ဟံသာဝတီ နေပြည်တော် ပြန်လည်အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ

ဟံသာဝတီ နေပြည်တော် ပြန်လည်အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ
by -
မင်းချမ်း
ယနေ့တွင်ကျရောက်သော ၂၅၃ နှစ်မြောက် ဟံသာဝတီနေပြည်တော် ပြန်လည်အောက်မေ့ဖွယ် အခမ်းအနားနှင့်ဆုတောင်းမေတ္တာပို့သခြင်းအစီအစဉ်ကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့(ဝင်းကမြို့) နယ်စပ်တစ်နေရာ၌ ယနေ့နံနက်(၈)နာရီတွင်....

ယနေ့တွင်ကျရောက်သော ၂၅၃ နှစ်မြောက် ဟံသာဝတီနေပြည်တော် ပြန်လည်အောက်မေ့ဖွယ် အခမ်းအနားနှင့်ဆုတောင်းမေတ္တာပို့သခြင်းအစီအစဉ်ကို ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့(ဝင်းကမြို့) နယ်စပ်တစ်နေရာ၌ ယနေ့နံနက်(၈)နာရီတွင် ကျင်းပခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံရှိ စံခလပူရီမြို့နေ မွန်တိုင်းရင်းသား(၂၀၀)ခန့် တက်ရောက်သည်ကို တွေ့ရှိခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်အချို့လည်းတက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

အခမ်းအနားတက်ရောက်လာသူ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးနိုင်ဟံသာ မွန်ဘာသာဖြင့် မိန့်ခွန်းတစ်ရပ်ပြောကြားရာတွင် “မွန်တို့ကြမ္မာ မွန်တို့မဖန်တီး နိုင်သရွေ့ ကိုယ်ရေမြေကိုယ့်တိုင်းပြည်မှာ မနေရဘဲ အဲဒီကနေအမြဲတမ်းဘဲ အဖိနှိပ်မှုဒဏ်တွေက လွတ်မြောက်ဖို့ထွက်ပြေးနေရမှာဘဲ” ဟု ဟလော့ဟနီရောက် မွန်ဒုက္ခသည် များ၏ အဖြစ်ကိုကိုယ်းကားပြီး ထိုသို့ပြောကြားခဲ့ပါသည်။

ဟံသာဝတီမွန်နေပြည်တော်ကျဆုံးသည့်စစ်ပွဲတွင် အသက်ပေးခဲ့ရသူများအား အောက်မေ့ဆုတောင်းနေပုံ

စစ်အစိုးရစစ်တပ်များ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာဒေသကို ဝင်ရောက်လာမည်ကိုစိုးရိမ်သဖြင့် ဒေသခံခြောက်ရာနီးပါးခန့် ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ထိုင်း နယ်စပ်ရှိ ဟလော့ဟနီမွန်ဒုက္ခသည်စခန်းသို့ ပြောင်းရွေ့ဝင်ရောက်လာကြခြင်းဖြစ်သည်။

ဟံသာဝတီမွန်နေပြည်တော်ကြီး ဗမာပဒေသရာဇ်တို့သိမ်းပိုက်ခဲ့သည့် လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၃ နှစ်တွင်လည်း စစ်ဘေးပြောင်းရှောင်လာကြသည့် ထောင်သောင်း မကသော မွန်လူမျိူးများ ထိုင်းနိုင်ငံသို့ ယခုလမ်းကြောင်းအတိုင်း ဝင်ရောက်ခဲ့သည့် သာဓကများ ရှိခဲ့သည်။

တက်ရောက်လာကြသော လူထုပရိသာဒ်များ

ဟံသာဝတီမွန်နေပြည်တော်သည် ကောဇာသက္ကရာဇ် ၁၁၁၉ ခုနှစ်၊ ကဆုန်လဆုတ် (၈) ရက်နေ့တွင် ဗမာပဒေသရာဇ်လက်အောက်သို့ အပြီးတိုင်ကျရောက်ခဲ့သည်ဟု သမိုင်းအထောက်အထားများတွင် ဖေါ်ပြကြသည်။

အလားတူ ဟံသာဝတီနေပြည်တော်ပြန်လည်အောက်မေ့ဖွယ်အခမ်းအနားများကို ပြည်တွင်းပြည်ပနေရာအသီးသီးတွင်လည်း နှစ်စဉ်ကျင်းပခဲ့ကြသည်။