ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရရှိမှုကြောင့် အလုပ်သမားများပျော်ရွှင်နေ

ရွှေ့ပြောင်းအလုပ်သမားမှတ်ပုံတင်ရရှိမှုကြောင့် အလုပ်သမားများပျော်ရွှင်နေ
by -
နဒီမွန်

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော တရား မဝင်ရွှေ့ပြောင်းအလုပ်သမားအများစုမှာအလုပ် သမား မှတ်ပုံတင်ကိုပြုလုပ်ခွင့်ရသည့်အတွက် ပျော်ရွှင်နေကြောင်းအလုပ်သမားများမှပြောပါသည်။

ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော တရားမဝင်ရွှေ့ပြောင်းအလုပ်သမားအများစုမှာ အလုပ်သမား မှတ်ပုံတင်ကို ပြုလုပ်ခွင့်ရသည့်အတွက်ပျော်ရွှင်နေကြောင်း အလုပ်သမားများမှပြောပါသည်။ အလုပ် သမားကာဒ်ရရှိသောကြောင့် လုံခြံုရေး အတွက်ပိုမိုကောင်းမွန်လာပြိးသွားလာရေးတွင်လည်းအဆင်ပြေ သည့်အပြင် လစာများမှာလဲတိုး၍ရလာသည်ဟု ရပ်ပူရီဒေသနေမှန်သုတ်အလုပ်သမားတစ်ဦး မှပြောသည်။ အလုပ်သမားကာဒ်ကိုကိုင်ဆောင်သူများသည် ကျန်းမာရေးအတွက်ဆေးရုံသို့ဆေးဝါးကုသမှုခံယူရာတွင် လည်း ဘတ်ငွေ (၃၀)သာကုန်ကျသည်ဟုလည်းပြောပါသည်။

အလုပ်သမားမှတ်ပုံတင်ကို ပြုလုပ်ရန်အတွက်  ဇွန်လဆန်းပိုင်းကစသာ စာရင်းကောက်ယူပြီး ဇွန်လ(၁၅) ရက်ကနေ စတင်လုပ်ကြောင်းအလုပ်သမားများမှပြောပါသည်၊မှတ်ပုံတင်ပုံစံများကိုအလုပ်သမားရုံး အသီးသီး တွင်တောင်းခံနိုင်ပြီး ဆေးစစ်ခ ကျန်းမာရေးအာမခံခ အလုပ်လုပ်ခွင့်လက်မှတ်လျှောက်ထားခ သွေးစစ်ခ တို့စုစုပေါင်းဘတ်ငွေ(၃၈၀၀)ကုန်ကျပြီး အပြင်ပွဲစားများနှင့်လုပ်မည်ဆိုလျှင်ဘတ်(၆၀၀၀) ကုန်ကျမည်ဖြစ်ကြောင်း  ခနှုမ်ဒေသနေအလုပ်သမား၏ ပြောပြချက်အရ သိရပါသည်။

အလုပ်သမားများမှာ မိမိတို့ရောက်သည့်ခရိုင်တွင် မှတ်ပုံတင်ခွင့်ရရှိပြီး ကိုယ်ရေးရာဇဝင်နှင့် လက်ချောင်း ၁၀ ချောင်း လက်ဗွေများကို သက်ဆိုင်ရာအလုပ်သမားမှတ်ပုံတင်ဌာနမှ မှတ်တမ်းတင်ထားသည်။

ထိုင်းနိုင်ငံတွင် မြန်မာ့ရွှေ့ပြောင်းအလုပ်သမား တရားဝင်အလုပ်သမားများနှင့် တရားမဝင်အလုပ်သမား များ ၂ သန်းမှ ၄သန်းအကြားတွင်ရှိကြောင်း အလုပ်သမားရေး အဖွဲ့များက ခန့်မှန်းထားကြသည်၊

Most read this week