မယ်တော်ဆေးခန်းမှ ဆရာမ နှစ်ဦးကားတိုက်ခံရပြီး ဒဏ်ရာပြင်းထန်

မယ်တော်ဆေးခန်းမှ ဆရာမ နှစ်ဦးကားတိုက်ခံရပြီး ဒဏ်ရာပြင်းထန်
by -
ဖြူဖြူကို

ယမန်နေ့ည (၇)နာရီတွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်း အနီးရှိ မီးပွိုင့်တွင်မယ်တော် ဆေးခန်းမှ ဆေးဆရာမ နှစ်ဦး ကားတိုက်ခံရသဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး  တဦးမှာ မျှော်လင့်ချက် မရှိတော့ကြောင်း မယ်တော်ဆေးခန်းတွင်တာဝန် ထမ်းဆောင်နေသူဆေး ဆရာတစ်ဦးကပြောသည်။

Mae_Tao_01“ဆရာမလေး ၂ ယောက်က ဒဏ်ရာပြင်းထန်တော့ မဲဆောက်ဆေးရုံကြီးကို တင်ထားရတယ်လေ။ အစ်မဖြစ်သူ ဆုလှိုင်မိုး အသက် ၂၄ နှစ်ကျော်က ခြေရောလက်ပါ တကိုယ်လုံးကျိုးပဲ့ကုန်ပြီးမသေသေး ပေမဲ့ မျှော်လင့်စရာမရှိတော့ပါဘူး။ ညီမဖြစ်သူ ဖောရှူးလာ အသက် ၂၂ နှစ်ကတော့ သူရဲ ့ ဦးခေါင်းမှာ ဒဏ်ရာရပေမဲ့ သတိတော့ နဲနဲလေး ရနေသေးတယ်လို့း” မယ်တော်ဆေခန်းက ဆေးဆရာတဦးက ပြောပါသည်။

ကားမောင်းသူသည် မဲဆောက်မြို ့မှ အကြီးတန်းရဲအရာရှိ၏ တပည့်ဖြစ်ကြောင်း အခင်းဖြစ်ပွားသည့် နေရာမှ မျက်မြင်စျေးရောင်းသမား များကပြောပါသည်။ ကားသမားသည် အရှိန်ပြင်းစွာမောင်းလာပြီး မီးပွိုင့်၌ ဖြတ်ကူးနေသော ဆေးဆရာမများကို တိုက်မိခြင်းဖြစ်ကြောင်း မျက်မြင်စျေးဆိုင်များကဆိုပါသည်။

“ကားတိုက်မှုဖြစ်တာက ကျမတို့ရဲ့ ဆိုင်အရှေ့ မယ်တော်ရပ်ကွက် မီးပွိုင့်မှာဖြစ်တယ်လေ။ စက်ဘီးစီးလာတဲ့ ဆေးဆရာမ ၂ ယောက်က မီးပွိုင့်လမ်းကို ဖြတ်ကူးချိန်မှာ ကားကလည်း အရှိန်ပြင်းပြင်းနဲ့ မောင်းလာတော့ ကားကစက်ဘီးကို ၀င်တိုက်ပြီးပေါ့ ဆရာမ တွေကလည်း ကားအရှိန်နဲ့တိုက်တော့ အဝေးကိုလွင့်ထွက် သွားတယ်လေ။ ဆေးဆရာမ ၁ ယောက်ကတော့ သူ့ခေါင်းနဲ့ ကတ္တရားလမ်း ဆောင့်မိပြီးသတိလစ်တာ သွားတာ၊ နောက်ဆရာမ ၁ ဦးကတော့ တကိုယ်လုံး ကျိုးပဲ့နေပြီး ကတ္တရားလမ်းမှာလည်းသွေးတွေ ချည်းပဲ ကြည့်မရဲ လောက်အောင်ပါပဲ။ အခင်း ဖြစ်ဖြစ်ချင်းမှာပဲ သူတို့နှစ်ယောက်စလုံးကို မဲဆောက်ဆေးရုံးကြီးကို ပို့လိုက်တယ်” ဟု ပြောသည်။

ဤကိစ္စတွင် ဆေးဝါးကုသစရိတ်နှင့် လျှော်ကြေးရမရကိုမူ မသိရသေးပေ။ ဆေးဆရာမများ၌လည်း ထိုင်းနိုင်ငံ၏ ဒေသခံ မှန်ပုံတင် (သို့) အလုပ်သမားကပ်များ မရှိကြသဖြင့် နစ်နာကြေးရမည်မထင်ကြောင်း ဆေးဆရာများက ခန့်မှန်းထားပါသည်။

ဤမီးပွိုင့်၌ နှစ်လ(သို ့မဟုတ်) သုံးလတကြိမ် ကားတိုက်မှု ဖြစ်တတ်ပါသည်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်၊ ညနေ ၃ နာရီ အချိန်တုန်းကလည်း ဤမီးပွိုင့်မှာပင် အရှိန်နှင့်မောင်းလာသည့် ကားတစီးက မော်တော် ဆိုင်ကယ်စီးလာသည့် မိန်းကလေးနှစ်ဦးကို တိုက်လိုက်ရာ တဦးမှာ လည်ပင်းကျိုးခဲ့ပြီး တစ်ဦးမှာ ခါးကျိုးသွားခဲ့ပါသည်။ ထူးဆန်းသည်မှာ ၂ဦးစလုံးမှာ သွေးထွက်မှုမရှိဘဲ  နှစ်ယောက်စလုံးပွဲချင်းပြီး သေဆုံးခဲ့ပါသည်။ ၄င်းသေဆုံးသွားသူ ၂ ဦး ကိုလည်း လျော်ကြေးများ ပေးခြင်းမရှိပါ။

ထိုင်းနိုင်ငံ မဲဆောက်မြို ့ရောက် မြန်မာအလုပ်သမားများသည်၊ ဤကဲ့သို့ မတော်တဆဖြစ်လာခဲ့လျှင် အလုပ်သမား ကဒ်ရှိနေသော်လည်း အခွင့်အရေးမပေးသည့်အတွက် မည်မျှပင် ကားတိုက်မှုဖြစ်ပါစေ လျော်ကြေးများမရရှိကြပေ။ စာနာစိတ်ရှိသည့် ကားရှင်တချို ့သည်သာ အစားအစာနှင့်ငွေသုံးလေးငါးရာ လောက်သာ ပေးခဲ့ဘူးပါသည်။

Most read this week