မြန်မာအစိုးရမှ အခြေခံကျသော ပြောင်းလဲမှု လိုအပ်သည်ဟု ENC မှတိုက်တွန်းပြောဆို

မြန်မာအစိုးရမှ အခြေခံကျသော ပြောင်းလဲမှု လိုအပ်သည်ဟု ENC မှတိုက်တွန်းပြောဆို
by -
ကိုသိုက်

ENC ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီ၏ Press Conference ကို ယနေ့ ထိုင်းနိုင်ငံနယ်စပ်် တစ်နေရာတွင်ကျင်းပပြီးစီးခဲ့ပြီးဟု ENC အဖွဲ့ဝင် တစ် ဦးမှပြောပါသည်။

 ENC ခေါ် တိုင်းရင်းသားလူမျိုးများကောင်စီ၏ Press Conference ကို ယနေ့ ထိုင်းနိုင်ငံနယ်စပ်် တစ်နေရာ တွင်ကျင်းပပြီးစီးခဲ့ပြီးဟု ENCအဖွဲ့ဝင်တစ်ဦးမှပြောပါသည်။ အစည်းအဝေးတွင် မြန်မာအစိုးရ အနေနှင့် နိုင်ငံရေးအပြောင်းအလဲတခုတည်းသာမဟုတ်ဘဲ တခြားအခြေခံကျသည့် ပြုပြင်ပြောင်းလဲမှု ပြုလုပ် ရန် တိုက်တွန်းထားသည်ဟု ENCခေါ် တိုင်းရင်းသားလူမျိုးများကောင်စီ၏အထွေထွေအတွင်းရေးမှူး ဒေါက်တာ ရွှေခါးမှပြောပါသည်။

မြန်မာနိုင်ငံလက်ရှိအခြေနေက ဒီအပြောင်းအလဲတွေကို  မြန်မာနိုင်ငံရေးပြသနာ ဒီနိုင်ငံရေး ရှု့ထောင့်တစ်ခု ထဲမဟုတ်ပဲနဲ့ တစ်ခြားရှု့ထောင့် စီးပွါးရေး လူမူးရေးရှု့ထောင့်ဘက်ကလဲ  ကြည့်ဖို့လိုအပ်တယ်။ အခု ပြောင်းလဲနေတဲ့ဟာက တကယ့်ပြည်သူလူထုတွေအပေါ် ကို အကျိုးသက်ရောက်မူက ဖြစ်လာအောင်သိပ်ပြီး တော့အရေးကြီးတယ်။ အဲဒါကြောင်း ပြည်သူလူထုတွေ တကယ့်ရှိနေတဲ့ပြဿနာအများထဲမှာတစ်ခု ဖြစ်တဲ့ ဒီခွဲခြားဆက်ဆံခြင်းတို့ အထူသဖြင့်ချစားမှု၊ အဲဒီဟာတွေကိုလဲ ပြုပြင်ပြောင်းလဲဖို့လိုအပ်တယ်ဆိုတာ ကျွန်တော်တို့ မီးမောင်းထိုးချင်လို့ လုပ်ခြင်းဖြစ်ပါတယ်။ လက်ရှိအစိုရက အတိုင်အတာတစ်ခုအနေနဲ့ပြုပြင် ပြောင်းလဲသွားနေပါတယ်။ ဒါပေမယ့် နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုမဟုတ် ပဲနဲ့ ဒီစီးပွါးရေး လူမှုရေး ထပ်မံပြုပြင်ပြောင်းလဲဖို့ ကိုလဲလုပ်ဖို့လိုအပ်တယ်။

ဒါ့အပြင် ပြည်တွင်းငြိမ်းချမ်းရေးဖေါ်ဆောင်ရာတွင် အစိုးရသစ်အနေနှင့် တိုင်းရင်းသားဒေသအပေါ် ထိုးစစ် ဆင်နေသည့်လုပ်ရပ်ကို ရပ်တန့်ရန်လိုသည်ဟု ဒေါက်တာရွှေခါးမှပြောပါသည်။

အခု သမ္မတသိန်းစိန်အနေနဲ့ အထူးသဖြင့် လက်နက်ကိုင် အင်အာစုတွေကို ငြိမ်ချမ်းရေးလုပ်ဖို့အတွက်ကမ်း လှမ်း ခဲ့တာ။ အဲဒါက လက်နက်ကိုင် ပဋိပက္ခ ခြင်း မဟုတ်ပဲနဲ့  ဒီလက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေးပဋိပက္ခ ဖြေရှင်းတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာအောင်ကို လုပ်သင့်တယ်လို့ ကျွန်တော်တို့ကယူဆပါတယ်။ လက်ရှိတိုင်း ရင်းသားတွေကလဲ အဲဒါ လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေးမှတဆင့်ပေါ့ တကယ့်နိုင်ငံရေး ပြဿနာဖြေရှင်း တဲ့နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြစ်လာ အောင် တိုင်းရင်းသာဘက်ကလဲ ကြိုးစားသင့်တယ်လို့ ကျွန်တော်တို့မြင် ပါတယ်။ တကယ့်လို့များသမ္မတသိန်းစိန်အနေနဲ့  ငြိမ်ချမ်းရေးကို တကယ့်တည်ဆောက်ချင်တယ်ဆိုတာဟာ ကတကယ့်ဆန္ဒအမှန်ရှိဖို့လိုအပ်တယ်။ ပြည်တွင်းငြိမ်ချမ်းရေးလုပ်ချင်တဲ့ ဆန္ဒအမှန်ကိုဖေါ်ပြတဲ့အနေနဲ့ ပထမအဆင့်အနေနဲ့ ဒီလိုမျိုးထိုးစစ်ဆင်နေတဲ့ ကိစ္စစစ်ရေးအရ ထိုးစစ်ဆင်နေတဲ့ကိစ္စကိုတော့ အတိုင်း အတာတစ်ခုအနေနဲ့ လျော့ချရပ်ပစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော် တို့ယူဆပါတယ် ။

Most read this week