ပဲခူးတိုင်း နွေရာသီ ရေပြတ်လပ်မှု ပြဿနာ ရင်ဆိုင်နေရဆဲ

ပဲခူးတိုင်း နွေရာသီ ရေပြတ်လပ်မှု ပြဿနာ ရင်ဆိုင်နေရဆဲ
by -
မင်းချမ်း
ယခုနှစ်ထူးကဲသောအပူဒဏ်ကြောင့် ပဲခူးတိုင်းတွင် ရေပြတ်လပ်မှု ပြဿနာ ဆက်လက်ရင်ဆိုင်နေရကြောင်း ဒေသခံများ သတင်းရေးသား ပေးပို့ချက်...

မင်းချမ်း(မေ-၈)။ ။ ယခုနှစ်ထူးကဲသောအပူဒဏ်ကြောင့် ပဲခူးတိုင်းတွင် ရေပြတ်လပ်မှု ပြဿနာ ဆက်လက်ရင်ဆိုင်နေရကြောင်း ဒေသခံများ သတင်းရေးသား ပေးပို့ချက်အရ သိရသည်။

အထူးသဖြင့် ပဲခူးတိုင်းအနောက်ပိုင်း သဲကုန်းမြို့နယ်အပိုင် အင်းမမြို ့အနီးရှိ ရှားယားကုန်း၊ မအူကံ၊ ဖလံကုန်း၊ သီးကုန်း၊ ပျားစည်၊ သာပေါင်း စသည့်ရွာပေါင်း (၃၀) နီးပါး၊ တပတ်ခန့် သောက်ရေသုံးရေ ပြတ်လပ်နေပြီး ဆိုးဆိုးဝါးဝါး ရေဘေးငတ်သည့် ဒုက္ခခံစားနေရကြောင်း အင်တာနက်မှတဆင့် သတင်းရေးသားပေးပို့ခဲ့ကြသည်။

အခြားသတင်းဌာနများတွင်လည်း ပဲခူးတိုင်းအတွင်း ဧကရာဇ်၊ ကျိုက်လတ်၊ နောင်ပတ္တရာ၊ နောင်ကြမ်း၊ ဒေးစွန်ပါ၊ ရှမ်းရွာကြီး၊ မယင်းရွာမ၊ ကံကြီးကုန်း စသည့် ကျေးရွာများတွင်လည်း ရေရှားပါးမှုဒဏ်ကို လက်ရှိခံစားနေရကြောင်း ရေးသားဖေါ်ပြကြသည်။

ပေးပို့သောစာဖေါ်ပြချက်တစ်ရပ်တွင် “အနီးအနားမြို ့များဖြစ်တဲ့ ပေါင်းတည် နတ္တလင်းအင်းမ စတဲ့မြို ့တွေကဒေသခံ ပြည်သူတွေကဘဲ ကိုယ့်အစီအစဉ်နဲ့ ကိုယ် သွားရောက် ရေလှူဒါန်း နေရပါတယ်။ မော်တော်ကား၊ ထော်လာဂျီတွေပေါ်မှာ ပလတ်စတစ်မိုးကာဖျင်များကို ကန်ပြုလုပ်ပြီးရေထည့်ကာသွားရောက် လှူဒါန်း နေကြသော်လဲ လောက်ငအောင် မလှူဒါန်းနိုင်ဘဲ ဒုက္ခရောက်နေကြရပါတယ်” ရေးသားထားပါသည်။

အဆိုပါဒေသများတွင် ရေတွင်းရေကန်များ ရေခမ်းခြောက်ပြီး၊ စက်ရေတွင်းများပင် ရေမထွက်နိုင်တော့ကြောင်း သိရပါသည်။

သို့သော်လည်း အဆိုပါရေပြတ်လပ်မှုပြဿနာများကို သက်ဆိုင်ရာအာဏာပိုင်မှ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရှိရသည်။ တဖန် ဆည်ရေလွှတ်ပေးရန် ရေဘေးဒုက္ခသည်ရွာများမှ တာဝန်ရှိသူများကို အကြိမ်ကြိမ်သွားရောက်ပြောဆိုကြသော်လည်း ယနေ့အထိရေလွှတ်မပေးပါ။

ယခုရေဘေးဒုက္ခရောက်နေသောရွာများသည် တောင်နဝင်းဆည်နှင့် ၀ဲကြီးဆည်ရေသောက် ဒေသများဖြစ်သော်လဲ ၄င်းဆည်ရေများ လွှတ်မပေးသောကြောင့် ဆည်ရေ လွှတ်မြောင်း လက်တံများတွင်ပါ ရေများခမ်းခြောက်နေကြောင်း သိရှိရသည်။

တဖက်တွင်လည်း ပြီးခဲ့သည့် မိုးရာသီတွင် ဆည်ရေကို မတရားလွှတ်ပေးခြင်းတို့ကြောင့် ရေကြီးခြင်း၊ စိုက်ခင်းများ ရေလွှမ်းခံရကာ ပျက်စီးခြင်း စသည့်ဒုက္ခများ ကိုလည်း ရင်ဆိုင်ခဲ့ရကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။