ဖားကန့် ဒေသ၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ

ဖားကန့် ဒေသ၌ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေ
by -
ရွှေဟင်္သာ

ကချင် ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ငြိမ်သက်နေရာမှ ယမန်နေ့ည (၁၂) နာရီခန့်တွင် မော်ဝမ်းဗျူဟာ ကုန်းပေါ်ရှိ မြန်မာ အစိုးရ တပ်ဖွဲ့က လမောင်ကုန်း ကျေရွာ ဘက်သို့ လက်နက်ကြီး များဖြင့် ပစ်ခတ် ခဲ့ကြောင်း မြို့ခံ တစ်ဦးက ပြောသည်။

“မနေ့ည ကတော့ အစိုးရ တပ်ဖွဲ့ ဘက်က လက်နက်ကြီး (၈)လုံး ပစ်တယ် ။ ထိခိုက် ဒဏ်ရာ ရတာတော့ မကြားရသေးဘူး ခင်ဗျ။ အစိုးရ တပ်ဖွဲ့တွေ ကလည်း ဒီတလောမှာ အင်အား တိုးချဲ့လာတာ ရှိတဲ့အတွက် KIA တပ်ဖွဲ့ ဘက်ကလည်း တပ်ဖြန့် လိုက်တာတွေတော့ လုပ်လာတာ ရှိတယ်။” ဟု ဆိုသည်။

ယင်းသို့ ဖားကန့် ဒေသအတွင်း ထပ်မံ အင်အား ဖြည့်လာသည့် အစိုးရတပ်ဖွဲ့နှင့် ယနေ့ မနက် (၁၀) နာရီ ခန့်က ကချင်ပြည်နယ်၊ ဖားကန့် မြို့ နယ်၊ KIA, တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၆) ဒေသရှိ မိုးကောင်း- ဖားကန့် လမ်းပေါ်တွင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု KIO နှင့် နီးစပ်သော သတင်း ရပ်ကွက်များက ဆိုပါသည်။

အလားတူ နမ့်ရှန် ၊ လဂတ်ယာန်၊ ဂါမတက် နှင့် ဒိုင်ဂီးရွာတို့တွင်လည်း အစိုးရ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း များ ဖြစ်သော ခြေလျင်တပ်ရင်း ခလရ(၈၉)၊ ခြေမြန်တပ်ရင်း ခမရ (၃၈၁)၊ ခမရ (၂၆၀) တပ်ရင်းတို့ နှင့် တိုက်ပွဲဖြစ်လျှက်ရှိပြီး၊ မိုးကောင်း မှ (၈) မိုင်လမ်းဆုံတွင် အစိုးရစစ်ကား (၃၅) စီး ထပ်မံ ရောက်ရှိလာကြောင်း အဆိုပါ သတင်းများ၌ ဖေါ်ပြ ထားသည်။ 
ရှေ ့တန်းမှ KIA တပ်သားများ (ဓါတ်ပုံ - Kachinnet.net)
KIA နှင့် အစိုးရတို့ တရုတ်နိုင်ငံ ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေးပြီးနောက် ဖားကန့်ဒေသ အတွင်းရှိ စစ်ဆင်ရေး လှုပ်ရှားများကို KIA ဘက်က ကန့်သတ် ထားလိုက်ကြောင်း စစ်ရုံးချုပ်မှ အရာရှိ တစ်ဦးက ပြောသည်။ အကယ်၍ တိုက်ခိုက်မည်ဆိုပါက လူထုနှင့် နီးစပ်သည့်ဒေသများအား ရှောင်ကျဉ်ကြရန် စစ်ရုံးချုပ်က ညွှန်ကြားထားကြောင်း အဆိုပါ အရာရှိက ပြောဆိုသည်။

Most read this week