KNU တပ်မဟာ (၆) မှ စစ်ဆင်ရေး တိုးချဲ့လာခြင်း

KNU တပ်မဟာ (၆) မှ စစ်ဆင်ရေး တိုးချဲ့လာခြင်း
by -
နော်ဂျူးနီဒါး

ကေအန်ယူတပ်မဟာ(၆)သည် ၎င်း၏လက်အောက် ခံ တပ်ရင်းများဖြစ်သော တပ်ရင်း (၁၆)(၁၇)(၁၈) နှင့် ကေ အန်ဒီအိုတပ်ရင်းကို အခြေခံကာ ပြီးခဲ့တဲ့ မေလနောက်ဆုံးပတ်ကစပြီး ပျောက်ကြား စစ်ဆင် ရေး များ ပို ပြီးတိုက် ခိုက်လာခဲ့ပါသည်။ ဤသို့ တိုက်ခိုက်လိုက်ခြင်းအားဖြင့်နအဖစစ်ကြောင်း များရဲ့ လှုပ်ရှားမှုများလည်း တုန် ့ဆိုင်းသွားမယ်လို့ ကေအန်ယူတပ်မဟာ(၆) က အရာရှိတဦး ပြောပါတယ်။

စစ်အစိုးရတပ်တွေဟာ ဘုရားသုံးဆူမြို ့ကိုဝန်းရံသည့် နောက်ထပ်စစ်စခန်း (၃) ခုထက်မနဲ ဆောက် ဖို ့ရှိနေတယ်။ အဲဒါကြောင့် သူတို ကစစ်ရေး့လှုပ်ရှားမှုတွေ ပိုလုပ်လာတာဖြစ်တယ်။ ဒါကိုကျနော်တို ့ကလည်း တန်ပြန်တဲ့အနေနဲ ့သူတို ့လှုပ်ရှားမှုတုန် ့သွားအောင် ပိုပြီးတိုက်လာရတာဖြစ်တယ်လို ့ ဆိုကြပါတယ်။ဒါကြောင့် ကေအန်ယူတို ့အနေနဲ ့အခုလို စစ်ဆင်ရေးတွေ တိုးချဲ့ လာရခြင်းဖြစ်ကြောင်း ပြောပါသည်။

 ဗိုလ်မှုးကြီးဂျိုးစွာ (ဗျူဟာမှုး)ကေအန်ယူ တပ်မဟာ(၆)  ကေအန်ယူတပ်မဟာ(၆)ရဲ့ တိုက်ခိုက်မှုများကို ဖေါ်ပြရမယ်ဆိုရင်  ဇွန်လ(၆)ရက်နေ ့ ညနေ(၃)နာရီမှာ ကရင်ပြည် နယ်ကြာအင်းဆိပ်ကြီးမြို ့နယ် ဘုရားသုံး ဆူနယ်စပ်မြို ့ မြောက်ဖက် (၁၀) ကီလိုခန် ့အကွာ မဲကသ ကျေးရွာထဲတွင် စခန်းချနေသော ခမရ (၅၆၃) စစ် ကြောင်း(၁) စခန်းချထားတဲ့မဲကသရွာထဲကို ကေအန်ယူတပ် ရင်း (၁၆) ခွဲ (၂) နဲ ့တပ်မဟာ (၆) ဗျူဟာရုံးတပ် ဖွဲ ့တွေပူးပေါင်းပြီး ၀င်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကတော့ (၁၀) မိနစ်ခန် ့ကြာပြီး လက်နက်ကြီး ကတော့ ညနေ (၆) နာရီအထိ ကြိုကြားပစ်ခတ်ခဲ့တယ် လို ့ဒေသခံရွာသားတစ်ဦးက ပြောပါသည်။

တိုက်ပွဲရဲ့ထိခိုက်ကျဆုံးမှုကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ရွာသားတစ်ဦးကတော့ “ရွာထဲမှာ မပစ်ရင် ကောင်းမယ်။ ရွာထဲပစ်ရင်တော့ ရွာသားတွေ ရွာကနေထွက်ပြေးခဲ့ရတာပေါ့ မပြေးနိုင်တဲ့လူတွေတော့ အိမ်အောက်ဗုံးခိုကျင်းထဲမှာ ပိတ်နေတာပေါ့။ ထမင်းပါငတ်တယ်။  တိုက်ပွဲဟာလည်း ဆက်ဖြစ်နိုင်သေးတယ် လေ ဒါကြောင့်အပြင်ကိုမထွက်ရဲကြပါဘူး။” လို့ ရွားသားပြောပြသွားတာဖြစ်ပါတယ်။

  ကေအန်ယူတပ်သားတဦးအလားတူ ဇွန်လ(၅) ရက်နေ ့ညနေ (၃) နာရီခွဲလောက်မှာ မျက်နှာဖုံးစွပ်ထားတဲ့ အမည်မသိရတဲ့ လက်နက် ကိုင်အဖွဲ ့တစ်ဖွဲ ့ဟာ ဘုရားသုံးဆူမြို ့ကို ၀င်ရောက်ပစ်ခတ်ခဲ့ရာ စရဖ တပ်ကြပ် ကိုကျော်ကျော် အောင် နဲ ့(၁၃) နှစ်အရွယ် အရပ်သူ ကရင်မလေးတစ်ဦးသေဆုံးပြီး စရဖစာရေးကြီး ဦးစိုးဝင်းကတော့ ဗိုက်ကို ဗုံး ဆံရှပ် သွားခဲ့ပါတယ်။ ဒီပစ်ခတ်မှုဟာလည်း ကေအန်ယူလက်ချက်လို ့ မြို ့ခံတွေကယူဆပါတယ်။

အလားတူ ပစ်ခတ်မှုမျိုးကိုလည်း အဲဒီနေ ့နေ ့နယ် (၁) နာရီမှာ သက်ကယ်ရွာနဲ ့မြိုင်သာယာကြားမှာ ရှိတဲ့ ခမရ (၃၂၀) ကို ကေအန်ယူတပ်ရင်း (၁၆) ခွဲ (၂) ခွဲမိုင်းနဲ ့တိုက်ခိုက်ခဲ့ပြီး ညနေ (၃) နာရီမိနစ် (၂၀) မှာ တော့ အပ လုံရွာနားမှာ ဒုတိယအကြိမ်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီပစ်ခတ်မှုမှာ အသေအပျောက်ရှိတယ်လို ့သိရ ပါတယ်။

 ပြီးခဲ့တဲ့ မေလ (၂၆) ရက်နေ ့ကတည်းက ကေအန်ယူတပ်မဟာ (၆) ဗျူဟာရုံးနှင့်တပ်ရင်း (၁၆) တပ်ဖွဲ ့ တွေ ဟာ မဲကသရွာကနေတပ်လဲရန် ပြန်ခဲ့တဲ့  ခမရ (၃၇၃) တပ်ရင်းကို ချောင်းဆုံရွာတဝိုက်မှာ ပျောက်ကြားပစ်ခတ် ခဲ့ပါတယ်။အဲဒီပစ်ခတ်မှုမှာ နအဖဖက်ကနှစ်ဦးဒါန်ရာရရှိသွားတယ်လို သိပါတယ်။ တခါမေ လ (၂၇) ရက်နေ ့မှာ လည်းအပလုံရွာနားမှာတကြိမ်နဲ ့မေ (၃၀) ရက်နေ ့မှာချောင်းဆုံရွာက ခမရ (၃၅၆) ကိုတကြိမ်ကြိုကြား ပစ်ခတ် ခဲ့ပါသေးတယ်။ အဲဒီပစ်ခတ်မှုမှာလည်း နအဖဖက်ကနှစ်ဦး ဒန်ရာရရှိခဲ့ပါတယ်။ ပစ်ခတ်မှုအားလုံးဟာ ခွဲ မိုင်း ဖြင့်တိုက်ခိုက်ခဲ့သလို ပျောက်ကြားနည်းကိုသုံးပြီး ချွေစစ်ပုံစံတိုက်ခိုက်ခဲ့ပါသည်။

ကရင်ပြည် နယ်ကြာအင်းဆိပ်ကြီးမြို ့နယ် ဘုရားသုံး ဆူနယ်စပ်မြို ့သည် ကေအန်ယူတပ်မဟာ(၆)မှ တပ်ရင်း(၁၆) ၏ စစ်ရေးလှုပ်ရှားမှုဧရိယာဖြစ်သလို မွန်ပြည်နယ် ရေးမြို ့နယ်မြောက်ပိုင်းနှင့် သံဖြူဇရပ် မြို ့နယ် အရှေ ့ပိုင်း၌လည်းလှုပ်ရှားနေကြပါသည်။