လူကုန်ကူးသူများ ထိုင်းအမှုခင်းရဲများမှ လိုက်လံဖမ်းဆီး

လူကုန်ကူးသူများ ထိုင်းအမှုခင်းရဲများမှ လိုက်လံဖမ်းဆီး
by -
မိပကောင်းချမ်း
ထိုင်းနိုင်ငံ၊ ရနောင်းမြို့နယ်၊ ခနွမ်ဒေသနေ လူကုန်ကူးသူ ပွဲစားများကို ထိုင်းအမှုခင်း ရဲတပ်ဖွဲ့ များမှ လိုက်လံ ဖမ်းးဆီးနေသည်ဟု လူကုန်ကူးသူနှင့် ပတ်သက်နေသူ တစ်ဦးမှ ပြောပြခဲ့ ...

ထိုင်းနိုင်ငံ၊ရနောင်းမြို့နယ်၊ ခနွမ်ဒေသနေ လူကုန်ကူးသူပွဲစားများကို ထိုင်းအမှုခင်းရဲတပ်ဖွဲ့ များမှ လိုက်လံဖမ်းးဆီးနေသည်ဟု လူကုန်ကူးသူနှင့် ပတ်သက်နေသူ တစ်ဦးမှ ပြောပြခဲ့ပါသည်။

ဇွန်လ(၅)ရက်နေ့တွင်  မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လူကုန်ကူးပွဲစားမှတဆင့် ပြည်တွင်းမှခေါ်ဆောင်လာပြီး ထိုင်းနယ်စပ်တောထဲတွင်ပစ်ထားခဲ့ပါသည်။ ထို့အပြင် လုပ်ငန်းခွင်နေရာ မရောက်ဘဲ အခကြေးငွေတောင်းခံသည့်အပေါ် လူကုန်ကူးခံရသူတွေက မခံမရပ်နိုင်ဖြစ်ပြီး ပိုက်ဆံ မပေးသည့်အတွက်ကြောင့် လူကုန်ကူးပွဲစားများနှင့် ခိုက်ရန်ဖြစ်ပွါးခဲ့ကြောင်း ရေးမြို့နယ် ဟံဂံရွာသား တစ်ဦးက ကောင်းဝါသတင်းဌါနကို ပြောပြသွားပါသည်။

“ယခု လူနှစ်ဦးပျောက်နေတယ်၊ တစ်ဦးကလက်ကျိုးပြီးဘယ်နေရာရောက်နေလဲဆိုတာ မသိ ရသေးဘူး၊ ထိုင်းပုလိပ်တွေကစုံစမ်းနေတုန်းပဲ၊ ဒါပေမယ့်ရှာလို့မတွေ့သေးဘူး၊ ကျွန်တော်တို့လည်း  ကိုယ်လွတ်ရုန်း ပြေးနေ ရတဲ့အတွက်ကြောင့် နေရာအတိအကျ မသိဘူး။”

ရန်ဖြစ်ပြီးထွက်ပြေးနေသော အလုပ်သမားများမှာ တောထဲတွင်လမ်းပျောက်ပြီး ဒုက္ခရောက် နေသူများရှိသလို ထိခိုက်ဒါဏ်ရာရသူများလဲ ရှိခဲ့သည်ဟုဆိုသည်။ ပျောက်ဆုံးနေသော ကော့သောင်းမြို့သားတစ်ဦး၏ မိဘတွေက ထိိုင်းပုလိပ်များကိုတိုင်ကြားခဲ့ပြီး ထိုင်းပုလိပ်တွေက လူကုန်ကူး  သူများကို လိုက်လံဖမ်းဆီးနေသည်ဟု ခနွမ်ဒေသနေ မောင်လင်းမိုကပြောပြသွားပါသည်။

“ဒီခနွမ်ဒေသဘက်မှာဆိုရင် ပုလိပ်တွေက လူကုန်ကူးတွေကို အရမ်းဖမ်းလာကြတယ်၊ အခုကျွန်တော်သိသလောက်တော့ သူတို့ကလူသုံးဦးလောက်ဖမ်းမိထားတယ်၊ လူအတော်များများ ဖမ်းထားတယ်၊ ဒါပေမယ့်သေသေချာချာ စစ်ဆေးမေးမြန်းပြီးမှ လူကုန်ကူးမဟုတ်တဲ့သူတွေကို သူတို့ပြန်လွှတ် လိုက်တယ်၊ လူကုန်ကူးမဟုတ်တဲ့သူတွေကို တရားဝင်လက်မှတ် မရှိလည်း သူတို့မဖမ်းဘဲ ပြန်လွှတ်ပေးတယ်၊ လူကုန်ကူးတဲ့သူတွေဆိုရင် တံဆိပ်နီကပ်ပြီး ထောင်ထဲပို့တယ်၊ ငွေဘယ်လောက်ပေးပေးမလွှတ်ဘူး”

မြန်မာနိုင်ငံတွင် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် ကိုယ့်ဘဝတိုးတက်ဖို့အတွက် ရည်ရွယ်ပြီး ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်ကြတဲ့သူ များလာသော်လည်း ဘဝအာမခံချက် မရှိသည့် အတွက်ကြောင့် လူကုန်ကူးပွဲစားများ၏ အနိုင်ကျင့်ခံ ရောင်းစားခြင်းခံရသည့်ဘဝ ရောက်ခဲ့ကြရသည်။

ထိုင်းနိုင်ငံတွင်မြန်မာပြောင်းရွှေ့အလုပ်သမားနှစ်သန်းနီးပါးရှိသည်ဟုထိုင်းအလုပ်သမားဝန်ကြီးဌါနကထုတ်ပြန်ထားပါသည်။