တိုင်းရင်းညီလာခံ ဆုံးဖြတ်ချက်နှင့် ဗမာပြည်နယ် ဖေါ်ထုတ်ရေး သဘောတူညီမှု

တိုင်းရင်းညီလာခံ ဆုံးဖြတ်ချက်နှင့် ဗမာပြည်နယ် ဖေါ်ထုတ်ရေး သဘောတူညီမှု
by -
ရွှေဟင်္သာ

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သည် ၄င်းတို့၏ ညီလာခံ အပြီး ယမန် နေ့တွင် ဒီမိုကရေစီ အင်အားစု နှင့် ထပ်မံ ဆွေးနွေး ရာ၌ ဗမာ ပြည်နယ် ဖေါ်ထုတ် သွားရန် လိုအပ် သည်ဟု သဘောတူ ကြကြောင်း ယင်း ဆွေးနွေးပွဲကို တက်ရောက် ခဲ့သည့် ပြောရေးဆိုခွင့် ရှိသူ တစ်ဦးမှ ဆိုပါသည်။

“ ညီလာခံ ပြီးတော့ ညီလာခံရဲ့ ဆုံးဖြတ် ချက်ကို ချပြပါတယ်။ ဖက်ဒရယ်မူ ဖြစ်တယ် ဆိုတော့ ဗမာတွေမှာလည်း ဗမာ ပြည်နယ် ရှိသင့် တယ်လို့ သဘော တူတာ ဖြစ်ပါတယ်။ အားလုံးပေါင်း အချက် (၇) ချက်နဲ့ သူတို့ သဘော တူခဲ့တာပါ” ဟု ဆိုပါသည်။

phophtawL

ဒီမိုကရေစီ အင်အားစုများသည် UNFC ၏ တင်ပြ ဆွေးနွေးမှုထဲမှ အထူးသဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နှင့် ဗမာ အမျိုးသား ပြည်နယ်ကို ဖော်ထုတ်ပြီး ဖက်ဒရယ် ပြည်ထောင်စု အဖွဲ့ဝင် အဖြစ် ပါ၀င် သွားရေးကို ထောက်ခံခဲ့ခြင်း ဖြစ်ပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော ဒီမိုကရေစီ အင်အားစုများမှာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာနိုင်ငံ ဒီမို ကရက်တစ် မဟာမိတ်များ အဖွဲ့ (DAB)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နှင့် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု (FDB) တို့ အပါအဝင် အဖွဲ့ (၂၀)ခန့် တက်ရောက် ခဲ့ပါသည်။

အထက်ပါ သဘော တူညီချက်သည် UNFC ၏ ဇူလိုင် (၃၁) ရက်နေ့တွင် ပြီးဆုံးသွားသော တိုင်းရင်းသား ညီလာခံမှ ဆုံးဖြတ်ချက်များကို ဒီမိုကရေစီအင် အားစုများအား ရှင်းလင်း တင်ပြ ရာမှ သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်ပါသည်။

UNFC ညီလာခံမှ ဆုံးဖြတ် ထားချက်များမှာ၊

(က) UNFC မှ တင်ပြ ခဲ့သော နိုင်ငံရေး အစီရင်ခံစာ စာတမ်းကို အတည်ပြုသည်။
(ခ) အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းရေး ဆိုင်ရာ မူဝါဒ (၄) ချက်ဖြင့် ပြည့်စုံရမည်။
- ဖက်ဒရယ် ပြည်ထောင်စု၏ ကာကွယ်ရေး တပ်မတော်သည် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လေးစား လိုက်နာရမည်။
- ဖက်ဒရယ် ပြည်ထောင်စု၏ ကာကွယ်ရေး တပ်မတော်သည် နိုင်ငံရေး ဆိုင်ရာတွင် ၀င်ရောက် စွက်ဖက်ခွင့် မရှိသည့် စွမ်းရည် ပြည့်ဝသော တပ်မတော်ဖြစ်ရမည်။
- ဖက်ဒရယ် ပြည်ထောင်စု၏ ကာကွယ်ရေး တပ်မတော်သည် မည်သည့် အချိန်အခါတွင် မဆို အရပ်ဖက် အုပ်ချုပ်ရေး အောက်၌ တည်ရှိရမည်။
- ဖက်ဒရယ် ပြည်ထောင်စု အတွက် ဖွဲ့စည်းထားသည့် တပ်မတော်သည် တရား ဥပဒေ စိုးမိုးရေးနှင့် ပြည်သူ့ဘဝ လုံခြုံရေး အတွက် ဖွဲ့စည်း ထားသော ပြည်သူ့ရဲ တပ်ဖွဲ့၊ ပြည်နယ် ရဲတပ်ဖွဲ့ (သို့မဟုတ်) စစ်တပ်နှင့် သီးခြား ရှိနေရမည်။

(ဂ) ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုင်ရာ သဘော တူညီချက်များကို အတည်ပြုသည်။

(ဃ) ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အခြေခံ မူများကို အောက်ပါအတိုင်း အတည်ပြုသည်။
- အမျိုးသား တန်းတူရေးကို အခြေခံခြင်း။
- အမျိုးသား ပြည်နယ်ဖြင့် အခြေခံခြင်း။
- ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံခြင်း။
- ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို အခြေခံခြင်း။

(င) အလုံးစုံ အပစ်အခတ် ရပ်စဲရေးကို အစိုးရဖက်မှ ဖိတ်ခေါ်လျှင် နိုင်ငံရေး အရ အခြေခံမူနှင့် စစ်ဖက် ဆိုင်ရာ အခြေခံ သဘော တူညီချက်များ ရရှိမှသာလျှင် စဉ်းစား သွားမည်ဟု ဆုံးဖြတ်သည်။

(စ) အစိုးရ၏ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လက်မခံကြောင်းနှင့် ဖက်ဒရယ် ပြည်ထောင်စု မူကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ်ကို ရေးဆွဲ ပြဌာန်းရန် ဆုံးဖြတ်သည်။

(ဆ) တွေ့ဆုံ ဆွေးနွေးရေး၌ အခြေခံ ရမည့် အချက်များကို ဆုံးဖြတ်သည်။

-  အဓိပ္ပါယ် ပြည့်ဝပြီး တန်းတူမှု ရှိသည့် ဆွေးနွေးပွဲဖြစ်ရန်။
- တဖွဲ့ချင်းစီ မဟုတ်ဘဲ၊ တိုင်းရင်းသားလူမျိုးများ ကိုယ်စားပြုသည့် လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးအရ တပေါင်းတစည်းတည်း ပါ၀င်ဆွေးနွေးရန်။
- တတိယကြားနေ နိုင်ငံ၌ ဆွေးနွေးရန်။
- ပြည်တွင်း ပြည်ပ ကြားဝင် ညှိနှိုင်းသူ၊ လေ့လာသူ၊ သက်သေများပါ၀င်ရန်။
(ဇ) တိုင်းရင်း ညီလာခံ၏ သတင်း ထုတ်ပြန်ချက် ထုတ်ရန်။
(စျ)  ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရာတွင် UNFC နှင့်UNA တို့မှ ကမကထ ပြုလုပ်ပြီး တခြား အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစုများ၊  အမျိုးသမီး အဖွဲ့အစည်းများနှင့် လူငယ် အဖွဲ့အစည်းများ ပါ၀င်သည့် ကော်မတီ တစ်ရပ်ကို ဖွဲ့ပြီး ပူးပေါင်း ဆောင်ရွက် သွားရန်။
(ည) UNFC ၏ နိုင်ငံရေး လမ်းပြမြေပုံ (၆) ချက်ကို ညီလာခံမှ ထပ်မံ အတည်ပြုသည်။

တိုင်းရင်း ညီလာခံသည် ယခင်က တိုင်းရင်းသား အဖွဲ့အစည်းများ ရေးဆွဲ ခဲ့သော အခြေခံ မူဖြစ်သည့် တောင်ကြီးမြို့၌ ချုပ်ဆိုခဲ့သော ပင်လုံ စာချုပ်၊ ရှမ်းတိုင်းရင်းသားများမူ၊ KNU ဒေသမှ သူမွဲထ စာချုပ်၊ အဝေးရောက် ညွန့်ပေါင်း အစိုးရ NCGUB ပါ၀င်သော မယ်သရောထ စာချုပ်နှင့် KNU ဌာနချုပ်၌ ချုပ်ဆိုထားသည့် မာနယ် ပလော စာချုပ်များကို အခြေခံပြီး ရေးဆွဲ သွားကြမည်ဟု ဆိုပါသည်။

UNFC သည် တိုင်းရင်းသား ညီလာခံ တရပ် ကျင်းပပြီး၊ လိုအပ်သော စုပေါင်း ဆုံးဖြတ်များကို ချမှတ် နိုင်ခဲ့ပြီး ဒီမိုကရေစီ အင်အားစု များအား ထပ်မံ ချပြပြီး ဆွေးနွေး တင်ပြ ခဲ့ခြင်း ဖြစ်ပါသည်။

သို့သော် သတိထား ရသည်မှာ UNFC ၏ ဆုံးဖြတ်ချက် များသည် အစိုးရမှ တန်ပြန် ဖျက်ဆည်း လိုက်သည်ချည်း ဖြစ်ခဲ့ပါသည်။ ကချင် လွတ်လပ်ရေး အဖွဲ့နှင့် ပါတ်သက်သော သဘောထား ကြေညာ ချက်နှင့် အပစ်အခတ် ရပ်စဲရေးမူ ပျက်ပြယ် သွားခြင်းသည် UNFC အဖွဲ့၏ မခိုင်မြဲသော ရပ်တည် ချက်များ ဖြစ်ခဲ့ပါသည်။

Most read this week