(၁၈) နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနား ကျင်းပမည်

(၁၈) နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်းအနား ကျင်းပမည်
by -
ရွှေဟင်္သာ

DKBA ထိန်တန်း ခေါင်းဆောင် များအား မြင်ရစဉ်လာမည့် ဒီဇင်ဘာလ (၂၁) ရက်နေ့၌ ကျရောက်မည့် (၁၈) နှစ်မြောက် DKBA တပ်မတော်နေ့ အခမ်း အနားအား မြဝတီမြို့ ဆုံဆည်းမြိုင် ကျေးရွာ၌ ပြုလုပ် သွားမည် ဖြစ်ကြောင်း DKBA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ပြောသည်။

BA 01

“ပုံမှန် ကျင်းပ နေတဲ့ DKBA တပ်မတော် နေ့ (၁၈) နှစ်မြောက် အခမ်း အနားပါ၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ ရောက်တိုင်း ကျွှန်တော်တို့ ကျင်းပ ပါတယ်” စောမိုရှေးက ပြောသည်။

ဒီဇင် ဘာလ (၁၄) ရက်နေ့ ကတည်းက တပ်မတော်နေ့ အထိမ်း အမှတ် ဘော်လုံးအသင်းများ ယှဉ်ပြိုင် ကစားလျက် ရှိပြီး (၁၉) (၂၀) (၂၁) ရက်နေ့ များတွင် လက်ဝှေ့ ပြိုင်ပွဲများ၊ အမျိုးသား ယဉ်ကျေးမှုကို ဖော်ထုတ်သည့် ရိုးရာ ကရင်ဒုံးယိမ်း များဖြင့် ဖျော်ဖြေရန် ရှိသည်။

ဒီဇင် ဘာလ (၂၁) ရက်နေ့ နံနက် ပိုင်း၌ စစ်သည် အင်အား (၃၀၀) ခန့်ဖြင့် စစ်ရေးပြ အခမ်း အနားကို ပြုလုပ် သွားမည်ဟု သိရသည်။

အဆိုပါ အခမ်းအနား သို့ ပြည်တွင်း သတင်းထောက်များ တက်ရောက် သတင်းယူ နိုင်ရန် အတွက် ဖိတ်ကြား ထားသည် ဟုလည်း စောမိုရှေးက ပြောသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (Democratic of Karen Buddhist Army) ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် စတင် ဖွဲ့စည်း ခဲ့ပြီး နောက်ပိုင်းတွင် ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော်  (Democratic of Karen Benevolent Army) အဖြစ် ၂၀၁၂ ခုနှစ် ဧပြီလ (၄) ရက်နေ့က ပြောင်းလဲ ခေါ်ဆို ခဲ့သည်။

ထို့အတူ တရားဝင် နိုင်ငံရေး ပါတီ တခု အဖြစ် ထူထောင် ရန်လည်း ရှိပြီး ကလို့ ထူးဘော ကရင် အစည်းအရုံး Klohhtoobor Karen Organization (KKO) အဖြစ် တရားဝင် မှတ်ပုံ တင်ရန်လည်း ရှိကြောင်း DKBA က ပြောဆိုဖူးသည်။

Most read this week