စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ခေါ် စကခ (၅) လက်အောက်ခံ ခမရ (၅၆၆) စစ်ကြောင်းနှင့် KNU တပ်မဟာ (၆) တပ်ရင်း (၁၆) ခွဲ (၂) နှင့် DKBA ပူးပေါင်းတပ်တို့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ
စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ခေါ် စကခ (၅) လက်အောက်ခံ ခမရ (၅၆၆) စစ်ကြောင်းနှင့် KNU တပ်မဟာ (၆) တပ်ရင်း (၁၆) ခွဲ (၂) နှင့် DKBA ပူးပေါင်းတပ်တို့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘုရားသုံး ဆူ မြို့နယ်ခွဲရှိ မြိုင်သာယာရွာ နှင့် အပလုံ ရွာကြား၌ ယနေ့ နေ့လည် နှစ်နာရီခွဲ အချိန်တွင် (၁၀) မိနစ်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု DKBA တပ်ဖွဲ့မှ သတင်းရရှိပါသည်။ ထိခိုက် ကျဆုံးမှုများကိုမူ မသိရသေးပေ။
ဤတိုက်ပွဲ၌ ခမရ (၅၆၆)မှ ဒုဗိုလ်မှူးကြီး တင်စံလင်း ဦးဆောင်ပြီး အင်အား (၁၀၀) ခန့်ရှိသည့် စစ် ကြောင်းကို KNU နှင့် ဗိုလ်မှူး အေဝမ်း ဦးဆောင်သည့် DKBA (၇၀၂) မှ ပူးပေါင်းအင်အား (၁၀) ဦးခန့်က မိုင်းခွဲပြီး ခြံုခို တိုက်ခိုက်လိုက်ခြင်း ဖြစ်ပါ သည်။
“ ရွာနားမှာတိုက်ရင် ရွာထဲကို လက်နက်ကြီးနဲ့ ပစ်တယ်လေ။ ဒါကြောင့် ရွာနဲ ့မနီးတဲ့ နေရာမှာ တိုက်ရ တယ်။ ဒီ ခမရ (၅၆၆) ကတော့ သူတို့နဲ ့ တိုက်ပွဲ (၈) ကြိမ်ထက်မနဲ ရှိပြီး ကျွန်တော်တို့ တိုက်ခဲ့တယ်။ အခုတော့ ပြန်ပြီဆိုတော့ နှုတ်ဆက် ရတာပေါ့။ သူ့နေရာကို အစား ၀င်လာတဲ့ ခမရ (၅၄၃) ကိုလည်း ကျောက်ဂူ ရွာမှာ (၄) ရက်နေ့ ကလေ ကျနော်တို ့ (၂) ယောက် အပြင်းအထန် ဒါဏ်ရာပေးပြီး နှုတ်ဆက် လိုက်သေးတယ်လေ ” ဟု ဗိုလ်မှူး အေဝမ်းက ဆိုပါသည်။
ခမရ (၅၆၆) သည်၊ ခမရ (၅၄၃) နှင့် တပ်ချိန်းပြီး မွန်ပြည်နယ် သံဖြူဇရပ် မြို့သို့အပြန် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်ပါသည်။ ခမရ (၅၄၃) တပ်ရင်းသည်၊ ဘုရားသုံးဆူမြို့ မြောက်ဖက် (၅) ကီလို အကွာမှာရှိသည့် မဲကသ ရွာ၌ စခန်းချ နေပါသည်။ ဘုရားသုံးဆူ မြို့၌မူ ခလရ (၃၂) ရှိပြီး၊ ခမရ (၅၄၃) မှာ မြို့၏အပြင် စည်းမှ လုံခြံုရေး ယူထားခြင်းဖြစ်ပါသည်။
ထို့အတူ KNU တပ်မဟာ (၆) တပ်ရင်း (၁၆) ခွဲ (၂) နှင့် DKBA (၇၀၂) တပ်ရင်း တို့ကလည်း ဘုရားသုံးဆူ ဒေသတဝိုက်တွင် လှုပ်ရှားနေသလို မွန်ပြည်သစ်ပါတီ တပ်ဖွဲ့များကလည်း လှုပ်ရှားနေပါသည်။