တအာင်း (ပလောင်) ဒေသ၌ တိုက်ပွဲ ဆက်နေဆဲ

တအာင်း (ပလောင်) ဒေသ၌ တိုက်ပွဲ ဆက်နေဆဲ
by -
ရွှေဟင်္သာ

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ တပ်ရင်း (၁၁၂) တပ်ဖွဲ့နှင့် နမ့်ဖက်ကာအခြေစိုက် ခလရ ၁၂၃၊ ကွတ်ခိုင်အခြေစိုက် ခမရ ၂၄၁ ပူးပေါင်းတပ်ဖွဲ့တို့သည် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ဘိန်းစိုက်ခင်း တနေ ရာအနီးတွင် ယမာန်နေ့ ညနေ (၅) နာရီအချိန်ခန့်၌ တနာရီကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု TNLA ပြောခွင့်ရသူ ဗိုလ်မှူးတာ ဘုန်းကျော် ကပြောသည်။

“အစိုးရတပ်ဖွဲ့တွေက ကျနော်တို့ တပ်ဖွဲ့ကို လာတိုက်တော့မယ်ဆိုတဲ့ သတင်းရရှိတာနဲ့ သူတို့တက်လာနိုင်တဲ့ လမ်းတွေကို ကျနော်တို့က မိုင်းထောင်ထားလိုက်တယ်လေ။ ခန့်မှန်းထားတဲ့ အတိုင်းပါဘဲ သူတို့တတ် လာတယ်။ ထောင်ထားတဲ့မိုင်းကို လည်း သူတို့နင်းမိတော့ ပေါက်ကွဲတယ်။ အဲဒီနေရာမှာဘဲ တနာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်။ ပြီးတော့ သူတို့ဆုတ်ရ တယ်လေ။” ဟု ဆိုသည်။

တိုက်ပွဲ၌ အစိုးရဖက်မှ (၂) ဦးကျဆုံးပြီး (၃) ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု မျက်မြင်များ၏ ပြောပြချက်အရ သိရကြောင်း ဆိုသည်။

တအာင်း (ပလောင်) ဒေသ၌ တိုက်ပွဲ ဆက်နေဆဲ

နမ့်ခမ်းမြို့နယ်ရှိ သာပန်းကုန်း၊ ရှောက်ပန်းကုန်း၊ လွယ်လွန်၊ လွယ်ရှောင်နှင်း ဆီပန်း တောတောင်တဝိုက်တွင် အစိုးရတပ် ဖွဲ့နှင့် ပြည်သူ့စစ်များ အားပေးသော ဘိန်းစိုက်ခင်းနေရာများ ဖြစ်ပါသည်။ ယင်းဘိန်းစိုက်ခင်း များသည် အစိုးရတပ်ဖွဲ့ထံ အခွန်ဆောင်ထားသည့် စိုက်ကွက်များဖြစ်သည်ဟု ပလောင်တို့က ဆိုပါသည်။ ယ္ခုနှစ် စိုက်ပျိုးမှုသည် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးထားသည်ဟု ဆိုသည်။

ဤဒေသ၌KIA တပ်မဟာ (၄) မှ တပ်ရင်း (၈) တပ်ဖွဲ့နှင့် TNLA တပ်ရင်း (၁၁၂) တို့ ပူးပေါင်းစစ်ဆင်နေသော နေရာဖြစ်သည်။ အစိုးရဖက်မှ ခလရ ၁၃၀၊ ခမရ ၅၀၁ တပ်ဖွဲ့များ လှုပ်ရှားနေသည့်အတွက် ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ရှမ်း မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရတပ်ဖက်မှ ဆုတ်ပေးခဲ့ရပါသည်။ ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် လည်း တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ အင်အားဖြည့်ရန် တက်လာသော အစိုးရတပ်ဖွဲ့များကို တအာင်းတပ်ဖွဲ့က ဆီးကြို တိုက်ခိုက်ခဲ့သေးသည်။

ယင်းဒေသအား အစိုးရတပ်ရင်း (၁၆) ရင်းဖြင့် ပြီးခဲ့သည့် သြဂုတ်လအကုန်ပိုင်း၌ စတင် စစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်၌ တအာင်းနှင့် ကချင်တပ်ဖွဲ့တို့သည် မူးရစ်ဆေးဝါးနှိမ်နှင်းရေး အစီအစဉ်အရ လှုပ်ရှားခဲ့ သည်။ ဤဒေသသည် အစိုးရတပ်ဖွဲ့များ ထိန်းချုပ်သော ဘိန်းခင်းများရှိသလို တရုတ်ပြည်သို့ ခိုးထုတ်သော သစ်လုပ်ငန်းများရှိသည်။

အလားတူတရုတ်ပြည်သို့ တင်ပို့သော Gass ပိုက်လိုင်းဖြတ်သန်းရာ လမ်းကြောင်းဖြစ်နေသဖြင့် လုံခြုံရေး ယူရန် လှုပ်ရှား နေခြင်း ဖြစ်သည်ဟု အစိုးရတပ်က ၀ါဒဖြန့်ထားသည်။

Most read this week