို့ကို အစိုးရမှယနေ့အထိ အကောင်အထည်မဖေါ်ပေးကြောင်းဆွေးနွေးခဲ့သလို  KNPP မှလည်း ၄င်းတို့ အစိုးရနှင့်ရယူခဲ့သည့် အချက် (၁၄)ချက်ကို ရှင်းပြပြီး ယခုချိန်ထိ အကောင်အထည်မဖေါ်သေးကြောင်း တင်ပြပါသည်။

ကယားပြည်မှ ကြံ့ခိုင်ရေးပါတီ ပြည်သူ့လွတ်တော် ကိုယ်စား လှယ်ကမူ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် လွတ်တော် အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခဲ့သည့် အကြောင်းရာများကို တင်ပြခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားနှင့်အစိုးရကြား ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တဖက်နှင့် တဖက် နားလည်မှုလွဲ၍  ယုံကြည်မှု မရှိခြင်းကြောင့် ပြီးခဲ့သည့် ငြိမ်းချမ်း ရေးပွဲတွေမှာ ပျက်ပြယ်သွားခြင်း ဖြစ်ရကြောင်းဆွေးနွေးခဲ့ပါသည်။

အလားတူ ငြိမ်းချမ်းရေးရဖို့ အတွက် ဘာတွေလုပ်ဆောင်ရမည်၊ ဘာအခက်ခဲရှိနေသည်ကို ဆွေးနွေးပြီး ငြိမ်းချမ်းရေး ရရန်အတွက် လက်တွေ့လုပ်ငန်းစဉ် (၇)ရပ်ကို အကောင်ထည်ဖော်ဖို့ လိုသည်ဟု ကယန်းပြည်သစ်ပါတီမှ အတွင်း ရေးမှူး(၁) ဗိုလ်မှူးကြီးစောလွင်ကပြောပါသည်။

“အစိုးရက တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးကြေငြာပေးဖို့၊ အပစ်ခတ်ရပ်စဲရေးခိုင်မာအောင် သမာသမတ်ကျတဲ့လေ့လာ စောင့်ကြည့်ရေးအဖွဲ့ကဖွဲ့ဖို့၊ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေငြာပေးဖို့၊ ပင်လုံစိတ်ဓာတ်အခြေခံတဲ့ညီလာခံ ကျင်း ပပြီး ကော်မရှင်တရပ်ခန့်အပ်ဖို့၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ပြီး ဆုံးဖြတ်ချက်ဖို့၊ ဆုံးဖြတ်ချက်တွေကို ပြည်သူ့ လွတ် တော်နဲ့ အမျိုးသားလွတ်တော်က အမြန်အတည်ပြုပေးဖို့နဲ့ ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပဖို့ဖြစ်တယ်”  ဟု ဆိုပါသည်။

ထိုဆွေးနွေးပွဲတွင် ကယန်းပြည်သစ်ပါတီမှ အစိုးရက တနိုင်ငံလုံး အပစ်ခတ်ပြီးမှ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မည်ဆိုလျှင် ဘယ်တော့မှ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မည် မဟုတ်ကြောင်း ပြောခဲ့သလို အစိုးရအနေဖြင့် တပြည်လုံးအတိုင်းတာ အပစ်ခတ် ရပ်စဲရေး မကြောငြာပေးလျှင် ကယန်းပြည်သစ်ပါတီအနေဖြင့် လက်မှတ်ထိုးမည်ဟုကြောင်း ဆိုပါသည်။

ကယားပြည်နယ်ရှိ ကရင်နီ လက်နက်ကိုင်အဖွဲ့များသည် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းဆောင်ရွက်နေကြသော် လည်း တဖွဲ့တည်းဖြစ်ရန် အစီစဉ်မရှိသလို တဖွဲ့တည်းဖြစ်လာရန် ဆန္ဒရှိကြကြောင်းဆိုပါသည်။

ဤ (၄)ပါတီ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်အား ပြန်လည်သုံးသပ်သည့် ဆွေးနွေးပွဲသို့  ငြိမ်းဖောင်ဒေးရှင်း၊ မေတ္တာဖောင် ဒေး ရှင်း၊ IRC ၊ MRC ၊UNHCR နှင့် ကရင်နီလူငယ်များ၊ ပအိုဝ်းလူငယ်များ ၊ က ယန်းအမျိုးသမီးလူငယ်များ စုစုပေါင်း (၁၀၀) ကျော်တက် ရောက်ခဲ့ကြပြီး ၄င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြောင်း ဆိုပါသည်။

ဤကဲ့သို့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် သုံးသပ်သည့် ဆွေးနွေးပွဲ ဖြစ်လာရန် ကရင်နီပြည် လူငယ်များသမဂ္ဂ(UKSY) မှကမကထပြု ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ (UKSY) သည်၂၀၀၇ ခုနှစ်တွင် Kayar State Youth အမည်ဖြင့် ကရင်နီ လူငယ်အစည်းအရုံး (KNYO)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည် သူ့ လွတ် မြောက် တပ်ဦး (KNPLF ခေါ် ကလလတ)၊ က ယန်းမျိုးဆက်သစ်အဖွဲ့ (KNGY) တို့ပူးပေါင်းပြီး စတင်တည်ထောင်ခဲ့ပါသည်။ တည်ထောင်ပြီးနောက် ၂၀၀၈ ဖွဲ့စည်းပုံ ကို ကန့်ကွက်လှုပ်ရှားခဲ့ကြသဖြင့် ခေါင်းဆောင်သုံုးဦး အဖမ်းခံရခဲ့ပြီး (KSY)သည်လည်း ပျက်စီးသွားခဲ့ပါသည်။ ၂၀၁၀ ခုနှစ်တွင် (UKSY)အမည်ဖြစ် တရားဝင်လှုပ်ရှားလာပြီး  ကရင်နီလူငယ်အစည်း အရုံး (KNYO)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်တပ်ဦး (KNPLF ခေါ် ကလလတ)၊ ကယန်း မျိုးဆက်သစ်အဖွဲ့ (KNGY)၊ ၀ိဇ္ဖာသိပ္ပံကျောင်းသား များ သမဂ္ဂ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တသီးပုဂ္ဂတို့ဖြစ် ပြန် လည်ဖွဲ့စည်းခဲ့ပါသည်။