UNFC ၏ တောင်းဆိုချက် ဦးအောင်မင်း လက်မခံ

UNFC ၏ တောင်းဆိုချက် ဦးအောင်မင်း လက်မခံ
by -
ရွှေဟင်္သာ

အစိုးရ၏ ငြိမ်းချမ်းရေး အဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးပွဲအား ကြားနေနိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံတွင် ပြုလုပ်ပေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ တောင်းဆိုချက် အစိုးရဘက်က လက်မခံနိုင်ကြောင်း UNFC အတွင်းရေးမှူး နိုင်ဟံသာက ဆိုသည်။

UNFC_01ee31

“အဲဒီအစီစဉ်က မသေချာတော့ဘူး။ မသေချာဘူး ဆိုတာက ဦးအောင်မင်းတို့ ဘက်က လက်မခံလို့ပါ။ ဒီတွေ့ဆုံဆွေးနွေး ရေးဟာ အရင်ဦးဆုံး ကိုယ့်နိုင်ငံအတွင်းမှာဘဲ လုပ်ကြဖို့ ပြောပါတယ်။ အဓိပ္ပါယ်က တွေ့ဆုံဆွေးနွေးရေးကို တခြားနိုင်ငံမှာ သွားမပြောချင်တဲ့ သဘောပါ” ဟု ဆိုသည်။

၄င်းတို့အဖွဲ့ အနေနှင့် ပြည်ပ နိုင်ငံများ၌ တွေ့ဆုံ ဆွေးနွေးခွင့် ပေးထားခြင်းမရှိဟု  ဦးအောင်မင်းက ပြောဆိုခဲ့ပြီး ရန်ကုန်ရှိ ငြိမ်းချမ်းရေး စင်တာ၌ တွေ့ဆုံကြရန် အဆိုပြုခြင်း ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

“သူတို့ဘက်က သူတို့မူနဲ့ ကျနော်တို့ကို အတင်း အကြပ်ကိုင်တဲ့ သဘောလို့ မြင်ပါတယ်။ ပြည်တွင်းမှာ တွေ့ဖို့ အတင်း အကြပ် တိုက်တွန်းတာ ဖြစ်ပါတယ်” ကျနော်တို့မှာလဲ မူတွေ ချမှတ်ထားတာ ရှိတယ်လေ။ ကျနော်တို့ မူတွေက သူတို့ရဲ့ သြဇာ လွမ်းမိုးမှု ရှိတဲ့နေရာမှာ တွေ့ဆုံ ဆွေးနွေးဖို့ ကျနော်တို့ဘက်က လက်ခံတွေ့ ဆုံနိုင်မှာ မဟုတ်ပါ။” ဟု ဆိုသည်။

UNFC  အနေဖြင့် တိုင်းရင်းသား အရေး ကိစ္စများအား ဆွေးနွေးရာ၌ ပြည်ပနိုင်ငံ သို့မဟုတ် လွတ်လပ်သော နေရာတွင် ဆွေးနွေးလိုခြင်းမှာ အစိုးရအား အယုံအကြည် မရှိကြောင်းကို ပြသနေသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

UNFC_01ee31အလားတူ လက်ရှိ အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် UNFC တပ်ဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်များအား ငြိမ်းချမ်းရေး ခုတုံးလုပ်၍ နိုင်ငံရေး လက်ဦးမှု ရယူရန် အစိုးရက ကျိုးပန်းနေ သည့်အတွက် UNFC ဘက်က ယုံကြည်မှု အားနည်းရခြင်း ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

Most read this week