ရှမ်းပြည်တပ်မတော် စစ်တပ်စခမ်းနှင့် ကျေးရွာငယ်တရွာ မြန်မာစစ်တပ်မှမမီးတင်ရှို့

ရှမ်းပြည်တပ်မတော် စစ်တပ်စခမ်းနှင့် ကျေးရွာငယ်တရွာ မြန်မာစစ်တပ်မှမမီးတင်ရှို့
by -
ကိုသိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း နာ့တင်းကျေးရွာကို ရှမ်းသူပုန်များနှင့်ဆက်သွယ်မှု အကြောင်းပြကာ မြန်မာစစ်တပ်ကနေ သြဂုတ်(၂၃) ရက်မနက်(၉)နာရီအချိန်တွင်မီးရှို့လိုက်သည်ဟု ကျေးသီးမြို့ခံ တစ်ဦးမှပြောပါသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်း နာ့တင်းကျေးရွာကိုရှမ်းသူပုန်များနှင့်ဆက်သွယ်မှု အကြောင်းပြကာ မြန်မာစစ်တပ်ကနေ သြဂုတ်(၂၃)ရက်မနက်(၉)နာရီအချိန်တွင်မီးရှို့လိုက်သည်ဟု ကျေးသီးမြို့ခံ တစ်ဦးမှပြောပါသည်။ အဆိုပါနာ့တင်းရွာသည် အိမ်ခြေ(၆)လုံးသာရှိ၍လယ်ယာလုပ်ငန်းလုပ် ကိုင်နေသူများဖြစ်ပြီး လူဦးရေ(၃၀)ကျော်ရှိသည်ဟုအဆိုပါဒေသခံမှပြောပါသည်။

နောင်ချိုမြို့အခြေစိုက် ခမရ(၁၁၄) မြန်မာစစ်တပ်ကနေ အဲဒီရွာကိုမီးရှို့လိုက်တာလေ။ သူတို့ကရွာမှာရှိ တဲ့စေတီတော်နဲ့ ဘုန်ကြီးကျောင်းဝေယျာဝစ္စတွေကိုဘဲအဓိကလုပ်တယ်။ အိမ်(၆)လုံးဘဲရှိတယ်။သူတို့ ၀မ်းရေးအတွက်တော့ လယ်ယာခြံလုပ်ငန်းလုပ်ကိုင်တယ်။ ပြီးခဲ့တဲ့သြဂုတ်(၁၅)ရက်တိုက်ပွဲမှာ မြန်မာ တပ်က သူတို့ရဲ့စစ်ကြောင်းမှူး ဒုတပ်ရင်းမှူးကျဆုံးတဲ့ကိစ္စနဲ့ပက်သက်ပြီးသူတို့မကျေနပ်လို့ရွာကိုလာ ပြီးမီးရှို့တယ်။ အဲဒီရှို့တဲ့အချိန်မှာ ရှမ်းသူပုန်တွေကိုဆက်သွယ်လို့ ထောက်ပံ့လို့ဆိုပြီးတဲတွေပါအကုန် လုံး မကျန်ရှို့တယ်။ ညနေ(၃)နာရီမှမီးငြိမ်းသွားတယ်။

တိုက်ပွဲဖြစ်ပွါးခဲ့သောဝမ်ဖွီးရွာမှာ နာ့တင်းရွာနှင့်(၃)ဖါလုံအကွာတွင်ရှိသည်။ ထိုနေ့တွင်ပင် ရှမ်းပြည်တိုး တက်ရေးပါတီ၏ ၀မ်းဖွီးဆည်လုံခြံုရေးစခမ်းကို မြန်မာစစ်တပ်ကနေ  မီးရှို့ခဲ့သည်ဟု ရှမ်းပြည် တိုးတက် ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းလကပြောပါသည်။  အဆိုပါစခမ်းကိုတိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ရှမ်းပြည်တပ်မတော် မှ စွန့်ခွါခဲ့သည်ဟုလည်းဆိုသည်။

၀မ့်ဖွီးဆည်သည် ရှမ်းပြည်တိုးတက်ရေးပါတီမှ တည်ဆောက်ထားပြီး ပါတ်ဝန်းကျင်ကျေးရွာမှ လယ်ဧက (၁၀၀၀)နီးပါးကိုရေပေးဝေနေသည် ဗိုလ်မှူးစိုင်းလမှပြောပါသည်။

ယခုအခါရှမ်းပြည်နယ်အတွင်း မြန်မာစစ်တပ်မှ တပ်အင်အား(၅၀၀)ခန့်ပြန်လည်ဖြည့်တင်းလာသည်ဟု ဒေသခံများမှပြောပါသည်။ ဤအနေအထားမျိုးတွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်သည် လှည့်စား မှုသဘောဆောင်နေသည်ဟု ဗိုလ်မှူးစိုင်းလမှပြောပါသည်။

 ငြိမ်းချမ်းရေးအတွက်ကမ်းလှမ်းလို့လဲမဖြစ်ဘူးလေ။ ပြည်နယ်အစိုးရဆီငြိမ်းချမ်းရေးအတွက် ကမ်းလှမ်း ဖို့လေ။အဲဒီမှာအစိုးရကနေကြေညာထားတာ။ သဘောရိုးနဲ့လုပ်မယ်ဆိုရင်သူတို့တပ်တွေအရင်ရုပ်ရမှာ ပေါ့။ အခုတော့တပ်တွေတအားပြန်ဖြည့်တယ်ဆိုတော့လှည့်စားတဲ့သဘောမျိုးလို့ကျွန်တော်တို့တော့ ယူဆရတာဘဲ။

မြန်မာစစ်တပ်မှ ၀မ့်ဟိုင်းဒေသဘက်တွင် တပ်အင်အားပြန်လည်ဖြည့်တင်းလာသည့်အတွက် တိုက်ပွဲဖြစ် မှာစိုးရိမ်နေသည့် ၀မ့်ဟိုင်းဒေသခံ(၅၀၀)ကျော်တို့သည် နေရပ်မှတိမ်းရှောင်နေကြပြီးဟု ဗိုလ်မှူးစိုင်းလမှ ပြောပါသည်။

Most read this week